စေ့စပ်ညှိနှိုင်းခြင်းပညာ



ဒီဇိုင်နာ တစ်ယောက်ဟာ စေ့စပ်ညှိနှိုင်းခြင်းပညာ ကိုလည်းတတ်မြောက် ရပါမယ်။ ဒါမှလည်း အလုပ်အပ်သူနှင့် ကန်ထရိုက်တာ ကြားတွင် စေစပ်ညှိုနှိုင်းရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် အကောင်းဆုံး လုပ်ဆောင်နို်င်မှာ ဖြစ်ပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဟာ အလုပ်အပ်သူနှင့် ကန်ထရိုက်တာတို့အကြား စေ့စပ်ပေးရသော ညှိုနှိုင်းသူတစ်ယောက်လို့ ပြောမည်ဆို်လျှင်လည်း မှားမည် မဟုတ်ပါ။ ဤပို့စ် ဖြစ်မြောက်အောင် အစစအရာရာ အကူအညီပေးသော ညီမငယ် TDA အား အထူုးကျေးဇူးတင်ပါသည်။
Negotiation ခေါ်ဆိုသည့် စေစပ်ညှိနှိုင်း ပညာရပ်သည် လူ့ူဘောင် အဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှကျင့်သုံးနေရသော ပညာရပ်ဖြစ်ပါသည်။ လွယ်ကူမှုများရှိသကဲ့သို့ ခက်ခဲခြင်း၊ နက်နဲခြင်းများစွာလည်း ရှိပါသည်။ ဤစကားရပ်နှင့်စပ်လျဉ်း၍ ရေးသားထုတ်ဝေထားသော စာအုပ်အများအပြားရှိသည်။ အသုံးတည့်သည့် စာအုပ်၊ အသုံးဝင်သည့် အချက်များစွာတိို့ကို တွေ့ရှိရသကဲ့သို့ မြန်မာတို့အသုံးမလိုတော့သည် အချက်များစွာတို့ကိုလည်း တွေ့ရသည်။

