Posts

Showing posts with the label Architectural

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

Image
သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature) ဗိသုကာ ဆိုင်ရာ ထုသွင် Forms များနှင့် ပုံသဏ္ဍာန် Shapes များဖြစ်တဲ့ အမျိုးမျိုးသော Cone, Cube, cylinder, sphere နှင့် pyramid အစရှိတဲ့ ပုံများအတွက် သဘာဝလောကကြီးဟာ စံပြုစရာ Model တစ်ခုလိုပါပဲ။ ထို့အပြင် ဂျီသြမေတြီ ပုံမဟုတ်တဲ့ ဗိသုကာ Forms များအတွက်လည်း သဘာဝတရားကြီးသာ အတုယူစရာ၊ နမူနာယူစရာ၊ Model ဖြစ်နေပါတယ်။ (ယူကလစ်ဒီရမ်) သဘာဝတရားဆိုတာ ဘာများပါလိမ့် ဆိုတဲ့ အမေးများရှိလာခဲ့မယ်ဆိုရင်... ဒီနေရာမှာ ရုပ်ဝတ္တုပိုင်း အားဖြင့် လူသားတို့ ဖန်တီးထားတာ မဟုတ်တဲ့ ကမ္ဘာမြေပြင်နှင့် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်း အားလုံးကို ဆိုလိုပါတယ်။ ဥပမာ ဆိုရရင် နေ၊ လ၊ နက္ခတ် တာရာများ အပါအဝင် ကောင်းကင်ပြင်ကြီး နှင့် မိုးသား တိမ်လိပ်၊ တိမ်စိုင်များ။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်၊ ပန်းပင်၊ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ဖက် အစရှိတဲ့ အရာများ၊ ကျောက်တုံး၊ ကျောက်စိုင်၊ ကျောက်ခဲ အစရှိတဲ့ အရာများ၊ ပင်လယ်သမုဒ္ဒရာအတွင်း မှီတင်းနေထိုင်ကြတဲ့ ခရုခွံ၊ ကမာခွံ အစရှိတဲ့ သက်ရှိ နှင့် သက်မဲ့ရုပ်ကြွင်းများ။ လူသားနှင့် သက်ရှိတို့၏ ဖန်တီးမှုကြောင့် မဟုတ်ပဲ ဆန်းကြယ်သော သဘာဝ ဖြစ်စဉ်အရ အလိုအလျှောက် ဖြစ်ပေါ်တ...

ပြင်ညီမျက်နှာပြင်များ(Planes)

Image
ပြင်ညီမျက်နှာပြင်ကို ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းအတော်များများမှာ တွေ့နိုင်ပါတယ်။ နံရံ(Walls)၊ မျက်နှာကြက်(Ceilings)၊ ကြမ်းခင်း(Floors)စတဲ့ အရာတွေလို မျက်နှာပြင် ညီညာပြန့်ပြူးနေတဲ့ အရာ အားလုံးကို ပြင်ညီမျက်နှာပြင်(Planes) များအဖြစ်သတ်မှတ်ပါတယ်။ ပြင်ညီဆိုတာ ဘယ်လိုဖြစ်နိုင်သလဲ။ ပြင်ညီတစ်ခုကို ဖန်တီးမယ်ဆိုရင် ဘယ်လိုဖန်တီးနိုင်မလဲ။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မြေဖြူတစ်ချောင်းနှင့် သင်ပုန်းတစ်ချပ်ပေါ်မှာ မျဉ်း(line) တစ်ကြောင်းဆွဲသားနိုင်တယ်ဆိုတာ သိမှာပါ။ အဲဒီမြေဖြူကို သင်ပုန်းမျက်နှာပြင်ပေါ်မှာ လှဲကိုင်လိုက်ပြီး မျဉ်းဖြောင့် ဆွဲသလို ရှပ်တိုက် ဆွဲလိုက်မယ်ဆိုရင် ပြင်ညီ(plane) တစ်ခုအဖြစ်ဆွဲသားပြီး ဖြစ်သွားပါတယ်။ နောက် ဥပမာအနေနှင့် အပေါ်ကို ခေါက်တင်ထားသော ယင်းလိပ်(သို့မဟုတ်) လိုက်ကာ တစ်ခုကို အောက်သို့ဖြေချလိုက်ခြင်းဟာလည်း ပြင်ညီ(plane) တစ်ခုဖြစ်ပေါ်နိုင်စေတာပါပဲ။ ပုံသဏ္ဍာန် shapes အမျိုးမျိုးရှိတဲ့ ပြန့်ပြူးတဲ့ အရာဝတ္ထုတွေကို ကျနော်တို့တွေ တွေ့ဖူးမြင်ဖူးကြမှာပါ။ အဲဒီ Shapes တွေဟာ ပြင်ညီ(plane) ရဲ့ သွင်ပြင်လက္ခဏာတစ်ခုပါပဲ။ ဒါကြောင့် ပြင်ညီ(plane) ဆိုတာကို အမည်အမျိုးမျိုးနှင့် ရှိန...

