မေမေပြောပြတဲ့ Management အကြောင်း
အခုခေတ်နောက်ပိုင်းမှာ Management ဆိုတာ တော်တော်ကိုရေးပန်းစား လူသုံးများတဲ့ စကားလုံးဖြစ်လာတာ ကိုတွေ့ရပါတယ်။ တကယ်တော့လည်း စီမံခန့်ခွဲမှုဆိုတာ နေရာတိုင်းမှာ လိုအပ်သလို နေရာတိုင်းမှာ ရှိနေပါတယ်ပါတယ်။ ကျမတို့တွေဟာ မွေးဖွားလာချိန်ကတည်းကစပြီး အမေ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကြီးပြင်းလာကျရတယ်လို့ ပြောရင် မှားမယ်လို့ မထင်ပါဘူးနော်.... Management ကို ပညာရှင်ကြီးများက အဓိပွာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျသလို ဆောင်းပါတွေ စာတမ်းတွေ စာအုပ်တွေ အမျိုးမျိုးထုတ်ဝေ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ Management အကြောင်းရေးသားထားကို ဘယ်လိုပုံစံနဲ့ပဲရေးရေး ဖတ်လို့ကောင်းသလို ပညာဗဟုသုတလည်း အများကြီးရပါတယ်။ ကျမကို ကိုသန့်ဇင်ဦးက Management အကြောင်းရေးပေးပါတဲ့ …ကျမတော်တော်လေးစိတ်ညစ်သွားတယ်၊ တကယ့်ပညာရှင်ကြီးတွေ ပုံစံအမျိုးမျိုးနဲ့ရေးသားနေကျတဲ့ Management ကို ကျမလို မိုးလင်းက နေမိုးချုပ် အလုပ်ထဲမှာပဲနစ်မြှပ်ပြီး ဘာစာပေဗဟုသုတမှလဲမရှိ စာဖတ်ချိန်လည်းမရှိ ကိုးကားစရာ စာအုပ်တွေကလည်း အဆင်သင့်မရှိ ၊ ရှာဖွေချိန်လည်းမရှိ၊ ရှိခဲ့ရင်တောင်မှလည်း ကျမလိုမဖြစ်ညစ်ကျယ် ညဏ်ကလေးနဲ့ဒီလို Management အကြောင်းကို ဘယ်လိုရေးလို့ ရမလဲနော်...ကိုသန...