စေ့စပ်ညှိနှိုင်းခြင်း မည့်သည်ဆက်သွယ်မှုကို အမှီသဟဲပြုရပါသည်။ ပုဂ္ဂိုလ်များ အကြားဖြစ်ပေါ်သော ကိစ္စမျိုးဖြစ်သည်။ ပုဂ္ဂိုလ်များသည် သူတို့နှင့်ဆက်ဆိုင်သော ကိစ္စ (သို့မဟုတ်) စုပေါင်းအဖွဲ့ငယ်တို့၏အဖွဲ့အစည်းများကို ကိုယ်စားပြု ဆောင်ရွက်ခြင်း ဖြစ်သည်။
စေ့စပ်ညှိနှိုင်းခြင်းများကို ရှေးဟောင်းစာပေ၊ ကျမ်းဂန်အမျိုးမျိုး နှင့် ခေတ်ပေါ် အပြုအမူဆိုင်ရာသိပ္ပံပညာ Behaviroal Science များတွင်လည်း တွေ့ရှိရသည်။ သို့သော် ကျယ်ပြန့် လှသော စေ့စပ််ညှိနှိုင်းခြင်း၏ အဓိပ္ပါယ်အပြည့်အဝကို ကာမိစေရန် တစ်ခုသော (သို့မဟုတ်) စုပေါင်း Behaviroal Science တို့ကို ဖော်ထုတ်နိုင်သည့် အနေအထား မရှိသေးပါ ။ တစ်ကယ်တမ်းတွင် လောလောဆယ်အချိန်အထိ လူတစ်ဦးသာ လမ်းညွန်မှုပေးနိုင်သည့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အထွေထွေသီအိုရီ (ခေါ်) သတ်မှတ်နည်းနိဿရည်း ပေါ်ပေါက်ခြင်း မရှိသေးပါ။ သို့ဖြင့် လူ့ဘောင်လောက၏ သမားရိုးကျကျင့်စဉ် မြေစမ်းမရမ်းပျိုးနည်း Trial and error အတိုင်းပြုလုပ်နေကြ ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အမှားတစ်ခုမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေတတ်သည်။ ယင်းအချက်များကို အခြေပြုလျက် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ ဗဟုသုတများကို ကန့်သတ်ထားသည့် ကိုယ်တွေ့အတွေ့အကြုံများမှ ရယူနိုင်ခြင်း ဖြစ်ပါသည်။
လူသားအားလုံးတို့သည် နေ့စဉ်နှင့်အမျှ လှုပ်ရှားနေကြရာတွင် အကြောင်းအရာ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းခြင်းများ ပါဝင်သည်။ သို့ဖြင့် နေ့စဉ်သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းစာများတွင် စေ့စပ်ညှိနှိုင်းကြသည့် သတင်းမျိုးစုံတို့ကို ဖတ်ရှနေရသည်။
ကမ္ဘာ့အနှံအပြားတွင် စေ့စပ်ညှိနှိုင်းခြင်း ပြုလုပ်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အမျိုးမျိုးအပါအဝင် စည်းဝေးပွဲ အမျိုးမျိုးတို့ကျင်းပနေခြင်းတို့ကို သိနေရသည်။ ပဋ္ဋိပက္ခများပေါင်းစည်းရေး၊ လူမှုစီးပွားရေး ၊ လက်နက်လျော့ပေါ့ရေး စသည့် ကိစ္စများပါဝင်သည်။ ဤတွင်သတင်းများတွင်မပါရှိသော စေ့စပ်ညှိနှိုင်းခြင်းများစွာတို့ ရှိသေးသည်။
စေ့စပ်ညှိနှိုင်းခြင်းကို အကြောင်းကိစ္စပေါ်ပေါက်လာသည့်အခါ သာမန်အားဖြင့် အမြန်ဆုံးပြုသွားလေ့ရှိပါသည်။ ဤသည်မှာ ပြဿနာကို အမြန်ဆုံးပြေလည်ရှင်းလင်းသွားစေလိုသော အာသာဆန္ဒကို အခြေပြု၍ ဖြစ်သည်။ အမှန်တွင် အမြန်းဆုံးပြေလည် စေခြင်းသည် မိမိအကျိုးစီးပွားကို ရသင့်ရထိုက်သည်ထက် လျော့နည်းခြင်း၊ ရှိမရှိ သေချာစွာ စိစစ်သင့်သည်။ ထို့ကြောင့်အချို့ပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံတို့အနေဖြင့် အချိန်ယူ၍ ချိန်းဆိုခြင်းများ ပြုလုပ်ကြသည်။ ဤသို့ အချိန်ယူ အချိန်ခွာ ချိန်းဆိုခြင်းမျိုးသည် အမှားရှိက ပြုပြင်ချိန်ရနိုင်ခြင်း၊ အသင့်ပြင်ဆင်မှု အချိန်ပိုရခြင်း၊ အကြောင်း အမျိုးမျိုး ချိန်ဆွဲလိုခြင်းတို့ကို အထောက်ကူပြုခြင်း၊ စသည်တို့ဖြစ်ပေါ်စေသည်။ စေ့စပ်ညှိနှိုင်းခြင်းကာလ သတ်မှတ်မှုနှင့် အပြည့်အဝ ဆက်စပ်မှုမရှိသော်လည်း နှီးနွယ်နေသော စေ့စပ်ညှိနှိုင်းပွဲ တက်ရောက်သည့် ကိစ္စတစ်ခု ရှိပါသည်။ တစ်ခါတစ်ရံဆန္ဒမရှိခြင်း၊ လုပ်ငန်းမဖြစ်စေလိုသောကြောင့် ပတ်ဝန်းကျင်တိုက်တွန်းမှု (သို့မဟုတ်) ပြင်ပ ပယောဂကြောင့် တစ်ဖက် (သို့တည်းမဟုတ်) နှစ်ဖက်လုံး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်တက်ရောက်ကြသည်။ ဤကဲ့သို့အနေအထားသည် ပြေလည်မှု ရရှိစေရန် နှစ်ဖက်လုံးမှ ကြိုးစားကြသည်ဟူသော အကျိုးအမြတ်ကိုဖြစ်ပေါ်စေသည်။
