ထပ်တလဲလဲ ပြုလုပ်ခြင်း

ထပ်တလဲလဲ ပြုလုပ်ခြင်း (Repetition)



Repetition လုပ်ခြင်းကို ကျနော်တို့တွေ အတော်များများ တွေ့ဖူးကြမှာပါ...။ အဆောက်အအုံ planning တွေလုပ်ရာမှာလည်း ရံဖန်ရံခါပြုလုပ်တတ်ကြပါတယ်...။
အထပ်ထပ်ကြိမ်ဖန်လုပ်ခြင်း Repetition ဆိုတာ ကျနော်တို့တွေ တစ်စုံတစ်ခုကို ထပ်တလဲလဲ အသုံးပြုနေတာကို Repetition လို့ခေါ်တာပါ...။ Repetition ဟာ ဗိသုကာပညာမှာ အများဆုံးအသုံးပြုဖြစ်တဲ့ စည်းမျဉ်းတစ်ခုပါ..။ Repetition ပြုလုပ်ရာမှာ အရာဝတ္ထုပစ္စည်း အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး Repeate လုပ်နိုင်ပါတယ်...။



size, shape, space, colour, texture နှင့် value စတဲ့ အရာတွေကို တူညီသော အရေအတွက်၊ အရောင်အဆင်း၊ အရွယ်အစား၊ ပုံသဏ္ဍာန် စသည်ဖြင့် အကြိမ်ကြိမ် ထပ်တလဲလဲ အသုံးပြုပေးခြင်းဖြင့် Repetition ပြုလုပ်ပေးနိုင်ပါတယ်...။ ဗိသုကာတွေဟာ သူတို့တည်ဆောက်တဲ့ အဆောက်အအုံတွေမှာ တံခါးများ၊ ပြူတင်းပေါက်များ၊ ထုတ်တန်းများ၊ တိုင်းလုံးများ၊ ဖောင်းကြွများ၊ ဂုံးကျော်များ၊ ပေါင်းမိုးများ၊ မုခ်ဝများ စတဲ့ အစိတ်အပိုင်းတွေကို အကွာအဝေးညီညီထားခြင်း၊ အရွယ်အစားညီညီထားခြင်းဖြင့် Repetition ကိုပုံဖော်ကြပါတယ်...။



Repetition ကို ဂီတတွေမှာ ထင်ထင်ရှားရှားနားဆင်နိုင်ပါတယ်...။ အဲဒီလို သံစဉ်တစ်ခု၊ တီးကွက်တစ်ခုကို အဖန်ဖန် Repeate လုပ်တီးခတ်ခြင်းကို ရစ်သမ်(rhythm) ကျတယ်လို့ ဆိုပါတယ်...။ ရစ်သမ်ကျတဲ့ ဂီတတွေကို သေချာအာရုံစိုက်ပြီး နားထောင်ကြည့်နိုင်ပါတယ်ခင်ဗျာ...။
ဗိသုကာတွေကတော့ အရာဝတ္ထုတွေ အစီအစဉ်တကျ (Order) ဖြစ်အောင် Repetition အကြိမ်ကြိမ်ပြုလုပ်ပြီး အသုံးပြုကြပါတယ်...။ အဲဒီလိုပြုလုပ်နိုင်ခြင်းဟာ အမြင်ဆိုင်ရာ ရစ်သမ်မိခြင်း (visual rhythm) လို့ ဆိုနိုင်ပါတယ်...။ ပုံမှာရှိတဲ့ Paris မှာရှိတဲ့ Louvre ပြတိုက်ကြီးရဲ့ ပုံကိုလေ့လာကြည့်ပါခင်ဗျာ...။ ဘယ်အစိတ်အပိုင်းတွေက Repetition ဖြစ်နေသလဲဆိုတာ စမ်းစစ်ကြည့်ကြပါ...။





ဗိသုကာတွေဟာ တူညီတဲ့ ခန်းဖွင့်(Span) တွေ၊ Spaces တွေကို အထပ်ထပ်ပြုလုပ်ပြီး မော်ဂျူး (module) အဖြစ်ပြုလုပ်ဖန်းတီးတတ်ကြပါတယ်...။ အထူးသဖြင့် အဆောက်အအုံ ပန္နက်ပုံဆွဲရာမှာ များစွာ အသုံးပြုတတ်ကြပါတယ်...။



