Posts

"ဟင်းလင်းခွင် နှင့် အတွေး"

Image
"ဟင်းလင်းခွင် နှင့် အတွေး" ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ။ ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊ ဖိုးတောင်သူ့တဲ။ အညာ ကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးတစ်ဦး၏ လယ်တဲလေးကို ရေးဖွဲ့ထားသော ဒွေးချိုး ကဗျာလေးသည် ယနေ့တိုင် စိတ်အတွေးထဲ စွဲထင်နေဆဲ။ ထနောင်းပင်ညီနောင်ထံမှ ချွဲချွဲနွဲ့နွဲ့ ကူလိုက်သော ချိုးလေးနှစ်ကောင်၊ ထူထူဆိုင်းဆိုင်း ပေါက်ရောက်နေမည့် ပဒေါ်မြက်အုပ်များနှင့် လယ်တဲငယ်ငယ်လေးအကြောင်းကို ကဗျာလေးက ပြောပြနေသည်။ ကဗျာလေးကို ရွတ်လိုက်တာနှင့် လယ်တဲငယ်ငယ်၊ ထနောင်းညီနောင်နှင့် ချိုးမောင်နှံတို့ဖြင့် အညာဒေသ ဟင်းလင်းခွင်လေး၏ အသွင်အပြင်ကို မြင်ယောင်မိစေသည်။ တစ်နည်းအားဖြင့် ခေတ်ကို ထင်ဟပ်နေသော၊ အချိန် ကာလ နေရာ ဒေသ တို့ကို ပြောပြောနေသော ကဗျာလေးဖြစ်သည်။ ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို စိတ်ဝိဉာဉ်တွင် ခံစားတွေ့နိုင်သည်။ သို့ဆိုလျှင် ဟင်းလင်းပြင် တစ်ခုအတွင်း ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု များသည် စာပေ၊ ဂီတ အနုပညာများဖြင့် ပုံတူကူးရေးနိုင်သည်လား။ ပန်းချီ၊ ပန်းပ

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

Image
သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature) ဗိသုကာ ဆိုင်ရာ ထုသွင် Forms များနှင့် ပုံသဏ္ဍာန် Shapes များဖြစ်တဲ့ အမျိုးမျိုးသော Cone, Cube, cylinder, sphere နှင့် pyramid အစရှိတဲ့ ပုံများအတွက် သဘာဝလောကကြီးဟာ စံပြုစရာ Model တစ်ခုလိုပါပဲ။ ထို့အပြင် ဂျီသြမေတြီ ပုံမဟုတ်တဲ့ ဗိသုကာ Forms များအတွက်လည်း သဘာဝတရားကြီးသာ အတုယူစရာ၊ နမူနာယူစရာ၊ Model ဖြစ်နေပါတယ်။ (ယူကလစ်ဒီရမ်) သဘာဝတရားဆိုတာ ဘာများပါလိမ့် ဆိုတဲ့ အမေးများရှိလာခဲ့မယ်ဆိုရင်... ဒီနေရာမှာ ရုပ်ဝတ္တုပိုင်း အားဖြင့် လူသားတို့ ဖန်တီးထားတာ မဟုတ်တဲ့ ကမ္ဘာမြေပြင်နှင့် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်း အားလုံးကို ဆိုလိုပါတယ်။ ဥပမာ ဆိုရရင် နေ၊ လ၊ နက္ခတ် တာရာများ အပါအဝင် ကောင်းကင်ပြင်ကြီး နှင့် မိုးသား တိမ်လိပ်၊ တိမ်စိုင်များ။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်၊ ပန်းပင်၊ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ဖက် အစရှိတဲ့ အရာများ၊ ကျောက်တုံး၊ ကျောက်စိုင်၊ ကျောက်ခဲ အစရှိတဲ့ အရာများ၊ ပင်လယ်သမုဒ္ဒရာအတွင်း မှီတင်းနေထိုင်ကြတဲ့ ခရုခွံ၊ ကမာခွံ အစရှိတဲ့ သက်ရှိ နှင့် သက်မဲ့ရုပ်ကြွင်းများ။ လူသားနှင့် သက်ရှိတို့၏ ဖန်တီးမှုကြောင့် မဟုတ်ပဲ ဆန်းကြယ်သော သဘာဝ ဖြစ်စဉ်အရ အလိုအလျှောက် ဖြစ်ပေါ်တ

