Posts

Showing posts from December, 2010

ဝန်းကျင်ထဲက ဗိသုကာ

Image
ဝန်းကျင်ထဲက ဗိသုကာ (Architecture in Environment) ဒီပိုစ့်မှာ ပထမဆုံးပြောချင်တာက Environment ပတ်ဝန်းကျင်ဆိုတာဘာလဲက စလိုက်ပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ဘာလဲမေးရင် ကိုယ်နေတဲ့နေရာပေါ့ လို့အလွယ်ဖြေမိမယ်ထင်ပါတယ်။ Wiki မှာတော့ Environment အကြောင်းက ို “In general, environment refers to the surroundings of an object.” လို့ဆိုထားပါတယ်။ နောက်ထပ်ပြီး Environment may refer to: * The natural environment, all living and non-living things that occur naturally on Earth * Built environment, constructed surroundings that provide the setting for human activity, ranging from the large-scale civic surroundings to the personal places * Environment (biophysical), the physical and biological factors along with their chemical interactions that affect an organism * Environment (systems), the surroundings of a physical system that may interact with the system by exchanging mass, energy, or other properties * Environmental art * Environmental determinism * Environmental policy * Environmental psychology * Environ

ကွဲပြားခြားနားမှု (Contrast )

Image
အဖြူတွေကြားမှ အနက်တစ်စက်သည်လည်းကောင်း၊ အနက်တွေကြားမှ အဖြူတစ်စက်သည်လည်းကောင်း၊ သိုးဖြူအုပ်ကြားမှာ သိုးမည်းတစ်ကောင်ပါလာခြင်းသည်လည်းကောင်း၊ သိုးမည်းအုပ်ကြားမှသိုးဖြူ တစ်ကောင်သည်ပါလာခြင်းသည်လည်းကောင်း၊ အများနှင့်မတူ တမူထူးခြားနေခြင်း၏ ထင်ရှားသိသာစေသော၊ အမြင်အာရုံကိုဂရုပြုမိစေနိုင်သော Contrast ၏ ဥပမာ သဘောတရားများပင်ဖြစ်သည်။ ဗိသုကာပညာရပ်၌ Contrast (ကွဲပြားခြားနားမှု)ကို အထူးဂရုပြုစေလိုတဲ့ နေရာတွေမှာ တနည်းပြောရရင် အခြားအရာတွေထက် သိသာထင်ရှားစေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုတတ်ကြပါတယ်။ ဗိသုကာအများစုဟာ Contrast ရဲ့သဘောကို Entry (ဝင်ပေါက်)များ၊ Exit (ထွက်ပေါက်)များ ၊ သီးခြားအခန်းများ သို့မဟုတ် တစုံတရာ အရေးကြီးသော အရာတို့ကို သိသာထင်ရှားအောင် ပြသလိုသောအခါမှာ အသုံးပြုတတ်ကြပါတယ်။ ထင်ရှားတဲ့ ဗိသုကာပညာရှင်ကြီး Frank Lloyd Wright ကို California ပြည်နယ် San Francisco မြို့မှာရှိတဲ့ Morris Shop ငယ်လေးကို ဒီဇိုင်းပြုလုပ်ဖို့ အပ်နှံခြင်းခံရပါတယ်။ သူ့ကို Shop ငယ်လေးတည်ဆောက်မယ့် နေရာ Location ပြတယ်။ နောက် လမ်းအထက်ပိုင်းနှင့် အောက်ပိုင်းမှာရှိနေတဲ့ အခြားစတိုးဆိုင်ကြီးတွေနှင့် အခြားထူးခြားတဲ့ အရာတွေကို ထပ်ပြပေးပ

ဟန်ချက်ညီခြင်း… (Balance)

Image
အခုတလော ကျနော်စာမရေးဖြစ်တာ အတော်ကြာပါပီ…။ သိုင်းလောကထဲဝင်ပြီး စိန်ခေါ်သံနွှဲလိုက်၊ နဂါးနိုင်ဓားလုလိုက် လုပ်နေခဲ့တာပါ..။ နောက် မထူးပါဘူးဆိုပြီး မိုက်လက်စနဲ့ ဖေ့စဘွတ်က မာဖီးယားဂိုဏ်းထဲဝင်ပြီး Job တွေလုပ်၊ Robbing တွေလုပ်ရင်း မာဖီးယားဂိုဏ်းမှာလည်း အတော်အတန်နေရာ ရလာခဲ့ပါပြီ…။ အဲဒီလိုအလုပ်တွေများနေတော့ ဖိုရမ်လေးကို ပြန်မကြည့်ဘဲ ပစ်ထားခဲ့တာ အတော်ကြာနေပါပြီ…။ ကိုယ်တစ်ယောက်ပဲ ပစ်ထားသလားမှတ်တယ်….။ ညီအကိုမောင်နှစ်မတွေကလည်း စိတ်ချရတယ်ဗျာ…။ တစ်ပို့စ်မှ တတ်မလာကြဘူး…။ အင်း ဒီပုံအတိုင်းဆို တို့ဖိုရမ်လေးတော့ ဟန်ချက်ပျက်တော့မယ်တိုတာ တွေးမိတယ်..။ ဘာလိုလိုနှင့် ဖိုရမ်လည်း တစ်နှစ်ပြည့်ခါနီးလာပါပြီ…။ ကျနော် စလုံးရောက်တာ အခုဆို တစ်နှစ်ပြည့်ပြီးသွားပြီပေါ့…။ ကိုယ်တွေ အကြောင်းကိုလည်း တွေးမိသွားတယ်။ လုပ်စမှာတော့ အားလုံးတက်တက်ကြွကြွပဲ။ ပို့စ်တွေ သူတင်လိုက်၊ ငါတင်လိုက်… အမယ် လန်ထွက်နေအောင် စိတ်ဓာတ်တွေမြူးနေလိုက်ကြတာ။ အတွေးတွေ ပလူပျံနေလိုက်ကြတာ…။ စိတ်ဆိုတာလည်း ခက်သားလား အစမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့လည်း ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံအတိုင်း ကောက်ရိုးမီးလိုဖြစ်သွားကြတာပါ…။ ကိုယ်အပါအဝင်ပါလေ..။ ကိုယ်တိုင်လည်း မြ