အခြေခံ Geometric Shapes လေးမျိုး

အခြေခံ Geometric Shapes လေးမျိုး



ဗိသုကာတွေဟာ စတုရန်း(Squares), စက်ဝိုင်း(Circles), အစက်(Points) နှင့် တြိဂံ (Triangle) စတဲ့ အခြေခံ ဂျီသြမေတြီ ပုံစံလေးမျိုးကနေ ဖြစ်ပေါ်လာတဲ့ ပုံစံ(Forms) အမျိုးမျိုး၊ ပုံသဏ္ဍာန်(Shapes) အမျိုးမျိုးကို အသုံးပြုပြီး သူတို့ရဲ့ ဒီဇိုင်းတွေကို ပုံဖော်တည်ဆောက်ကြပါတယ်။ ဒီဇိုင်နာအားလုံးဟာ အဲဒီအခြေခံ ပုံစံလေးမျိုးရဲ့ အသုံးဝင်မှုကို ကောင်းစွာနားလည်သဘောပေါက်ကြပါတယ်။
- အခြေခံ စတုရန်း(Squares) ပြင်ညီ plain တစ်ခုကို အညီအညာ စုပုံထပ်လိုက်မယ်ဆိုရင် ကုဗတုံး(cube) သို့မဟုတ် ၊ သေတ္တာ (box) တစ်ခုအဖြစ်ရရှိမှာပါ။
- အခြေခံ စက်ဝိုင်း(Circles) ပြင်ညီ plain တစ်ခုကို အညီအညာ စုပုံထပ်လိုက်မယ်ဆိုရင် ထုလုံးရှည်(Cylinder) တစ်ခုအဖြစ် တွေ့မြင်ရမှာပါ။
- စက်ဝိုင်း(Circles) အကြီးတစ်ခုမှ အစဉ်လိုက် သေးငယ်သွားသော စက်ဝိုင်းလေးတွေ စုပုံထပ်လိုက်ပြီး အဆုံးမှာ Point တစ်ခုအဖြစ်ထားလိုက်မယ်ဆိုရင် ထုလုံးချွန် (Cone) တစ်ခုအဖြစ်ရရှိပါမယ်။



- ထို့အတူ စတုရန်း(Squares) အကြီးတစ်ခုကို နောက်ဆုံး point လေးတစ်ခုအဖြစ်ထိ စုပုံထပ်လိုက်မယ်ဆိုရင် ပိရမစ် (Pyramid) တစ်ခုအဖြစ်ရရှိအုန်းမှာပါပဲ...။
- နောက် တစ်မျိုးက စက်ဝိုင်း(Circle) အပြားတစ်ခုကို ထောင်ပြီး လည်အောင်လှည့်လိုက်မယ်ဆိုရင် စက်လုံး(Sphere) သို့မဟုတ် ဘော်လုံးတစ်လုံး(ball) အဖြစ်မြင်တွေ့ရတော့မှာပါ...။



- တြိဂ (Triangles) တွေကို အခြေအနားအောက်မှာ ထောင်ထားပြီး ဘေးတိုက်အစဉ်အတိုင်း စဉ်ပြီးထားလိုက်မယ်ဆိုရင် အိမ်တစ်အိမ်ရဲ့ အမိုး(Roof) သို့မဟုတ် တဲ(Tent) ပုံသဏ္ဍာန်တွေ ဖြစ်လာနိုင်ပါတယ်...။နောက်ထပ်စဉ်းစားနိုင်တာတွေကတော့ အဲဒီအခြေခံ Geometric Shapes တွေထဲက တစ်ခုခုကို အခြားတစ်ခုခုနှင့် ပေါင်းထည့်ခြင်း ဖျက်ထုတ်ခြင်းပြုလုပ်လိုက်မယ်ဆိုရင်လည်း အခြား သီးခြား ဆန်းသစ်တဲ့ Geometric Shapes တွေဖြစ်လာပါလိမ့်မယ်...။



အခြေခံ Geometric ပုံစံရှိတဲ့ ပစ္စည်းလေးတွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ စဉ်းစားကြည့်မယ်ဆို များစွာ တွေ့နိုင်ပါတယ်...။
- Doughnuts မုန့်လေးတွေဟာ Circles လေးများလိုပါပဲ...။
- Crackers မုန့်လေးတွေဟာ Square လေးများလိုပါပဲ...။
စသည်ဖြင့်ပေါ့ဗျာ... ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုလေးတွေရဲ့ ပုံဏ္ဍာန် အမျိုးမျိုးဟာ ဘယ်လို Geometric Shapes လေးတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ လေ့လာရင်း သူတို့တွေနှင့် ဖွဲ့စည်းတည်ဆောက်မယ့် ကျနော်တို့တွေရဲ့ ဒီဇိုင်းတွေကို အမျိုးမျိုး ကွန့်မြူးနိုင်မယ် ဆိုတာ အသေအချာပဲဗျာ....။








MMO


Creative Space

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