Design Ideology Forum


"Design Ideology ဖိုရမ်မှ “24” နာရီ တံခါးဖွင့် ကြိုဆိုနေပါသည်"

သိပ္ပံပညာရှင်ကြီးတွေက အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုးဖော်ထုတ်ကြပါတယ်။ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေ၊ ဒီဇိုင်းပညာရှင်တွေကတော့ သူတို့ပြု...လုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိတဲ့ သင့်တော်မယ့် သီအိုရီတွေကို စနစ်တကျ အသုံးပြုကြပါတယ်။ Design Ideology ဖိုရမ်ဟာ သီအိုရီ အမျိုးမျိုးအပေါ် ကွဲလွဲချက်တွေနဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ အသုံးပြုမယ့် အခြေအနေအလိုက် လိုအပ်ချက်တွေကို ဆွေးနွေးနိုင်စေရန်။

ဗိသုကာပညာရပ် နှင့် မြို့ပြအင်ဂျင်နီယာပညာရပ်များဟာ လူသားတစ်ဦးတစ်ယောက်အတွက် လုံခြုံစွာနေထိုင်ဖို့ အကာအရံ တစ်ခုအဖြစ်သာမဟုတ်၊ လူ့ယဉ်ကျေးမှု တစ်ခုလုံးအတွက် ချန်ထားရစ်ခဲ့မယ့် သမိုင်းတစ်ခုအဖြစ် ဘယ်လို အသုံးပြုကြမလဲဆိုတာ အဖြေရှာနိုင်စေရန်။

ဟင်းလင်းပြင်အတွက် ထွက်ပေါ်လာတဲ့ အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စတဲ့ မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိတဲ့ စိတ်ခံစားမှုတွေ အားလုံးအတွက် အဖြေရှာကြည့်နိုင်စေရန်။

ပတ်ဝန်းကျင် စိမ်းလန်း စိုပြည် သာယာနေခြင်းဟာ လူသားတို့အတွက် နေ့စဉ်လူမှု ဒုက္ခ အထွေထွေမှ တဒင်္ဂကင်းလွတ်ခွင့် ရရှိနိုင်စေပါတယ်။ အဲဒီလို စိမ်းလန်း စိုပြည် လှပမှုတွေကို မြေခင်းပညာရှင်များက ဖန်းတီးတည်ဆောက်ပေးနိုင်ပါတယ်။ အဲဒီမြေခင်းအလှဆင်ပညာရပ်ရဲ့ အရေးပါ အသုံးဝင်မှုကို လေ့လာနိုင်စေရန်။

အတွေ့အကြုံတွေဆိုတာ စာတွေ့နဲ့ လက်တွေ့ ကွာဟချက် တွေကိုလည်း ချိန်ညှိပေးနိုင်ပါတယ်။ သီအိုရီတိုင်းဟာ သက်ဆိုင်ရာ သက်သေပြချက်တွေနှင့် ပြီးပြည့်စုံနေပြီလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့် လက်တွေ့အသုံးပြုဖို့ ဆိုတာကတော့ သူ့ကို သေချာနားလည်ရုံနဲ့ ပြည့်စုံနိုင်ခြင်း မရှိပါ။ စနစ်တကျ အသုံးချတတ်ဖို့နဲ့ အသုံးချစဉ်မှာ ဖြစ်ပေါ်လာမယ့် အကောင်းအဆိုး အကြောင်းအကျိုးကိုလည်း နားလည်၊ ဖြေရှင်း၊ ချိန်ညှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေရာလေးဟာ လက်တွေ့ လုပ်ငန်းခွင်များမှ ရရှိလာတဲ့ အတွေ့အကြုံ၊ အသိအမြင်၊ အတွေးအခေါ်များကို အဖြေရှာဆွေးနွေးနိုင်စေရန်။

ပြတိုက်တစ်ခု မဟုတ်ပေမယ့် Design Ideology ဖိုရမ်မှာ အနာဂတ်ရဲ့တေးကို နားဆင်နိုင်သလို အတိတ်တချိန်က ထားရစ်ခဲ့တဲ့ ပညာရပ်တွေကိုလည်း မျှော်ကြည့်နိုင်ပါသေးတယ်။ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါ လိုက်နာရန် လိုအပ်တဲ့ အချက်အလက်များနဲ့ ကျင့်ဝတ်သဘောတရားများကို သိရှိနိုင်ပြီး ဆောင်ရန်၊ ရှောင်ရန် တို့ကိုလည်း မှတ်သားနာယူ နိုင်စေရန်။

တစ်ယောက်ရဲ့ အတွေးအခေါ်၊ အယူအဆကို အခြားတစ်ယောက်က ပြောင်းလဲပေးခြင်းထက် နေရာ၊ ဒေသ၊ ကာလ အလိုက် မတူညီနိုင်တဲ့ အခက်အခဲနဲ့ လိုအပ်ချက်များအပေါ် ဆွေးနွေးအဖြေရှာနိုင်စေဖို့

အစရှိသော ရည်ရွယ်ချက်ပေါင်း များစွာဖြင့် Design Ideology ဖိုရမ်ကို ဖန်တီးတည်ဆောက် ခဲ့ပါတယ်။

အထက်ပါ ရည်ရွယ်ချက်များဖြင့် ဝါသနာတူ ညီအကို မောင်နှမများအား နွေးထွေးလှိုက်လှဲုစွာ ဖိတ်ခေါ်လိုက်ပါတယ်။ မည့်သည့်နေရာဒေသမှ ဖြစ်စေ၊ လာရောက်သော ဝါသနာတူ မောင်နှမများကို ကျနော်တို့ Design Ideology ဖိုရမ်မှ 24 နာရီ တံခါးဖွင့် ကြိုဆိုနေမည် ဖြစ်ပါတယ်။

Design Ideology Forum
http://www.designideology.info/ds/index.php

Comments

MMO said…
မရေးဖြစ်တာတောင် အတော်ကြာပေါ့.... :)

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