လူတို့သည် စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ကြသည့်အခါ ထူးခြားသော အသွင်အပြင် ခြားနားသောပုံစံအမျိုးမျိုးတို့ဖြင့် တုန့်ပြန်လေ့ရှိကြသည်။ အထူးသဖြင့် စိတ်သဘောထားခြင်း လုံးဝမတိုက်ဆိုင်၊ ညှိနှိုင်းမရသည့်အခါတွင် အဆိုးရွားဆုံးဖြစ်သည်။ ထို့ကြောင့် မည်သို့သော စေ့စပ်ညှိနှိုင်းသူမျိုးအတွက်မဆို လူသားတို့၏စိတ်နေသဘောထားကြိုတင် သိထားနိုင်မှုသည် လိုအပ်ချက်တစ်ရပ်ဖြစ်နေသည်။ စေ့စပ်ညှိနှိုင်းသူများတွင် ကြိုကြိုတင်တင် ပြင်ဆင်မှု ပြုလုပ်ထားသူများသည် လက်ဦးမှု ရရှိကြသည်။ နှစ်ဖက်လုံးမှပုဂ္ဂိုလ်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲသို့တက်ရောက်လာကြရာတွင် အချို့သော ခန့်မှန်း တွက်ဆခြင်းများ Assumptions ပြုလုပ်ကြစမြဲဖြစ်သည်။ ခန့်မှန်းတွက်ဆခြင်းများသည် ဘာသာရပ်ကိုကျွမ်းကျင်ခြင်း၊ တစ်ဖက်သဘောထား နောက်ခံများနားလည်ခြင်း၊ အားနည်းချက်များကြိုတင် သိခြင်း အစရှိသည့် အချက်အလက်များစွာကို အခြေပြုပြီးမှ ပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါခန့်မှန်းတွက်ဆခြင်း အချို့အနေဖြင့် ကွဲလွဲတတ်သည်။ အောင်မြင်သောစေ့စပ်ညှိနှိုင်းပွဲသည် သက်ဆိုင်ရာပုဂ္ဂိုလ်၏အဆိုပါခန့် မှန်းတွက်ဆခြင်း နှင့် အခြားတစ်ဖက်မှပုဂ္ဂိုလ်၏ ခန့်မှန်းတွက်ဆမှုအပေါ် ကြိုတင်မျှော်လင့်ထားချက်တို့တွင် အခြေပြူသည်။ စေ့စပ်ညှိနှိုင်းမှု နည်းစနစ်နှင့် ဦးတည်ချက်ကို နားလည်သဘောပေါက်ခြင်းတို့သည် အစဉ်သဖြင့် တစ်လှည့်စီ ပါဝင်လှုပ်ရှားလျက်ရှိသည်။ နှစ်ဖက်လုံးအနေဖြင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ လိုအပ်ချက်များ Needs ကိုရလိုကြစမြဲဖြစ်သည်။ စေ့စပ်ညှိနှိုင်းပွဲ သည် နှစ်ဖက်စလုံးမှလိုအပ်ချက်များကို တစ်မျိုးတစ်ဖုံစီ မဖြစ်ပေါ်စေနိုင်ပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။ တစ်နည်းဆိုသော် တစ်ဖက်မှ အောင်မြင်မှုရပြီး ကျန်တစ်ဖက်မှ ဆုံးရှုံးစေကာမှု နှစ်ဦး နှစ်ဖက်အကျိုးရှိသည့် သဘောမျိုး ဖော်ဆောင်နိုင်မည်ဆိုပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။
အားကစားသမားကောင်းတစ်ဦး ရွေးချယ်ရာတွင် သက်ဆိုင်ရာ နည်းပြသည် လျင်မြန်မှု ၊ ခွန်အားပြည့်မှု ၊ ခံနိုင်ရည်ရှိမှု၊ မျက်လုံးနှင့်လက်လှုပ်ရှားမှု ၊ ဆက်စပ်မှု ၊ အိနြေ္ဒရမှု ၊ လျှပ်တပြက်တုန့်ပြန်နိုင်မှု တို့ကို အခြေပြုပြီးရွေးချယ်သည်။ ထိပ်တန်းအားကစားသမားများ ရွေးချယ်ရာတွင်လည်း ပိုမိုနက်နဲသော အရည်အချင်းများဖြစ်သည့် ကြာရှည်စွာစွမ်းဆောင်နိုင်မှု၊ မျက်လုံးကောင်းခြင်း၊ မိမိကိုယ်မိိမိယုံကြည်မှု၊ စိတ်ပြင်းထန်မှု၊ လုပ်ရဲကိုင်ရဲရှိမှုတို့ကို အခြေပြုသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်ရာတွင်လည်း အလားတူ သတ်မှတ်ချက်မျိုး ရှိသည်။ သို့သော် အချို့သည် ပင်ကိုယ်အနေအထားကလည်းကောင်း၊ အတွေ့အကြုံများမှလည်းကောင်း၊ နားလည် ကျွမ်းကျင်ကြသကဲ့သို့ အချို့အနေဖြင့် သင်ကြားဆည်းပူးခြင်းဖြင့် တတ်သိလာပါသည်။
စေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်မည့် ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) ကျွမ်းကျင်သူတစ်ဦး အနေဖြင့် တစ်ဖက်မှ သဘောကျ နှစ်ခြိုက်စရာမလိုပါ။ ဤတွင် တစ်ဖက်၏ နှစ်လိုသဘောကျခြင်း နှင့် အဓိပ္ပါယ်ကွဲပြားခြားနားမှု ရှိပါသည်။ အတွေးအခေါ်ရင့်ကျက်မှု၊ နှစ်လိုဘွယ်ရှိမှု၊ ရိုးသားမှု (သို့မဟုတ်) ရယ်သွမ်းဖွယ်ရာ ပြောဆိုတတ်မှုတို့သည် အခြားတစ်ဖက်၏ အလိုအလျောက် နှစ်လိုသဘောကျခြင်းက ိုဖြစ်စေပါသည်။ သို့ဖြင့် အခြားတစ်ဖက်၏ အလျော့ပေးခြင်းတို့ကိုလည်း ဖြစ်ပေါ် စေတတ်ပါသည်။ တစ်ဖက်မှ အလိုအလျှောက် နှစ်လိုသဘောကျခြင်းမဟုတ်၍ နှစ်လိုသဘောကျစေရန် မိမိဆန္ဒအလျောက် ဖန်တီးယူခြင်းသည် မိမိ၏အားနည်းချက်ကို ဖြစ်ပေါ်စေရုံမျှမက တစ်ဖက်မ ှနှစ်လိုသဘောကျစေရေးအလို့ငှာ အလျှော့ ပေးမည့်ကိန်းကိုလည်း ဖြစ်ပေါ်စေသည်။ တစ်ဖက်သား သဘောကျစေရန် ပြုတတ်သူများ သည် တစ်ဖက်သားဖက်သို့ အလွယ်တကူ ပါတတ်ပါသည်။ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် မိတ်ဆွေနှင့် အလုပ်ကိုခွဲခြားပြသမှုပြုထားသည်။

