Posts

Showing posts with the label Design ideology News Letter

"ဟင်းလင်းခွင် နှင့် အတွေး"

Image
"ဟင်းလင်းခွင် နှင့် အတွေး" ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ။ ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊ ဖိုးတောင်သူ့တဲ။ အညာ ကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးတစ်ဦး၏ လယ်တဲလေးကို ရေးဖွဲ့ထားသော ဒွေးချိုး ကဗျာလေးသည် ယနေ့တိုင် စိတ်အတွေးထဲ စွဲထင်နေဆဲ။ ထနောင်းပင်ညီနောင်ထံမှ ချွဲချွဲနွဲ့နွဲ့ ကူလိုက်သော ချိုးလေးနှစ်ကောင်၊ ထူထူဆိုင်းဆိုင်း ပေါက်ရောက်နေမည့် ပဒေါ်မြက်အုပ်များနှင့် လယ်တဲငယ်ငယ်လေးအကြောင်းကို ကဗျာလေးက ပြောပြနေသည်။ ကဗျာလေးကို ရွတ်လိုက်တာနှင့် လယ်တဲငယ်ငယ်၊ ထနောင်းညီနောင်နှင့် ချိုးမောင်နှံတို့ဖြင့် အညာဒေသ ဟင်းလင်းခွင်လေး၏ အသွင်အပြင်ကို မြင်ယောင်မိစေသည်။ တစ်နည်းအားဖြင့် ခေတ်ကို ထင်ဟပ်နေသော၊ အချိန် ကာလ နေရာ ဒေသ တို့ကို ပြောပြောနေသော ကဗျာလေးဖြစ်သည်။ ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို စိတ်ဝိဉာဉ်တွင် ခံစားတွေ့နိုင်သည်။ သို့ဆိုလျှင် ဟင်းလင်းပြင် တစ်ခုအတွင်း ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု များသည် စာပေ၊ ဂီတ အနုပညာများဖြင့် ပုံတူကူးရေးနိုင်သည်လား။ ပန်းချီ၊ ပန်းပ...

Design and Ideology _ 1st Newsletter

Image
ဒီဇိုင်း နှင့် အိုင်ဒီယော်လိုဂျီ (Design and Ideology) ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။ ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတ...