Posts

Showing posts from October, 2009

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-3

Image
ထိန်းသိမ်းစောင့်ရှောက်ခြင်း နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။ အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။ ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိ

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-2

Image
မြေဆီလွှာ ပြင်ဆင်ခြင်း နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(ဓာတ်မြေသြဇာ) တွေများစွာ ပါဝင်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်၀နေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။ နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓာတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓာတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့ ဓာတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓာတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။) သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကေ

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-1

Image
မြေခင်းအလှပညာမှာ ပန်းပင်သစ်ပင်တွေစိုက်ပျိုးခြင်းက အထူးပင်အရေးကြီးလှပါတယ်။ အလှပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ရနံ့၊ အဆင်းတို့ ရောနှောခံစားခွင့် ရရှိပါတယ်။ လတ်ဆက်သောလေ နှင့်အတူ သင်းပျံ့တဲ့ ပန်းရနံ့တွေက ထိုနေရာရောက်လာသူကို ကြည်လင်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေထဲမှာ ရိုစီ(Roses) လို့ခေါ်တဲ့ နှင်းဆီပန်းပင် စိုက်ပျိုးနည်းအကြောင်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော့ရဲ့ စာတွေ့အသိနှင့်သာပြောပြနိုင်မှာပါ။ လက်တွေ့ စိုက်ပျိုးဖူးတဲ့သူတွေ၊ ဥယျာဉ်မှူးတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ နောက်... ကျနော့ထက် လေ့လာဖတ်ရှုအားကောင်းတဲ့သူတွေ ဒီစာလေးဖတ်ပြီး လိုအပ်တာ၊ မှားယွင်းတာများရှိရင် ပြင်ဆင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ အသိအနည်းငယ်ကို မျှဝေခြင်းမို့ မပြည့်စုံဘူး ဆိုတာကိုလည်း ကြိုတင်ပြောကြားထားပါရစေခင်ဗျာ။ ပန်းအလှများစွာထဲမှာ အထင်ရှားဆုံးလူသိအများဆုံးဟာ နှင်းဆီပန်းဆိုရင် လက်ခံနိုင်မယ်ထင်ပါတယ်နော်။ နှင်းဆီပန်းကို မနှစ်သက်သူများလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လှပတဲ့ အဆင်းနှင့် သင်းပျံ့စူးရှစွဲဆောင်အားကောင်းလှတဲ့ မွှေးရနံ့ကတော့ လူအတော်များများကို အရူးအမူး အသဲခိုက်စေတာပါ။ အဲဒီ