Posts

Showing posts from November, 2008

အိမ်တွင်းအလှဒီဇိုင်းပညာရှင်

Image
အဆောက်အဦးတစ်ခု၏နံရံ၊ ပြတင်းပေါက်၊တံခါး အတွင်းပိုင်းမည်သည့် နေရာမျိုး မဆိုတွေ့ရသောပရိဘောတပ်ဆင်ခင်းကျင်းပြသမူ နှင့် အလင်းရောင်အလှဆင်ခြင်းတို့သည် အိမ်တွင်းအလှဆင် ပညာ၏ အဓိကလုပ်ငန်းပင်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သုံးစွဲသူ အဆောက်အဦးပိုင်ရှင်များအတွက် ပိုမိုလှပ ခေတ်မီှီအောင် အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက အသက်ဝင်အောင် အသေးစိတ် စိတ်တိုင်းကျဖန်တီး တီထွင်ပေးနေပါသည်။ အများပြည်သူများနေထိုင်ရာဂေဟာများ၊ ဆေးရုံများ ၊ကျောင်းများ၊အသင်းအဖွဲနှင့်ဆိုင်သောနေရာများ နှင့်ဟိုတယ်၏ အတွင်းပိုင်းနေရာများကို အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက ဒီဇိုင်းရေးဆွဲပေးနေကြပါသည်။ အိမ်တွင်းအလှ တန်ဆာဆင်မှု ဆိုသည်မှာ ပရိဘောဂ၊ ကြမ်းခင်း၊ ပြတင်းပေါက်ဖွဲစည်းပုံ၊ အလင်းရောင် ၊စသည့်ဖြင့် ပြီးပြည့်စုံအောင် အလှဆင်ရာတွင်၊ အနေအထားနှင့် ကာလာရွေးချယ်မှု ရှုပ်ထွေးမှု မရှိအောင် တိကျပြတ်သားသော အနုပညာလက်ရာဖြစ်ပါသည်။ ယခုအခါအဆောက်အအုံများ၊ ကြမ်းခင်းနှင့် အိမ်တွင်းပြုပြင်မွှမ်းမံခြင်းများ ဆောင်ရွက်ရာတွင် စံသတ်မှတ်ချက်တစ်ခုအဖြစ် အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက ဗိသုကာဆိုင်ရာ အနုစိတ်မွှမ်းမံမှုတွင ပါဝင်ရာမည့်အချက်အလက်များကို မဖြစ်မနေ အက