အလားတူပင် စေ့စပ်ညှိနှိုင်းမှု၊ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် ဆွေးနွေးပွဲတွင် ကြုံကြိုက်ရလေ့ရှိတတ်သော မရေမရာဖြစ်လာမှုများ၊ ပြောင်းလဲခြားနားမှုများကို ခံနိုင်စွမ်းရှိသည်။ အလိုက်သင့်အခြေအနေကို ခံနိုင်စွမ်းရည်ရှိသည်။ စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် သမာဓိဂုဏ်နှင့်ပြည်စုံပါက တစ်ဖက်၏လေးစားခြင်းကိုခံရတတ်သည်။ သမာဓိဂုဏ် ဆိုသည်မှာနားလည်သဘောပေါက်ရန် အချိန်ယူသည်နှင့်အမျှ စေ့စပ်ဆွေးနွေးပွဲတွင် ကျွမ်းကျင်မှုပညာတစ်ခု၊ တစ်ဖက်မှ အလျော့ပေးရေး ပြုလုပ်နိုင်သော အချက်တစ်ချက်ဖြစ်သည်။

စေ့စပ်ဆွေးနွေးပွဲလယ်တွင် ဘာသာရပ်ကို အတတ်ဆုံးလူ၊ အသိဆုံးလူသည် ကျွမ်းကျင်လိမ္မာပါးနပ်သော စေ့စပ်ညှိနှိုင်းသူှ ဖြစ်သည်။ တစ်ကယ်တွင် ဘာသာရပ်ကျွမ်းကျင်သူဖြစ်လင့်ကစား စေ့စပ်ညှိနှိုင်းခြင်း ၊ နားမလည်လျှင် (သို့မဟုတ်) ပါးရည်နားရည်မရှိလျှင်ပါဝင် ဆွေးနွေးခြင်းငှာ မသင့်ပါ။ သေးငယ်သောကိစ္စကြောင့်ပင် ပွဲပျက်လေ့ရှိပါသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် မည်သည့်အကြောင်းရပ်မဆို ရင်ဆိုင်ဆွေးနွေးသွားရန်အသင့် ရှိကြောင်း အနေအထားရှိရပါသည်။ သာမန်အားဖြင့်ဆိုလျှင် ကောင်းလှပြီ၊ ပြည့်မီလှပြီဟူသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် အမှားမဖြစ်အောင် နေတတ်သည့်ပုဂ္ဂိုလ်၏ စိတ်ထားမျိုးရှိရပါသည်။ ပြင်းပြသည့်ပြိုင်ဆိုင်လိုသော ဉာဉ်မျိုးမွေးရသည်။ လုံးဝဝေဖန်ပြစ်တင်ခြင်း မပြုနိုင်သည့် သမာဓိဂုဏ်လည်း ပြည့်စုံရသည်။
ရှု့ထောင့်အမျိုးမျိုးအပြင် အားလုံးကိုခြုံကြည့်တတ်ရသည်။ အရေးပါသော အသေးစိတ်ကို မြင်တတ်ရသည်။ ဤသည်တို့သည် သာမှန်အဆင့် စေ့စပ်ညှိနှိုင်းသူတို့ ရှိသင့်ရှိထိုက်အပ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထူးခြားသောအဆင့်ရရှိနိုင်ရန်
(က) သည်းခံမှုရှိခြင်း၊
(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း စသည်တို့နှင့်ပြည့်စုံရန်လိုပါသည်။

