Posts

Showing posts from October, 2010

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

Image
မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုဖြစ်နေသည်။ ကျနော့ ပင်ကိုယ် စိတ်ကပင် အလွမ်းကို အားသန်သည်လားမသိပါ...။ တခုခုအကြောင်းရှာပြီး လွမ်းနေချင်တတ်တာ ဝါသနာပါနေသည်။ မိုးလေး အုံ့ရင်လွမ်းသည်။ လေပြေလေး တိုက်ရင်လွမ်းသည် သစ်ရွက်ကလေးတွေ လေအဝှေ့လွင့် ဝဲသွားတာ မြင်ရရင်လည်းလွမ်းတတ်သည်။ ကိုယ့်မွေးရပ်မြေကလည်း ကန်ရေသောက်၊ မြက်ခြောက်စားလို့ အပြောခံရအောင် ခိုးခိုးခေါင်ခေါင်ရှားပါးဒေသမဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ မမေ့နိုင်တာကတော့ အမှန်ပင်။ စိတ်ထဲမှာ အားရပါးရ လွမ်းနေတုန်း ဖုန်းမြည်သံကြောင့် အတွေးတွေပျောက်သွားပြီး ဖုန်းကိုကိုင်လိုက်တော့ ဘော်ဒါကြီး MTZO ပင်။ “အော်.... တတ်လာခဲ့ဗျာ... ငါးထပ်လေ... ကျနော် အပြင်ကထွက်စောင့်နေမယ်... အိုကေနော်...” တံခါးသော့ယူလိုက်ပီး အခန်းထဲက ထွက်ကာ အိမ်တံခါးဖွင့်ပြီး MTZOကို စောင့်နေလိုက်သည်။ “ဘယ်ကလှည့်လာတာလဲဗျ...” “ခင်ဗျားဆီပဲ တမင်ဝင်လာခဲ့တာဗျ...” “အင်းထိုင်အုန်းဗျာ... ကျနော်... အခန်းလေးနည်းနည်းရှင်းလိုက်အုန်းမယ်...” “မိုးလေးနည်းနည်းအုံ့တော့ စိတ်ထဲ လွမ်းချင်သလိုလိုပဲဗျာ...” “အဟုတ်ပဲဗျာ.... ကျနော်လည်း အဲလိုဖြစ်နေတာ... ဘာကိုလွမ်းမ

ပြာသာဒ်များကို တီးခေါက်ခြင်း

Image
မိုးလေး တစ်စိမ့်စိမ့်ရွာနေသည်မှာ လူကိုချမ်းစိမ့်စိမ့်ဖြစ်နေစေသည်…။ နံနက်စောစောကတည်းက ကိုယ်လက်မအီမသာဖြစ်နေသည်။ မထချင်သဖြင့် အိပ်ယာမှာပေအိပ်နေမိသည်..။ ထိုစဉ်ဖုန်းမှ Ring တုန်းမြည်သံက ကျယ်လောင်စွာထွက်လာသည်..။ စနေအလုပ်ဆင်းရသော မဟေသီဆီမှဖြစ်သည်။ လျှော်ထားသော အဝတ်တွေ မီးပူတိုက်ဖို့ အော်ဒါအောက်နေခြင်းဖြစ်သည်…။ ဟူးးး မထချင်ထချင်ဖြင့်ထရအုန်းမည်…။ ရေချိုးကာ နံနက်စာ မိုင်လိုဖျော်၍ ပေါင်မုန့်ချပ်လေးဖြင့် လွေးလိုက်တော့သည်..။ အဝတ်တွေကို မီးပူတိုက်ရင်း ဘော်ဒါကြီး MMO ကိုမျှော်နေမိသည်။ အိမ်ရှေ့မှ တံခါးခေါက်သကြားလိုက်သဖြင့် စိတ်ထဲ အတော်ရွှင်သွားသည်…။ မီးပူကိုထောင်ထားကာ အိမ်ရှေ့မှတံခါးသွားဖွင့်ပေးလိုက်သည်..။ မိုးရေစိုစွတ်လာသော MMO မှာ အပြေးအလွှား အိမ်ထဲဝင်လာသည်…။ အိမ်ထဲ ရောက်လျှင် အဝတ်ခြောက်များပေးပြီး အဝတ်လဲခိုင်းလိုက်သည်..။ “ဟားဟား ကိုယ့်လူက… မီးပူတွေ ကိုယ်တိုင် တိုက်လို့ပါလား…”ဟုပြုံစစဖြင့်မေးသဖြင့် မျက်နှာရှုံမဲ့ပြလိုက်မိသည်..။ “ဘယ်တတ်နိုင်မလဲ…ဗျာ.. သပ်သပ်ရပ်ရပ်လေး ဝတ်ချင်တော့ တိုက်ရတော့တာပေါ့… ကဲနားအုန်းဗျာ… ကျနော် လက်ကျန်အဝတ်လေးတွေ တိုက်လိုက်အုန်းမယ်…။” ………… ………… “ဘယ်လိုလဲဗျ… မျက်မှောင်ကြီးကုတ်နေပ