ဝန်းကျင်ထဲက ဗိသုကာ

ဝန်းကျင်ထဲက ဗိသုကာ (Architecture in Environment)


ဒီပိုစ့်မှာ ပထမဆုံးပြောချင်တာက Environment ပတ်ဝန်းကျင်ဆိုတာဘာလဲက စလိုက်ပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ဘာလဲမေးရင် ကိုယ်နေတဲ့နေရာပေါ့ လို့အလွယ်ဖြေမိမယ်ထင်ပါတယ်။ Wiki မှာတော့ Environment အကြောင်းကို “In general, environment refers to the surroundings of an object.” လို့ဆိုထားပါတယ်။ နောက်ထပ်ပြီး
Environment may refer to:
* The natural environment, all living and non-living things that occur naturally on Earth
* Built environment, constructed surroundings that provide the setting for human activity, ranging from the large-scale civic surroundings to the personal places
* Environment (biophysical), the physical and biological factors along with their chemical interactions that affect an organism
* Environment (systems), the surroundings of a physical system that may interact with the system by exchanging mass, energy, or other properties
* Environmental art
* Environmental determinism
* Environmental policy
* Environmental psychology
* Environmental quality
* Environmental science, the study of the interactions among the physical, chemical and biological components of the environment
* Environments (series) A series of LPs, cassettes and CDs depicting natural sounds
* Knowledge environment
* Social environment, the culture that an individual lives in, and the people and institutions with whom they interact