(က) သည်းခံမှုရှိခြင်း၊
သည်းခံခြင်းသည် သာမန်အားဖြင့် မြင့်မြတ်သောဂုဏ်ဖြစ်ပါသည်။ သို့သော် စေ့စပ်ညှိနှိုင်းပွဲတွင် အတိုင်းအတာအားဖြင့် ခန်မှန်းခြင်းမပြုနိုင်သော စွမ်းအားကြီးဖြစ်သည်။
အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ စေ့စပ်ညှိနှိုင်းပွဲတို့တွင် ပါဝင်တက်ရာက်သူများ အခြေခံအသုံးပြုသော အဓိကလက်နက်ကြီး ဖြစ်သကဲ့သို့ မဟာဗျူဟာတစ်ခုလည်း ဖြစ်ပါသည်။ စေ့စပ်ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများသို့ ဒေါသစိတ်လွှမ်းမိုးမှုဖြင့် ပါဝင်ဆွေးနွေးခြင်းသည်စေ့စပ်ညှိနှိုင်းမှု မအောင်မြင်စေသည်သာမက အခြားဆုံးရှုံးမှုများလည်း ဖြစ်ပေါ်စေတတ်သည်။ အလားတူပင် စိတ်တိုခြင်း၊ အစွန်းရောက်ခြင်းတို့သည်အခက်အခဲများ ကြုံတွေ့ခြင်း၊ အောင်မြင်မှုရရှိရန် အလားအလာ နည်းပါးခြင်းသို့ ရှေးရှု့တတ်ပါသည်။