The Function(ဆောင်တာ) နှင့် The Form(ထုသွင်)

Image
The Function(ဆောင်တာ) နှင့် The Form(ထုသွင်) ဆရာ ဒေါက်တာလွင်အောင်က Function ဆိုတဲ့ စကားလုံးကို ဆောင်တာ လို့ဘာသာပြန်ထားတာ ဗိသုကာဒဿန ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုခဲ့ရပါတယ်။ အဲဒီကနေ ဆောင်တာဆိုတဲ့ စကားလုံးလေးကို ယူထားပါတယ်။ အဆောက်အအုံတစ်လုံးရဲ့ ဆောင်တာ Function ဆိုတာ အဲဒီအဆောက်အအုံရဲ့ ထုသွင် Form အတွက် အင်မတန် လွှမ်းမိုးမှုရှိပါတယ်... ဆိုသော အချက်ကို ကျနော်တို့တစ်တွေ သတိထားမိပါသလား။ အဲဒီအကြောင်းကို ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံများထဲမှ ဆပ်ကပ်တဲများကို လေ့လာကြည့်မယ်ဆိုရင် Function နှင့် Form တို့အတွက် အကောင်းဆုံးနှင့် အသင့်လျှော်ဆုံး ဥပမာပင်ဖြစ်ပါတယ်။ ဆပ်ကပ်တဲ တွေဟာ သာမန်မဟုတ်တဲ့ Function တွေလိုအပ်တဲ့ အဆောက်အအုံ တစ်မျိုးပါ။ ဆပ်ကပ်အဖွဲ့သားတွေ မြို့ရွာထဲမှာ ရောက်ရှိလာရင် မြို့ထဲမှာပဲ တည်ဆောက်ထားရှိရပါတယ်။ နောက် ရက်အနည်းငယ် စတည်းချ နေထိုင်ကြရပါမယ်။ အဲဒီနောက် ပြပွဲပြသပြီးချိန်မှာတော့ ပြန်လည်ထုတ်ပိုးပြီး အဲဒီနေရာက စွန့်ခွါလို့ တခြားအရပ်ကို ပြောင်းရွေ့ကြရ ပြန်ပါတယ်။ အဲဒီတော့ အဲဒီဆက်ကပ်ရုံမှာ ဆပ်ကပ်ပွဲကို လာရောက်ကြည့်ရှု့တဲ့ လူပေါင်းများစွာကို မိုးဒါဏ်၊ လေဒါဏ်၊ နေဒါဏ်တို့မှ လုံခြုံအ...

ဝန်းကျင်ထဲက ဗိသုကာ

Image
ဝန်းကျင်ထဲက ဗိသုကာ (Architecture in Environment) ဒီပိုစ့်မှာ ပထမဆုံးပြောချင်တာက Environment ပတ်ဝန်းကျင်ဆိုတာဘာလဲက စလိုက်ပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ဘာလဲမေးရင် ကိုယ်နေတဲ့နေရာပေါ့ လို့အလွယ်ဖြေမိမယ်ထင်ပါတယ်။ Wiki မှာတော့ Environment အကြောင်းက ို “In general, environment refers to the surroundings of an object.” လို့ဆိုထားပါတယ်။ နောက်ထပ်ပြီး Environment may refer to: * The natural environment, all living and non-living things that occur naturally on Earth * Built environment, constructed surroundings that provide the setting for human activity, ranging from the large-scale civic surroundings to the personal places * Environment (biophysical), the physical and biological factors along with their chemical interactions that affect an organism * Environment (systems), the surroundings of a physical system that may interact with the system by exchanging mass, energy, or other properties * Environmental art * Environmental determinism * Environmental policy * Environmental psychology * Environ...

ကွဲပြားခြားနားမှု (Contrast )

Image
အဖြူတွေကြားမှ အနက်တစ်စက်သည်လည်းကောင်း၊ အနက်တွေကြားမှ အဖြူတစ်စက်သည်လည်းကောင်း၊ သိုးဖြူအုပ်ကြားမှာ သိုးမည်းတစ်ကောင်ပါလာခြင်းသည်လည်းကောင်း၊ သိုးမည်းအုပ်ကြားမှသိုးဖြူ တစ်ကောင်သည်ပါလာခြင်းသည်လည်းကောင်း၊ အများနှင့်မတူ တမူထူးခြားနေခြင်း၏ ထင်ရှားသိသာစေသော၊ အမြင်အာရုံကိုဂရုပြုမိစေနိုင်သော Contrast ၏ ဥပမာ သဘောတရားများပင်ဖြစ်သည်။ ဗိသုကာပညာရပ်၌ Contrast (ကွဲပြားခြားနားမှု)ကို အထူးဂရုပြုစေလိုတဲ့ နေရာတွေမှာ တနည်းပြောရရင် အခြားအရာတွေထက် သိသာထင်ရှားစေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုတတ်ကြပါတယ်။ ဗိသုကာအများစုဟာ Contrast ရဲ့သဘောကို Entry (ဝင်ပေါက်)များ၊ Exit (ထွက်ပေါက်)များ ၊ သီးခြားအခန်းများ သို့မဟုတ် တစုံတရာ အရေးကြီးသော အရာတို့ကို သိသာထင်ရှားအောင် ပြသလိုသောအခါမှာ အသုံးပြုတတ်ကြပါတယ်။ ထင်ရှားတဲ့ ဗိသုကာပညာရှင်ကြီး Frank Lloyd Wright ကို California ပြည်နယ် San Francisco မြို့မှာရှိတဲ့ Morris Shop ငယ်လေးကို ဒီဇိုင်းပြုလုပ်ဖို့ အပ်နှံခြင်းခံရပါတယ်။ သူ့ကို Shop ငယ်လေးတည်ဆောက်မယ့် နေရာ Location ပြတယ်။ နောက် လမ်းအထက်ပိုင်းနှင့် အောက်ပိုင်းမှာရှိနေတဲ့ အခြားစတိုးဆိုင်ကြီးတွေနှင့် အခြားထူးခြားတဲ့ အရာတွေကို ထပ်ပြပေးပ...