ဗိသုကာတွေဟာ ဘာကြောင့်များ Repetition ကို အကြိမ်ကြိမ်လုပ်တတ်ကြသလဲ။ အဓိကကတော့ အဆောက်အအုံ ဆောက်လုပ်ချိန်မှာ ကုန်ကျစာရိသက်သာလို့ပါပဲ။ ဘာကြောင့် သက်သာသလဲဆိုရင် အခန်းတစ်ခန်းပြုလုပ်ပြီးချိန်မှာ ကျန်တဲ့ အခန်းတွေလုပ်တော့ ပုံစံတူဖြစ်နေတာကြောင့် ကျွမ်းကျင်စွာလုပ်နိုင်လာလို့ပါ..။ အဲနောက် အဆောက်အအုံတွေအတူတူ ပြုလုပ်ခြင်း၊ ဘလော့တွေ ပုံစံတူပြုခြင်းဟာလည်း ထိုနည်းလည်းကောင်းပါပဲ..။

နောက်တစ်ချက်ကတော့ ဆောက်လုပ်ချိန် (Construction Time) မြန်မြန်ပြီးစီးအောင်လည်း ဗိသုကာတွေ Repetition ကိုသုံးကြတတ်ပါတယ်...။ ဆောက်လုပ်သူတွေ အနေနဲ့လည်း တစ်မျိုးတည်းကို အကြိမ်ကြိမ်လုပ်လာရတဲ့အတွက် လုပ်ငန်းကျွမ်းကျင်မှုနှင့် လွယ်ကူတဲ့နည်းစနစ်တွေကိုလည်း ပထမအတွေ့အကြုံတွေကနေ သိရှိလာနိုင်ပါတယ်...။
နောက်တစ်ချက်က အာခီတတ်တွေဟာ sence of order ဆိုတဲ့ အစီအစဉ်ကျနခြင်းအသိခံစားမှု ကိုပေးချင်တဲ့ အခါမျိုးတွေမှာလည်း Repetition ကိုသုံးတတ်ပြန်ပါတယ်....။
အောက်မှာပြထားတဲ့ ပုံလေးတွေကို ကြည့်ပါ...



ပထမဆုံးပုံ မှာဆိုရင် အကြီး- အသေး၊ အကြီး- အသေး၊ အကြီး -အသေး ဆိုပြီး Repeting လုပ်သွားပါတယ်...။ ကျနော်တို့ရဲ့ လက်နှစ်ဖက်ဖြင့် လက်ခုပ်သံထွက်အောင်တီးခြင်းဖြင့် အသံ Repetition လုပ်နိုင်ပါသေးတယ်..။ ခပ်ကျယ်တစ်ချက်တီးလိုက်- နောက်ခပ်တိုးတိုး တစ်ချက်တီးလိုက်၊ ခပ်ကျယ်ကျယ်၊ ခပ်တိုးတိုး စသည်ဖြင့် လက်ခုပ်အကြိမ်ကြိမ်တီးခတ်ခြင်းဖြင့် sound of Rhythm တွေပြုလုပ်ဖန်းတီးကြည့်လို့ ရနိုင်ပါတယ်..။
ပုံလေးတွေမှ နောက်ဆုံးပုံမှာ ဘယ်အရာက Repetition ဖြစ်နေသလဲ...။
ကျနော်တို့တွေ ကစားတဲ့ ပစ္စည်းတွေမှာရော Repetition ဖြစ်နေတာတွေ တွေ့နိုင်ပါတယ်...။
ကျားကွက်တွေ၊ စစ်တုရင်ကွက်တွေ၊ မိုနိုပိုလီကစားတဲ့ ခုံတွေ၊ စသည်ဖြင့် ကလေးကစားတဲပစ္စည်းတွေရော များစွာတွေ့နိုင်ပါတယ်..။
ကဲ ဒီလောက်ဆိုရင် Repetition ရဲ့ အရေးပါမှုကို သိနိုင်လောက်ပါပြီနော်...။

လေးစားစွာဖြင့်

MMO


Creative Space

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