ဆိုပြီး Environment ကိုအမျိုးအစားတွေ ခွဲခြားထားပြန်ပါသေးတယ်….။





အမှန်တကယ်ဆိုရရင် Environment ဆိုတာ အတော်လေးကိုကျယ်ဝန်း၊ များပြားပါတယ်။ သဘာဝပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်တွေ (မြေယာတည်ဆောက်ပုံ၊ တောင်ကုန်းတောင်တန်း ကွန်တိုအနိမ့်အမြင့်) စတာတွေ၊ ပတ်ဝန်းကျင်ဒေသမျိုးစုံမှာရှိတဲ့ သက်ရှိတိရစ္ဆာန်မျိုးစုံ၊ လူသားတွေ ဖန်တီးထားတဲ့ ပတ်ဝန်းကျင်ရှိအဆောက်အအုံတွေ၊ မြေကွက်ဟင်းလင်းတွေမှာ ပြုလုပ်ထားတဲ့ လူထုဆိုင်ရာ အပန်းဖြေပန်းခြံ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ရုံအလုပ်ရုံတွေ စတာတွေနှင့် ရာသီဥတုတွေ အစရှိတာတွေ အကုန်လုံးဟာ Environment ပတ်ဝန်းကျင်ဆိုတာနှင့် အကြုံးဝင်နေတာပါ….။ အဲဒီတော့ ဗိသုကာတစ်ယောက်ဟာ Structure တစ်ခု Planning လုပ်တော့မယ်ဆိုရင် Environment ပတ်ဝန်းကျင်ရဲ့ အရေးပါမှုကို လစ်လျှူရှုမထားသင့်ပါဘူး။ ဗိသုကာဖွဲ့စည်းတည်ဆောက်ထားမှု တစ်ခုဟာ သူ့ပတ်ဝန်းကျင်နှင့် ဆက်စပ်နေတတ်ပါတယ်။ အဲလိုဆက်စပ်မှုမှာ သူ့ဘာသာ သီးခြားရပ်တည် တည်ရှိနေနိုင်တာလည်း ရှိသလို သူ့ပတ်ဝန်းကျင်နှင့် သဟဇာဖြစ်ပြီး ဟာမိုနီဖြစ်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။
ကျနော်တို့ အနှေနှင့် ကျနော်တို့ ပတ်ဝန်းကျင်နေထိုင်ခဲ့ဖူးတဲ့ နေရာတွေ၊ လက်ရှိနေထိုင်နေတဲ့ နေရာတွေမှရှိတဲ့ ပတ်ဝန်းကျင်ကိုလေ့လာကြည့်မယ်ဆိုရင် ဘာတွေများတွေ့နိုင်ပါသလဲ။ တော၊ တောင်၊ သစ်ပင်၊ ပန်းပင်၊ နောက်အနီးပတ်ဝန်းကျင်က မြို့ကြီး၊မြို့ငယ်တွေ၊ ကျေးရွာတွေ၊ မြို့ရွာအတွင်းက ဈေးဆိုင်တွေ၊ ဆူပါမားကတ်တွေ၊ အိမ်ကြီးတွေ၊ အိမ်လေးတွေ၊ စက်ရုံကြီးတွေ၊ စက်ရုံလေးတွေ စတာတွေကို သတိပြုစဉ်းစားမိပါလား။ အဲဒါတွေကို စိတ်ဝင်တစား လေ့လာမိဖူးပါသလား။ အဲဒီမှာ ဗိသုကာတွေ ဖန်တီးထားတဲ့ အဆောက်အအုံတွေဟာ ပတ်ဝန်းကျင်ထဲမှာ အဘယ်မျှအသားကျနေသလဲ။
အဲဒီအဆောက်အအုံဟာ ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစြ်ပီး ပတ်ဝန်းကျင်ကိုလွမ်းမိုးနေသလား။ ပတ်ဝန်းကျင်မှာ အဘယ်မျှ သက်ရောက်မှုရှိသလဲ ဆိုတာတွေ လေ့လာကြည့်ရမှာပါ။ ဥပမာအနေနှင့် New York City’s Mahanttan section တည်ဆောက်မှု နှင့် Log Cabin တို့ နှစ်ခုအကြား Unity ဖြစ်မှု၊ နောက် 110-storey skyscraper နှင့် Yellowstone National park စတာတွေရဲ့ ပေါင်းစပ်မှုတွေဟာ အင်မတန်နည်းပါးပါတယ်။ အဲဒီတော့ Log Cabin ဟာ New York City ထဲမှာရှိနေတယ်ဆိုရင် မသင့်လျှော်သလို skyscraper တွေကို Yellowstone National park မှာ ထည့်မယ်ဆိုတာမျိုး ဟာလည်း လုံး၀မဆီလျှော်တဲ့ ဟာပါ။



New York City’s Mahanttan Section




Log Cabin



Skyscraper



Yellowstone National park

အခြားအလားတူပုံစံတွေကို ဥပမာဆိုရမယ် ဆိုရင် Tree Forgs လို့ခေါ်တဲ့ မိုးများသစ်တောတွေမှာ နေတတ်တဲ့ သစ်ပင်တတ် ဖားပျံတွေကို သဲကန္တာရမှာ ထားတာမျိုး၊




Horned toads လို့ခေါ်တဲ့ အပူပိုင်း သဲမြေမှာနေတဲ့ ဖားပြုတ်တစ်မျိုးကို မိုးများသစ်တောတွေမှာ ထားတာမျိုး၊

Igloos လို့ခေါ်တဲ့ နှင်းခဲအိမ် သို့မဟုတ် စနိုးအိမ်လေးတွေကို အီကွေတာရပ်ဝန်း ပူနွေးရာသီဥတုလိုနေရာမျိုးမှာ ဆောက်တာမျိုး၊


မြက်ခင်းတွေမှာ ဆောက်လုပ်တတ်တဲ့ Grass huts မြက်ခင်းတဲလေးတွေကို ဝင်ရိုးစွန်းဒေသမျိုးမှာ ဆောက်တာမျိုး၊


