Posts

Showing posts from February, 2010

EDGES ( အစွန်းအနားသတ်များ )

Image
ပုံသဏ္ဍာန် (shapes) တွေနှင့် ပြင်ညီ (planes) တွေရဲ့ အပြင်အနားသတ်တွေကို အစွန်းအနားသတ် (edges) လို့ခေါ်ကြပါတယ်..။ Edges လို့ ပြောတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ အရာဝတ္ထုများစွာရဲ့ ဆက်နွယ်မှုတွေ နားလည်နိုင်ခြင်းကို edges များက အဆုံးအဖြတ် ပေးပါတယ်...။ ကျွမ်းကျင်တဲ့ ဒီဇိုင်နာကောင်းတွေမှသာ အမြင်ဆိုင်ရာ အကျိုးသက်ရောက်မှုမှာ edges များရဲ့ အရေးပါမှုကို နားလည်နိုင်ပါတယ်.။ Edges ... အမျိုးအစားများစွာရှိပါတယ်... lines, contours, value contrast, texture, colour and harmory.... စတာတွေရဲ့ ဆက်သွယ်ချက်တွေကို ဆုံးဖြတ်ရာမှာ edges ကိုနားလည်နိုင်ခြင်းက များစွာ အရေးပါပါတယ်...။ အစွန်းသတ် (edges) နှစ်ခု(သို့မဟုတ်) နှစ်ခုထက်ပိုပြီးတွေ့ဆုံမယ်ဆိုရင် အဲဒီတွေ့ဆုံတဲ့နေရာကို ဖော်ပြဖို့ မျဉ်းတစ်ကြောင်းအနေနဲ့ ပြရပါတယ်..။ အမှန်တကယ် အဲဒီ ဆုံတဲ့နေရာမှာ မျဉ်းအဖြစ် ရှိမနေရင်တောင်မှ အဲဒီလို ဖော်ပြတတ်ပါတယ်။ ပြင်ညီတစ်ခုဟာ ထောင့် (corner) အဖြစ် ချိုးသွားရင်ဖြစ်စေ၊ colour , value သို့မဟုတ် texture ပြောင်းသွားရင်ဖြစ်စေ၊ အခြား ပြင်ညီတစ်ခုနဲ့ တွေ့ဆုံရင်ပဲ ဖြစ်စေ အဲဒီလို edges တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဖောင်းအခုံး များရဲ့ edges