Posts

Showing posts from March, 2010

ထပ်တလဲလဲ ပြုလုပ်ခြင်း

Image
ထပ်တလဲလဲ ပြုလုပ်ခြင်း (Repetition) Repetition လုပ်ခြင်းကို ကျနော်တို့တွေ အတော်များများ တွေ့ဖူးကြမှာပါ...။ အဆောက်အအုံ planning တွေလုပ်ရာမှာလည်း ရံဖန်ရံခါပြုလုပ်တတ်ကြပါတယ်...။ အထပ်ထပ်ကြိမ်ဖန်လုပ်ခြင်း Repetition ဆိုတာ ကျနော်တို့တွေ တစ်စုံတစ်ခုကို ထပ်တလဲလဲ အသုံးပြုနေတာကို Repetition လို့ခေါ်တာပါ...။ Repetition ဟာ ဗိသုကာပညာမှာ အများဆုံးအသုံးပြုဖြစ်တဲ့ စည်းမျဉ်းတစ်ခုပါ..။ Repetition ပြုလုပ်ရာမှာ အရာဝတ္ထုပစ္စည်း အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး Repeate လုပ်နိုင်ပါတယ်...။ size, shape, space, colour, texture နှင့် value စတဲ့ အရာတွေကို တူညီသော အရေအတွက်၊ အရောင်အဆင်း၊ အရွယ်အစား၊ ပုံသဏ္ဍာန် စသည်ဖြင့် အကြိမ်ကြိမ် ထပ်တလဲလဲ အသုံးပြုပေးခြင်းဖြင့် Repetition ပြုလုပ်ပေးနိုင်ပါတယ်...။ ဗိသုကာတွေဟာ သူတို့တည်ဆောက်တဲ့ အဆောက်အအုံတွေမှာ တံခါးများ၊ ပြူတင်းပေါက်များ၊ ထုတ်တန်းများ၊ တိုင်းလုံးများ၊ ဖောင်းကြွများ၊ ဂုံးကျော်များ၊ ပေါင်းမိုးများ၊ မုခ်ဝများ စတဲ့ အစိတ်အပိုင်းတွေကို အကွာအဝေးညီညီထားခြင်း၊ အရွယ်အစားညီညီထားခြင်းဖြင့် Repetition ကိုပုံဖော်ကြပါတယ်...။ Repetition ကို ဂီတတွေမှာ ထင်ထင်ရှားရှားနားဆင်နိုင်ပါတယ်.

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)

Image
ဗိသုကာဆိုင်ရာ အဆောက်အဦးများ အိမ်များဟာ ကျနော်တို့ အားလုံးအပေါ်မှာ အင်မတန်လွှမ်းမိုးမှုရှိပါတယ်...။ အဲလို လွှမ်းမိုးအောင်လုပ်ဆောင်နိုင်ခြင်းကပဲ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်တည်ဆောက်ခြင်း (Built Environment) ပင်ဖြစ်ပါတယ်...။ အဲဒီအကြောင်းကို အကျယ်မပြောခင်မှာ ကျနော်ပုံပြင်လေးနှစ်ပုဒ်ကို ရှေးဦးတင်ပြချင်ပါတယ်....။ ဗိသုကာအကြောင်းမပြောခင် ပုံပြင်လေးတွေ ပြောတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်...။ တချို့လည်းသိဖူး ကြားဖူး ဖြစ်ချင်ဖြစ်ပါမယ်...။ ပထမပုံပြင်လေးက "The Three Bears" ဆိုတဲ့ ပုံပြင်လေးပါ...။ တခါတုန်းက ဂိုဒီလော့ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့...။ တနေ့မှာ သူတောထဲကိုလမ်းလျှောက်ထွက်လာရင်း မကြာခင်မှာ အိမ်လေးတစ်လုံးကိုတွေ့ရတယ်...။ အဲဒီတော့ ဂိုဒီလော့လေးဟာ အသံပေးခေါ်ကြည့်၊ တံခါးခေါက်ကြည့်တာ ဘယ်သူမှမတွေရဘူး..။ ဒါနဲ့ အိမ်ထဲကိုဝင်လာခဲ့တယ်လေ...။ အိမ်ထဲရောက်တာနဲ့ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ ဆန်ပြုတ်သုံးပန်းကန်ကိုတွေ့တာပေါ့...။ အဲဒီတော့ သူလည်းဆာဆာနှင့် စားမယ်ဆိုပြီး ပထမပန်းကန်လုံးကို မြည်းကြည့်လိုက်တယ်...။ “ အားလား...ပူလိုက်တာ” သူမအလန့်တကြားအော်လိုက်မိတယ်....။ နောက်တော့ ဒုတိယ ခွက်ကိုလှမ်းလိုက်တယ်....။