အစရှိတဲ့ အရာတွေဟာ အတော်လေးမဆီမလျှော် ပြုလုပ်ထားတဲ့ အဖြစ်တွေပါ။

နောက်ထပ် အခြားပြောရအုန်းမယ်ဆိုရင် တယောတွေကို ရော့ခ်တီးဝိုင်းမှာ ဘန့်တွေမှာတွေ့ရခြင်းနှင့် လျှပ်စစ်ဂစ်တာကို ဆင်ဖိုနီအော်ချက်စထရာ ဝိုင်းတွေမှာ တွေ့ရခြင်းဟာ အတော်မဆီလျှော်သလိုတွေပေါ့။






ဒါဟာ သီအိုရီအရ ဗိသုကာပညာမှာ သတိထားသင့်တဲ့ မဆီလျှော်အောင်ဖြစ်တတ်တဲ့ အချက်တွေကို နားလည်သဘောပေါက်အောင် ပြောပြခြင်းပါ။ တကယ်တော့ နည်းပညာတိုးတတ်လာတဲ့ခေတ်ကြီးမှာ လူတွေရဲ့ တီထွင်ကြံဆမှုတွေကြောင့် အဲဒီမဆီလျှော်တာတွေကို လှပအောင် သစ်ဆန်းအောင် ဖန်တီးနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကတော့ တီထွင်ဆန်းသစ်သူတွေရဲ့ အံ့မခန်းပညာစွမ်းတွေနှင့် အဆင်ပြေအောင် ဖန်တီးနိုင်ခြင်းတွေပါ။
တည်ဆောက်မှုတွေမှာ ပတ်ဝန်းကျင့်နှင့် သဟဇာတမဖြစ်ပဲ ကွဲလွဲခြားနားနေတာဟာ ဘယ်အရာအတွေများဖြစ်နိုင်ပါသလဲ။
ဆိုရရင် ဆောက်လုပ်ရေး ပစ္စည်းများ (Building Material) ၊ ဆောင်တာပြ ဒီဇိုင်း(functional Design)၊ ဥတုရာသီ (Climate)၊ မြေမျက်နှာသွင်ပြင် လက္ခဏာ(Topography)၊ လက်ရှိ Themes (Existing themes)တွေနှင့်၊ မြေခင်း Landscape တည်ရှိမှုတွေဟာ အထူးသဖြင့် ကွဲလွဲနိုင်တဲ့ အချက်တွေပါ။
ပတ်ဝန်းကျင်နှင့် ဗိသုကာဆက်စပ်မှုကို စဉ်းစားခြင်းဟာ သူ့ရဲ့ပတ်ဝန်းကျင်နှင့် ဗိသုကာလက်ရာတို့ Unity ဖြစ်မှုကို ဖန်တီးနိုင်ပါတယ်။ အဲဒီ Unity ဆိုတာဟာ အနီးဝန်းကျင်နှင့် အံဝင်ခွင်ကျပြီး ၊ အသုံးဝင်သော ဆောင်တာဖြစ်စေသည့် ဒီဇိုင်းအဖြစ် ဟာမိုနီဖြစ်နေတဲ့ အခြေအနေမျိုးကို ဖန်တီးနိုင်ခြင်းကို ဆိုလိုပါတယ်။
အချုပ်အားဖြင့် ဒီဇိုင်းတစ်ခု၊ တည်ဆောက်မှုတစ်ခု ဖန်တီးတော့မယ် ဆိုရင် ကျနော်တို့တွေ မမေ့မလျော့ စဉ်းစားသင့်တဲ့ အချက်တစ်ခုဟာ ပတ်ဝန်းကျင်ထဲမှာ မိမိဒီဇိုင်းဟာ ဘယ်လို အနေအထားမျိုးနှင့် တည်ရှိနေမလဲဆိုတာ သေချာစဉ်းစားရင်း function and fit ဖြစ်အောင် ပြုလုပ်နိုင်စေကြောင်း။

MMO

မှတ်ချက် ။ ။ Mood images များရှာပေးတဲ့ MTZO ကြီး ကို ကျေးဇူးတင်ပါကြောင်း…..

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