Posts

Showing posts from March, 2011

Design and Ideology _ 1st Newsletter

Image
ဒီဇိုင်း နှင့် အိုင်ဒီယော်လိုဂျီ (Design and Ideology) ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။ ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတ