တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-3

ထိန်းသိမ်းစောင့်ရှောက်ခြင်း

နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။
အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။
အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။
ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိုင်းတွေကို သုံးပုံ တစ်ပုံလောက်အထိ ပိုင်းဖြတ်သင့်ပါတယ်။ အပွင့်ပွင့်ခါနီးတဲ့အခါ အပွင်းနား ကပ်နေတဲ့ အရွက်ဟာ အလက်ငါးလက်ခွဲနေတဲ့ အရွက်ပါ။ အကယ်၍ နှင်းဆီနွယ်ပင်အဖြစ် စိုက်မယ်ဆိုရင် သေချာ ဖြတ်ပိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်ကျွးကျင်တဲ့ သူနဲ့တိုင်ပင်ပြီး ပြုလုပ်ပေးသင့်ပါတယ်။

နှင်းဆီပင်တွေစာ ပိုးမွားတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ အပင်မျိုးပါ။ ပိုးတတ်ခြင်း ပျက်စီးခြင်းမှာ ကာကွယ်နိုင်အောင် ပြုလုပ်ပေးသင့်တာတွေက
-နံနက်တိုင်း ရေလောင်းပေးပါ။ ဒါမှာသာ အရွက်တွေ အကို်င်းတွေ တစ်နေကုန်ခြောက်သွေ့ပြီး မှိုတတ်ခြင်းမှ ကာကွယ်နိုင်မှာပါ။
-ခြောက်သွေ့နေတဲ့ အရွက်တွေ အကိုင်းတွေ၊ မှိုတတ်နေတာတွေ တွေ့တာ နဲ့ ချက်ချင်းဖယ်ရှားပေးပါ။
-ဆောင်းတွင်းမှာဆိုလျှင် ရော်ရွက်တွေကိုဖယ်ရှားပေးပါ။
-ပေါင်းရှင်းကိုင်းဖြတ်ပြီးလျှင် ရွက်သစ်၊ ကိုင်းသစ်များမထွက်ခင် (lime-sulfure) ကဲ့သို့သော အရည်များကို အင်းဆက်ပိုးတွေ ဥမဥအောင်နှင့် အကိုင်းတွေ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဖြန်းပေးသင့်ပါတယ်။
ဒါတွေကတော့ အကြမ်းဖျင်းစောင့်ရှောက်သင့်တဲ့ အချက်တွေပါခင်ဗျာ။
တကယ်စိုက်ပျိုးခဲ့ ရင်တော့ ကျွမ်းကျင်တဲ့သူတွေနှင့် တိုင်ပင်ပြီး စိုက်ပျိုးသင့်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း တနေ့နေ့မှာ နှင်းဆီ ခြံတစ်ခြံလောက် စိုက်ပျိုးကြည့်ဖို့ စိတ်ကူးမိပါရဲ့။ အကယ်၍ စိုက်ပျိုးဖြစ်ပြီ ဆိုရင်တော့ ပိုမိုလေ့လာရအုန်းမယ်ဆိုတာ တွေးနေမိပါရဲ့....။
ကျနော်စိုက်ပျိုးထားတဲ နှင်းဆီခင်းကြီးရဲ့ အလယ်မှာ လှပတဲ့ရေကန်လေးရယ်။ ကြည်လင်စိမ်းလဲ့နေတဲ့ ရေပြင်မှာ ကူးခတ်ပြေးလွှားနေကြမယ် ရောင်စုံငါးလေးတွေရယ်။ နောက် ကန်လေးကိုဖြတ်ပြီး အလှထိုးထားတဲ့ သစ်သားကုန်းတံတားလေးရယ်။ တံတားလေး အလွန်မှာ ပါဂိုလာ သစ်သားဇရပ်လေးမှာ ခုံလေးတွေ အစီအရီနဲ့။ (((အားပါး....)))
ကန်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့်လေပြေလေးတွေက နှင်းဆီရနံလေးတွေနှင့်အတူ ပါဂိုလာလေးမှာ ထိုင်နေမယ့် ကျနော် အတွေးတွေ ပွားနေလိုက်တယ်ဗျာ...။
တခါတရံ....ကျနော်တစ်ယောက်တည်း စာဖတ်ချင်ဖတ်နေမယ်...။ တခုခုကိုတွေးတောငေးမောနေမယ်။ တခါတရံ ကျနော့်ချစ်သူ (သို့) ကျနော့ ဇနီးလေးနဲ့ အတူထိုင်နေမယ်။ တခါတရံ ကျနော်နှင့် ဝါသနာတူသူငယ်ချင်းတွေနဲ့ ထွေရာလေးပါပြောချင်ပြောမယ်။ နောက် စစ်တုရင်လေးဘာလေးကစားမယ်။ အဆင်သင့်ရင်တော့ မစို့မပို့ ယမကာလေးဘာလေး အာရွှင်ဖို့ မှီဝဲ။ တခါတရံ မှာ ကျနော့ ဆရာသမားတွေ ဖိတ်ခေါ်ပြီး အသိပညာတွေ ဆွေးနွေးရင်း ဗဟုသုတတွေ သိုမှီးမယ်။ တခါတရံတော့ ကျနော်သိတာလေးတွေကို တခြားလေ့လာချင်သူတွေကို ဝေမျှမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ နှင်းဆီခြံလေး တည်ဆောက်လိုက်မယ်ဗျာ....။
အကယ်၍....ပေါ့ဗျာ....။
ကျနော်ခြံလေးကို လာရောက်လယ်မယ်ဆိုရင်တော့ ကျနော် ဝမ်းသာစွာ ကြိုနေမယ်ဆိုတဲ့ အကြောင်း။



လေးစားစွာဖြင့်

ဒီပိုစ့်လေးရေးဖြစ်အောင် အားပေးတိုက်တွန်းကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

MMO

Creative Space

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