ပြင်ညီမျက်နှာပြင်များ(Planes)

Image
ပြင်ညီမျက်နှာပြင်ကို ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းအတော်များများမှာ တွေ့နိုင်ပါတယ်။ နံရံ(Walls)၊ မျက်နှာကြက်(Ceilings)၊ ကြမ်းခင်း(Floors)စတဲ့ အရာတွေလို မျက်နှာပြင် ညီညာပြန့်ပြူးနေတဲ့ အရာ အားလုံးကို ပြင်ညီမျက်နှာပြင်(Planes) များအဖြစ်သတ်မှတ်ပါတယ်။ ပြင်ညီဆိုတာ ဘယ်လိုဖြစ်နိုင်သလဲ။ ပြင်ညီတစ်ခုကို ဖန်တီးမယ်ဆိုရင် ဘယ်လိုဖန်တီးနိုင်မလဲ။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မြေဖြူတစ်ချောင်းနှင့် သင်ပုန်းတစ်ချပ်ပေါ်မှာ မျဉ်း(line) တစ်ကြောင်းဆွဲသားနိုင်တယ်ဆိုတာ သိမှာပါ။ အဲဒီမြေဖြူကို သင်ပုန်းမျက်နှာပြင်ပေါ်မှာ လှဲကိုင်လိုက်ပြီး မျဉ်းဖြောင့် ဆွဲသလို ရှပ်တိုက် ဆွဲလိုက်မယ်ဆိုရင် ပြင်ညီ(plane) တစ်ခုအဖြစ်ဆွဲသားပြီး ဖြစ်သွားပါတယ်။ နောက် ဥပမာအနေနှင့် အပေါ်ကို ခေါက်တင်ထားသော ယင်းလိပ်(သို့မဟုတ်) လိုက်ကာ တစ်ခုကို အောက်သို့ဖြေချလိုက်ခြင်းဟာလည်း ပြင်ညီ(plane) တစ်ခုဖြစ်ပေါ်နိုင်စေတာပါပဲ။ ပုံသဏ္ဍာန် shapes အမျိုးမျိုးရှိတဲ့ ပြန့်ပြူးတဲ့ အရာဝတ္ထုတွေကို ကျနော်တို့တွေ တွေ့ဖူးမြင်ဖူးကြမှာပါ။ အဲဒီ Shapes တွေဟာ ပြင်ညီ(plane) ရဲ့ သွင်ပြင်လက္ခဏာတစ်ခုပါပဲ။ ဒါကြောင့် ပြင်ညီ(plane) ဆိုတာကို အမည်အမျိုးမျိုးနှင့် ရှိန

The Function(ဆောင်တာ) နှင့် The Form(ထုသွင်)

Image
The Function(ဆောင်တာ) နှင့် The Form(ထုသွင်) ဆရာ ဒေါက်တာလွင်အောင်က Function ဆိုတဲ့ စကားလုံးကို ဆောင်တာ လို့ဘာသာပြန်ထားတာ ဗိသုကာဒဿန ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုခဲ့ရပါတယ်။ အဲဒီကနေ ဆောင်တာဆိုတဲ့ စကားလုံးလေးကို ယူထားပါတယ်။ အဆောက်အအုံတစ်လုံးရဲ့ ဆောင်တာ Function ဆိုတာ အဲဒီအဆောက်အအုံရဲ့ ထုသွင် Form အတွက် အင်မတန် လွှမ်းမိုးမှုရှိပါတယ်... ဆိုသော အချက်ကို ကျနော်တို့တစ်တွေ သတိထားမိပါသလား။ အဲဒီအကြောင်းကို ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံများထဲမှ ဆပ်ကပ်တဲများကို လေ့လာကြည့်မယ်ဆိုရင် Function နှင့် Form တို့အတွက် အကောင်းဆုံးနှင့် အသင့်လျှော်ဆုံး ဥပမာပင်ဖြစ်ပါတယ်။ ဆပ်ကပ်တဲ တွေဟာ သာမန်မဟုတ်တဲ့ Function တွေလိုအပ်တဲ့ အဆောက်အအုံ တစ်မျိုးပါ။ ဆပ်ကပ်အဖွဲ့သားတွေ မြို့ရွာထဲမှာ ရောက်ရှိလာရင် မြို့ထဲမှာပဲ တည်ဆောက်ထားရှိရပါတယ်။ နောက် ရက်အနည်းငယ် စတည်းချ နေထိုင်ကြရပါမယ်။ အဲဒီနောက် ပြပွဲပြသပြီးချိန်မှာတော့ ပြန်လည်ထုတ်ပိုးပြီး အဲဒီနေရာက စွန့်ခွါလို့ တခြားအရပ်ကို ပြောင်းရွေ့ကြရ ပြန်ပါတယ်။ အဲဒီတော့ အဲဒီဆက်ကပ်ရုံမှာ ဆပ်ကပ်ပွဲကို လာရောက်ကြည့်ရှု့တဲ့ လူပေါင်းများစွာကို မိုးဒါဏ်၊ လေဒါဏ်၊ နေဒါဏ်တို့မှ လုံခြုံအ