(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
သေချာစွာ နားထောင်ခြင်းသည် စကားပြောခြင်းနည်းတူ ဆွဲဆောင်အားကောင်းသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တစ်ဖက်သားမှပြောဆိုသည့်စကား၊ ဆိုလိုသည့်အနက် အဓိပ္ပါယ် စကားလုံးအသုံးအနှုန်း၊ လေသံအနိမ့်အမြင့်၊ ကိုယ်နေကိုယ်ထား၊ ခြေဟန်လက်ဟန်တို့ကို ဂရုစိုက်သေချာစွာ နားထောင်ခြင်းသည် တစ်ဖက်သဘောထား ရပ်တည်ချက်နှင့် အခြားအနေအထားအမျိုးမျိုးတို့ကို သိရှိနိုင်ရန်တို့အပြင် တစ်ဖက်သား လေးစားမှုပြသသည့်သဘောဖြစ်သဖြင့် အရေးပါသောကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ တစ်ဖက်က စကားကို ဂရုတစ်စိုက်နားထောင်ခြင်းဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို သိရှိနားလည်ရုံမျှမက အပြောင်းအလဲဖြစ်သွားမှုများနှင့် အခြားသိကောင်းစရာများကိုလည်း သတိမှု နိုင်မည်ဖြစ်ပါသည်။

(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
အစည်းအဝေးပွဲကြီးများ၊ ဆွေးနွေးပွဲကြီးများ၊ အထူးသဖြင့် စေ့စပ်ညှိနှိုင်းပွဲ တို့တွင်ပါဝင်ဆင်နွဲသူ တို့အနေဖြင့် ရှုပ်ထွေးအောင်ပြုလုပ်သည့် မဟာဗျုဟာကို သုံးလေ့သုံးထရှိကြသည်။ ထို့အပြင် ဆွေးနွေးပွဲပြီးစီးသည့်နောက်ပိုင်း တစ်ဖက်အနေဖြင့် မရှင်းမလင်းအနေအထားမျိုး ဖြစ်တတ်ကြသည်။ အလားတူပင် အချို့အနေဖြင့် ရှင်းလင်းအောင် မတင်ပြနိုင်ခြင်းမျိုးကို မကြာခဏ တွေ့ရှိရသည်။ သို့ဖြင့် မလိုလားအပ်သော ရှင်းလင်းမှုများပြုလုပ်ခြင်း၊ အချိန်ကြန့်ကြာခြင်းများနှင့် ကြုံတွေတတ်ကြသည်။ သို့သော် တိုတိုနှင့်ရှင်းရှင်းတင်ပြတတ်သူများ ရှိတတ်သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းအရာ၌ နားလည်ကြသူများ မဟုတ်သော်လည်း အောင်မြင်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။

(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
ဆွေးနွေးသည့်ခန်းမတွင် ဆွဲဆောင်မှုအများဆုံးရနိုင်သူသည် ဆွေးနွေးသည့်ဘာသာရပ်၊ စေ့စပ်ညှိနှိုင်းသည့် ကိစ္စအနုစိတ်ကို ပိုင်နိုင်သည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ပါသည်။ အလားတူပင် နိုင်ငံရေးပိုင်း၊ လူမှုရေးပိုင်း၊ ဥပဒေပိုင်း၊ ပိုင်နိုင်သည့်စေ့စပ်ညှိနှိုင်းသူများသည် အရေးပါသောသူများဖြစ်ကြပါသည်။ တနည်းဆိုသော် စေ့စပ်ညှိနှိုင်းသူအနေဖြင့် သတ်မှတ်ကဏ္ဍပိုင်းကိိစ္စပိုင်ဆိုင်မှုရှိခြင်းသည် အခြားတစ်ဖက်သူများ ထက်သာလွန်မှုရှိပါက စေ့စပ်ညှိနှိုင်းခြင်း ကျွမ်းကျင်မှုပိုင်းတွင်လည်း သာလွန်မည်သာဖြစ်သည်။