ဖိုရမ် အဆောက်အအုံ

Image
ဒီနေ့ ရုံးပိတ်ရက် ဆိုတော့ ကျနော် အေးအေးဆေးဆေးနားရင်း စာအုပ်တွေ ထိုင်ဖတ်လို်က်... ဝပ်ဆိုက်တွေ ဝင်ကြည့်လိုက်... ဒီဇိုင်းအကြောင်းလေးတွေ စဉ်းစားလိုက်လုပ်ရင်းအားလပ်ချိန်ကို အပြည့် အဝ အသုံးချနေမိပါတယ်...။ ကျနော့သူငယ်ချင်း MMO ကို ရုံးပိတ်ရက် အလည်ခေါ်ထားတော့ သူ့ကိုစောင့်ရင်း ဟိုတွေးဒီတွေးပေါ့..။ ရာသီဥတုလေးကလည်းကောင်းတော့ ဘာညာသရကာလေး မှီဝဲရမလားလည်း ကြံစည်နေမိသဗျ....။ ကိုယ့်လူကလည်း စိန်ခေါ်ရင် ဘွာမခက်သူဆိုတော့ အတော်ညှိုနေရမယ်ဆိုတာ တွေးနေမိတယ်...။ Smiley စာဖတ်နေရင်း တယ်လီဖုန်းက ဆဲဗင်းဒေးသီချင်းသံထွက်လာတော့ ... ဘော်ဒါကြီးလာပြီဆိုတာ အတတ်သိလိုက်ပြီ...။ ခဏနေတော့ အိမ်ရှေ့က တံခါးခေါက်သံ ကြားတာနဲ့ စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်...။ ဟူးခနဲ သက်ပြင်းချသံနှင့် ကျောပိုးအိပ်ကို ဆွဲရင်အိမ်ထဲရောက်မဆိုက် MMO ပြောလိုက်တာက.... MMO : ကိိုသန့်ဇင်ရေ... ကျနော်တို့တွေလည်း ဖိုရမ်မှာ စာမရေးဖြစ်တာအတော်ကြာပြီနော်...။ MTZO: အေးဟုတ်တယ်... ဒါနဲ့ ကျနော်ဖတ်ထားမိတာလေး တစ်ခုရှိတယ်ဗျ...။ MMO : အင်း ဟုတ်လား... ဘာများလဲ... ကောင်းရင်တင်ရအောင်လေ....။ MTZO: ကျနော်ဖိုရမ်ကို တနေ့က ဝင်မွှေတော့ Amazing Buil

နှိုင်းယှဉ်ခြင်း(Comparing)

