EDGES ( အစွန်းအနားသတ်များ )



ပုံသဏ္ဍာန် (shapes) တွေနှင့် ပြင်ညီ (planes) တွေရဲ့ အပြင်အနားသတ်တွေကို အစွန်းအနားသတ် (edges) လို့ခေါ်ကြပါတယ်..။ Edges လို့ ပြောတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ အရာဝတ္ထုများစွာရဲ့ ဆက်နွယ်မှုတွေ နားလည်နိုင်ခြင်းကို edges များက အဆုံးအဖြတ် ပေးပါတယ်...။ ကျွမ်းကျင်တဲ့ ဒီဇိုင်နာကောင်းတွေမှသာ အမြင်ဆိုင်ရာ အကျိုးသက်ရောက်မှုမှာ edges များရဲ့ အရေးပါမှုကို နားလည်နိုင်ပါတယ်.။



Edges ... အမျိုးအစားများစွာရှိပါတယ်...
lines,
contours,
value contrast,
texture,
colour and harmory....


စတာတွေရဲ့ ဆက်သွယ်ချက်တွေကို ဆုံးဖြတ်ရာမှာ edges ကိုနားလည်နိုင်ခြင်းက များစွာ အရေးပါပါတယ်...။
အစွန်းသတ်(edges) နှစ်ခု(သို့မဟုတ်) နှစ်ခုထက်ပိုပြီးတွေ့ဆုံမယ်ဆိုရင် အဲဒီတွေ့ဆုံတဲ့နေရာကို ဖော်ပြဖို့ မျဉ်းတစ်ကြောင်းအနေနဲ့ ပြရပါတယ်..။ အမှန်တကယ် အဲဒီ ဆုံတဲ့နေရာမှာ မျဉ်းအဖြစ် ရှိမနေရင်တောင်မှ အဲဒီလို ဖော်ပြတတ်ပါတယ်။ ပြင်ညီတစ်ခုဟာ ထောင့် (corner) အဖြစ် ချိုးသွားရင်ဖြစ်စေ၊ colour , value သို့မဟုတ် texture ပြောင်းသွားရင်ဖြစ်စေ၊ အခြား ပြင်ညီတစ်ခုနဲ့ တွေ့ဆုံရင်ပဲ ဖြစ်စေ အဲဒီလို edges တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဖောင်းအခုံး များရဲ့ edges တွေကို ထင်ထင်ရှားရှားတွေ့ဖို့တော့ ခဲယဉ်းပါတယ်..။ edges တွေကို နမူနာအနေနဲ့ စဉ်းစားမယ်ဆိုရင် blackboard နှင့် wall တွေ့ဆုံတဲ့နေရာတွေ၊ နောက် ကျောင်းဝန်းနှင့် ခြံစည်းရိုး ၊ စတာတွေပေါ့...။အဲဒီတွေ့ဆုံတဲ့နေရာတွေဟာ မျဉ်းကြောင်း(lines) တွေအဖြစ်တကယ်ရှိနေပါသလား။ ကျောင်းဝန်းရဲ့ ခြံစည်းရိုးဟာလည်း ကစားကွင်းရဲ့အဆုံးဖြစ်နေသလား။ မြက်ခင်းတစ်ခုကို စဉ်းစားကြည့်စမ်းပါအုုံး။ အဲဒါရဲ့ edges ဟာ ဘာတွေများဖြစ်နေမလဲ။ လူသွားလမ်းလေးတစ်ခုလား။ နံရံတစ်ခုလား။ အမည်းရောင်ကတ္တရာလမ်းတစ်ခုများဖြစ်နေမလား....။ စသည်စသည်ပေါ့လေ....။ အများကြီးတွေးယူ ဖြစ်နိုင်တယ်မဟုတ်လား။ ဒါနဲ့ ပင်လယ်ပြင်ကြီးရဲ့ ရေပြင်တွေ အဆုံးကိုရော ဘယ်လိုများခေါ်ကြပါလိမ့်...။ရှေးတုန်းက လူတွေဟာ ကမ္ဘာကြီးကို အပြားကြီးလို့ ယူဆခဲ့ချိန်မှာ လူတွေမေးခဲ့ကြတယ် ကမ္ဘာကြီးရဲ့ အဆုံးကိုရောက်သွားရင် ဘာဖြစ်မလဲပေါ့...။ အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါ အာကာသထဲကို လိမ့်ကျသွားမှာပေါ့တဲ့....။ ဒါပေမယ်... ဘောလုံးလို အလုံး (sphere) ပစ္စည်းတွေမှာ edges ကိုရှာဖွေဖို့ အင်မတန်ခက်ခဲပါတယ်...။ ဘာကြောင့်ဆိုတော့ ကုဗတုံးတစ်ခုလို ချွန်ထက်တဲ့ ထောင့်ချိုးရှိမနေလို့ပါပဲ...။ ပုံသဏ္ဍာန် (shapes) တွေဟာ အရာဝတ္ထုတစ်ခုအတွက် edges
ဖြစ်မလား contour ဖြစ်မလားဆိုတာ ဖော်ပြပေးပါတယ်။