(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း
စီမံကိန်း/ လုပ်ငန်းစေ့စပ်ဆွေးနွေးပွဲများတွင် စီမံခန်ခွဲရေးကျွမ်းကျင်မှုသည်အရေးပါသောကိိစ္စ ဖြစ်ပါသည်။ ဆွေးနွေးပွဲခန်းမ၌ လူတကာထက် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းသည် စေ့စပ်ညှိနှိုင်းသည့်အခါမျိုးတွင် အထက်စီးကို ရစေတတ်ပါသည်။
စေ့စပ်ညှိနှိုင်းခြင်းပညာရပ်အတွက် ရေတို/ ရေရှည်သင်တန်းများတွင် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေစူးစမ်းခြင်း၊ မှတ်တမ်းမှတ်ရာပြုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း အစရှိသည့်အဆင့်(၄)ဆင့် နည်းပညာများသာမက ထပ်တလဲလဲသော လက်တွေ့ အလေ့အကျင့်များလည်းပါဝင်သည်။ စေ့စပ်ညှိနှိုင်းခြင်းမပြုမီ ကြိုတင် ပြင်ဆင်မှုပြုလုပ်၍ စေ့စပ်ညှိနှိုင်းခြင်း၏ ရည်ရွယ်ချက်၊ စေ့စပ််ညှိနှိုင်းပိုင်ခွင့် အတိုင်းအတာ မည်သူ့ နှင့် စေ့စပ်ညှိနှိုင်းခြင်းပြုနေသည်။ တဖက်ပုဂ္ဂိုလ်၏ ထူးမြတ်ပိုင်ခွင့် ရှိသည့် အတိုင်းအတာလက်ခံခြင်း မပြုနိုင်သော အကြောင်းအချက် အစရှိသည့် မေခွန်း (၅)ခုကို ကြိုတင်စဉ်းစားထားရန် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင်......

(က) (Why) မည်သည့်အတွက်ကြောင့်ပြုလုပ်ရခြင်းဖြစ်သည်။
(ခ) (Who) မည်သူတွေနှင့် ညှိနှိုင်းရမည်။
(ဂ) (Where) မည်သည့်နေရာတွင်ပြုလုပ်ရမည်။
(ဃ) (When) မည်သည့်အချိန်တွငြ်ပုလုပ်ရမည်။
(င) (How) မည်သို့မည်ပုံပြုလုပ်ရမည်

အစရှိသောအဓိက စိစစ်မှုများကို ကြိုတင်ပြုလုပ်ရပါသည်။ ထိုနည်းတူ တစ်ဖက်သား ပြောဆိုသည်ကို သေချာစွာနားစိုက်ရန် (Listen) နှင့် အထင်မှား၊ အမြင်မှားမြင်တတ်သည့် အကျင့်ဆိုးများ ပပျောက်ရေး အတွက် အလေ့အကျင့်ပြုစုပျိုးထောင်သွားရန် ဖြစ်ပါသည်။ သေချာစွာ နားစိုက်နိုင်ရေးအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုသည် အတိုချုံ့မှတ်သားခြင်း (Summarizing) နှင့်ပြန်လည်စစ်ဆေးခြင်း (Reviewing) ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်ဖက်က ပြောသည်ကို မှတ်သားခြင်း၊ အရေးပါသောအချက်အလက်ကို မှတ်သားခြင်း၊ အတိုချုံးရေးခြင်းနှင့် တစ်ဖက်သို့ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆောက်ရွက်ခြင်းများသည် သဘောတူညီချက် အခန်းကဏ္ဍအတွက် အထူးအရေးပါသည်ဖြစ်ပါသည်။ စေ့စပ််ညှိနှိုင်းကြသူများအနေဖြင့် အာရုံစိုက်နားထောင်ပြီး လိုက်၍ ရေးသားမှတ်သားခြင်း ပြုရာတွင် မိမိနားစိုက်/ အာရုံစိုက်နေသည့် ကိုယ်ဟန်အမူအရာကို ပျက်မသွားစေရန်ဖြစ်ပါသည်။