Image
နှိုင်းယှဉ်ခြင်း(Comparing) အရာဝတ္ထုများရဲ့ အရွယ်အစား(The Size of Things) ကိုခန့်မှန်းသိရှိနိုင်ခြင်းကလည်း ဗိသုကာ ဒီဇိုင်းနာ တစ်ယောက်အတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျနော်တို့အနေနဲ့ အရာဝတ္ထုတစ်ခုရဲ့ အတိုင်းအတာကို အခြားအတိုင်းအတာသိတဲ့ အရာဝတ္ထုတစ်ခုနှင့် နှိုင်းယှဉ်ဖြင့် အဲဒီအရာဝတ္ထုရဲ့အတိုင်းအတာကို အကြမ်းခန့်မှန်း သိရှိနိုင်ပါတယ်...။ ဗိသုကာတွေဟာ အရာဝတ္ထုတွေကို နှိုင်းယှဉ်ပြီး တစ်ခုနှင့်တစ်ခု Size များရဲ့ ဆက်သွယ်ချက်တွေကို Adjust လုပ်ခန့်မှန်းနိုင်ရပါမယ်။ ဒါမှသာ အရာဝတ္ထုတွေရဲ့ အလေးချိန် weight ကိုပါနားလည် မှန်းဆနိုင်မှာပါ။ အဲလိုနားလည်မှသာ ဘယ်လိုလေးလံတဲ့ အရာဝတ္ထုဟာ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ ၊ နောက် ခံနိုင်အား Strengh နှင့် အချိုးအဆ Scales စသည်ဖြင့် မှန်းဆနိုင်ပါ့မယ်။ အဆောက်အဦးတစ်ခု သို့မဟုတ် မြို့ကြီးတစ်မြို့ရဲ့ အစိတ်အပိုင်း နေရာအနှံမှာရှိတဲ့ ပစ္စည်းတွေရဲ့ အရွယ်အစားတွေကို သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အခြားအရာဝတ္ထုတွေနှင့် နှိုင်းယှဉ်လေ့လာတဲ့ အလေ့အကျင့်လေးကို ကျနော်တို့တစ်တွေ ပြုလုပ်သင့်ပါတယ်။ အရာအဝတ္ထုတစ်ခုဟာ ဘယ်လောက်ကြီးတယ်၊ ငယ်တယ်ဆိုတာကို အခြားအရာ ဝတ္ထုတစ်ခုနဲ့နှိုင်းယှဉ်ရင် အလွယ်တ

အခြေခံ Geometric Shapes လေးမျိုး

Image
အခြေခံ Geometric Shapes လေးမျိုး ဗိသုကာတွေဟာ စတုရန်း(Squares), စက်ဝိုင်း(Circles), အစက်(Points) နှင့် တြိဂံ (Triangle) စတဲ့ အခြေခံ ဂျီသြမေတြီ ပုံစံလေးမျိုးကနေ ဖြစ်ပေါ်လာတဲ့ ပုံစံ(Forms) အမျိုးမျိုး၊ ပုံသဏ္ဍာန်(Shapes) အမျိုးမျိုးကို အသုံးပြုပြီး သူတို့ရဲ့ ဒီဇိုင်းတွေကို ပုံဖော်တည်ဆောက်ကြပါတယ်။ ဒီဇိုင်နာအားလုံးဟာ အဲဒီအခြေခံ ပုံစံလေးမျိုးရဲ့ အသုံးဝင်မှုကို ကောင်းစွာနားလည်သဘောပေါက်ကြပါတယ်။ - အခြေခံ စတုရန်း(Squares) ပြင်ညီ plain တစ်ခုကို အညီအညာ စုပုံထပ်လိုက်မယ်ဆိုရင် ကုဗတုံး(cube) သို့မဟုတ် ၊ သေတ္တာ (box) တစ်ခုအဖြစ်ရရှိမှာပါ။ - အခြေခံ စက်ဝိုင်း(Circles) ပြင်ညီ plain တစ်ခုကို အညီအညာ စုပုံထပ်လိုက်မယ်ဆိုရင် ထုလုံးရှည်(Cylinder) တစ်ခုအဖြစ် တွေ့မြင်ရမှာပါ။ - စက်ဝိုင်း(Circles) အကြီးတစ်ခုမှ အစဉ်လိုက် သေးငယ်သွားသော စက်ဝိုင်းလေးတွေ စုပုံထပ်လိုက်ပြီး အဆုံးမှာ Point တစ်ခုအဖြစ်ထားလိုက်မယ်ဆိုရင် ထုလုံးချွန် (Cone) တစ်ခုအဖြစ်ရရှိပါမယ်။ - ထို့အတူ စတုရန်း(Squares) အကြီးတစ်ခုကို နောက်ဆုံး point လေးတစ်ခုအဖြစ်ထိ စုပုံထပ်လိုက်မယ်ဆိုရင် ပိရမစ် (Pyramid) တစ်ခုအဖြစ်ရရှိအုန်းမှာပါပဲ...။ - နောက် တစ်မျိုးက စက်ဝို