Design and Ideology _ 1st Newsletter

Image
ဒီဇိုင်း နှင့် အိုင်ဒီယော်လိုဂျီ (Design and Ideology) ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။ ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတ

Design Ideology Forum

Image
"Design Ideology ဖိုရမ်မှ “24” နာရီ တံခါးဖွင့် ကြိုဆိုနေပါသည်" သိပ္ပံပညာရှင်ကြီးတွေက အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုးဖော်ထုတ်ကြပါတယ် ။ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေ၊ ဒီဇိုင်းပညာရှင်တွေကတော့ သူတို့ပြု ... လုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိတဲ့ သင့်တော်မယ့် သီအိုရီတွေကို စနစ်တကျ အသုံးပြုကြပါတယ်။ Design Ideology ဖိုရမ်ဟာ သီအိုရီ အမျိုးမျိုးအပေါ် ကွဲလွဲချက်တွေနဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ အသုံးပြုမယ့် အခြေအနေအလိုက် လိုအပ်ချက်တွေကို ဆွေးနွေးနိုင်စေရန်။ ဗိသုကာပညာရပ် နှင့် မြို့ပြအင်ဂျင်နီယာပညာရပ်မျ ားဟာ လူသားတစ်ဦးတစ်ယောက်အတွက် လုံခြုံစွာနေထိုင်ဖို့ အကာအရံ တစ်ခုအဖြစ်သာမဟုတ်၊ လူ့ယဉ်ကျေးမှု တစ်ခုလုံးအတွက် ချန်ထားရစ်ခဲ့မယ့် သမိုင်းတစ်ခုအဖြစ် ဘယ်လို အသုံးပြုကြမလဲဆိုတာ အဖြေရှာနိုင်စေရန်။ ဟင်းလင်းပြင်အတွက် ထွက်ပေါ်လာတဲ့ အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စတဲ့ မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိတဲ့ စိတ်ခံစားမှုတွေ အားလုံးအတွက် အဖြေရှာကြည့်နိုင်စေရန်။ ပတ်ဝန်းက

ဝန်းကျင်ထဲက ဗိသုကာ

Image
ဝန်းကျင်ထဲက ဗိသုကာ (Architecture in Environment) ဒီပိုစ့်မှာ ပထမဆုံးပြောချင်တာက Environment ပတ်ဝန်းကျင်ဆိုတာဘာလဲက စလိုက်ပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ဘာလဲမေးရင် ကိုယ်နေတဲ့နေရာပေါ့ လို့အလွယ်ဖြေမိမယ်ထင်ပါတယ်။ Wiki မှာတော့ Environment အကြောင်းက ို “In general, environment refers to the surroundings of an object.” လို့ဆိုထားပါတယ်။ နောက်ထပ်ပြီး Environment may refer to: * The natural environment, all living and non-living things that occur naturally on Earth * Built environment, constructed surroundings that provide the setting for human activity, ranging from the large-scale civic surroundings to the personal places * Environment (biophysical), the physical and biological factors along with their chemical interactions that affect an organism * Environment (systems), the surroundings of a physical system that may interact with the system by exchanging mass, energy, or other properties * Environmental art * Environmental determinism * Environmental policy * Environmental psychology * Environ