ကိုယ်ဟန်အမူအရာသည် စေ့စပ််ညှိနှိုင်းသည့် ပညာရပ်အတွက် အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါသည်။ မျက်နှာဟန်မူရာနှင့် ကိုယ်ဟန်အမူအရာတို့သည်တစ်ခုသောအဓိပ္ပါယ် (သို့မဟုတ်) အချက်ကို အောင်စေခြင်း ဖြစ်တတ်ပါသည်။ မျက်နှာဟန်မူရာသည် ဦးခေါင်း၊ မျက်လုံး၊ နှုတ်ခမ်းအသီးသီးတို့၏လှုပ်ရှားမှုများ ပါဝင်သည်။ ထို့နည်းတူပင် လက်၏လှုပ်ရှားမှု၊ ပုခုံးနှင့် ဦးခေါင်းအနေအထား၊ ကိုယ်အင်္ဂါလှုပ်ရှားမှုများသည် သတိပြုရန် သင့်သောလှုပ်ရှားမှုများ ဖြစ်ပါသည်။ ဘောင်းဘီအိတ်အတွင်း လက်ကိုထည့်၍ စကားပြောဆိုခြင်းသည် ရိုင်းပြသောအပြုအမူဟူ၍ ဆိုကြပါသည်။ သုတ်သီး သုတ်ပြာလှုပ်ရှားမှုသည် စိုးရိမ်ကြောင့်ကြခြင်း၊ ကြောင့်ရွံခြင်း၊ ပူပန်ခြင်းအဓိပ္ပါယ်မျိုး သက်ရောက်စေပါသည်။ သို့ဖြင့် တည့်မတ်စွာထိုင်ခြင်း၊ ရပ်ခြင်း၊ (ခါးကုန်းမှုလုံးဝမပြုခြင်း) ၊ (လျော၍မထိုင်ခြင်း) ၊ဝတ်စားဆင်ယင်မှုကောင်းခြင်း၊ အိနြေ္ဒရှိစွာဖြင့် လှုပ်ရှားပြုမှုခြင်း၊ ရင်ကော့၍ မျက်နှာတူရူထားရှိခြင်း၊ အပြုံးဆောင်ခြင်းအစရှိသည့် လေ့ကျင့်ခန်းများအကျင့် ဖြစ်သွားအောင် လေ့ကျင့်ရန် လိုပါသည်။ စေ့စပ်ညှိနှိုင်းပွဲတွင် အဆိုးရွားဆုံးအန္တရာယ်မှာ တစ်ဖက်နှင့် တစ်ဖက်လှည့်ကွက်များ၊ ပြုလုပ်ခြင်း၊ ကစားခြင်း (Game Playing) ဖြစ်ပါသည်။

နှစ်ဖက်လုံးအတွက်အချိန်ကုန် အားကုန်သည့်အပြင် အောင်မြင်မှု ရ လာဒ်ကို အဟန့်အထား ဖြစ်စေတတ်သည်။ ကိုယ်ကျိုးအတွက် အမှတ်ယူတတ်ခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် အဓိက ပြဿနာ ဆွေးနွေးခြင်းတို့မှ လွဲချော် တတ်ပါသည်။ တစ်ဖက်နှင့် တစ်ဖက်အထင်မှား ၊ အမြင်မှားဖြစ်စေတတ်သဖြင့် အထူးသတိပြုရန် နှင့် ရှောင်လွှဲတတ်ရန် ဖြစ်ပါသည်။

Reference : Photo အား www.emergencypulse.com မှရယူပါသည်။

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