နိုင်ငံတစ်နိုင်ငံရဲ့ edges ကတော့ နယ်စပ်၊ နယ်ခြား (boundaries) တွေပဲဖြစ်ပါတယ်။ အေရီရယ် ဖိုတိုဂရပ် တွေနှင့် မြေပုံတွေမှာ boundaris တွေကို ပုံသဏ္ဍာန်တွေ ရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ တခါတရံ တောင်ကုန်းတောင်တန်းတွေ အဖြစ်၊ တခါတရံ ဖြစ်တွေ၊ ပင်လယ်တွေ၊ ချောင်းတွေ၊ ရေကန်တွေအဖြစ်တွေ့ကြရပါတယ်။ မေးခွန်းလေးတွေမေးရမယ်ဆိုရင် ခင်းဗျားတို့ ကျနော်တို့တစ်တွေရဲ့ အခန်းတွေမှာ ရော boundaries တွေရှိနေသလား။ အဆောင်အဦးတစ်ခုရဲ့ boundaries တွေကရော ဘယ်နေရာမှာရှိနေလဲ....။ စတာတွေပေါ့.... တွေးကြည့်၊ ဖြေကြည့်ကြပါအုနး်...။



ဒါနဲ့ edges ဆိုတာ အင်မတန် အန္တရာယ်များတဲ့ နေရာ တစ်ခု။ တစ်ခါတုံးက စွန့်စားချင်တဲ့ လူငယ်နှစ်ယောက်ဟာ တောင်အတတ်အဆင်း ပစ္စည်း တင်ချလုပ်ရတဲ့ ကားမောင်းလုပ်ငန်းမှာ ဝင်လျှောက်ကြပါတယ်။ အင်တာဗျူးတဲ့အခါ လူငယ်တစ်ယောက်က သူကားမောင်း ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ အလုပ်ရှင်ကို ပြောချင်တဲ့ အတွက် “ ကျနော် ကြွတ်တစ်ကောင် အခန်းမဟုတ်တဲ့နေရာမှာ ပြေးလွှားသလို လမ်းရဲ့ အစပ် (edges of road) တွေမှာကို ကပ်ပီးမောင်းနိုင်ပါတယ်” လို့ပြောလိုက်တယ်။ နောက်လူငယ်တစ်ယောက်ကတော့ edges ရဲ့ သဘောတရားကို နားလည်တဲ့သူတစ်ယောက်ဖြစ်တော့ “ ကျနော်ကတော့ ကားမောင်းရင် တောင်နံရံနဲ့ ကပ်ပြီးမောင်းပါတယ်။ ဖြစ်နိုင်သမျှ လမ်းအစပ်(edges of road) နဲ့ ဝေးအောင်ဂရုစိုက်ပါတယ်” လို့ပြောလိုက်ပါတယ်...။ အလုပ်ရှင်ဟာ ဒုတိယလူငယ်ကို ရွေးပြီးခန့်လိုက်ပါတယ်တဲ့....။
ကဲဗျာ ဒီလောက်ဆိုရင် edges အကြောင်း တီးမိခေါက်မိလောက်ပြီ ထင်ပါတယ်နော်....။



MMO

Creative Space

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