“Melody, Feeling & Thinking of LINE"

Space တစ်ခုကို design လုပ်ဖို့ စဉ်းစားသောအခါ-
1) Dot ဆိုတဲ့ အစက်ကလေးများနှင့် လည်းကောင်း
2) Line ဆိုတော့ မျဉ်းအမျိုးမျိုးများနှင့် လည်းကောင်း
3) Shape & Form ဆိုတဲ့ ဖွဲ့စည်းပုံ အမျိုးမျိုးနဲ့လည်းကောင်း Space တစ်ခုကို Design လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်... ကဲ.. ကျွန်တော်တို့အနေနဲ့ Space တစ်ခုကို design မလုပ်ခင်မျာ ဒီ Dot, Line, Shape & Form တွေရဲ့ သဘောသဘာဝကို လေ့လာကြည့်ရအောင်နော်...။


"DOT ဆိုတဲ့ အစက်ကလေးတွေ ဘယ်လိုများ လုပ်ဆောင်ပေးပါသလဲ....."





Size of Dot &Thick and Thin Line

ဒီပုံလေးကို ကြည့်ရင် Dot လေးတွေရဲ့ ဖွဲ့စည်းပုံအလိုက်၊ သူ့ရဲ့ အထူ အပါး အလိုက်၊ ထားရှိမယ့်နေရာ နေရာ ချမှုအလိုက် design တစ်ခုကို ပြောင်းလဲ ဖြစ်တည်စေနိုင်တာကို တွေ့နိုင်ပါတယ်.. ထို့အတူပဲ ကျွန်တော်တို့ design လုပ်မယ့် space အတွင်းမှာ ကျွန်တော်တို့ ထည့်သွင်းမယ့် element လေးတွေရဲ့ size အလိုက် ပြောင်းလဲ ဖြစ်တည်လာမယ့်အခြေအနေကို ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်...။



Sence of Direction
ဒီ ပုံလေးမှာ အစက်ကလေးတွေက ဘာကို ပြဆိုပါသလဲ.... သူရဲ့ size ဆိုတဲ့ အရွယ်အစားအထက် သူတို့တွေရဲ့ စုဖွဲ့မှုဟာ direction ဆိုတဲ့ လမ်းကြောင်း တစ်ခုကို ဦးတည်နေကြောင်း တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။


"Line ဆိုတဲ့ မျဉ်းကလေးတွေ ဘယ်လိုများ လုပ်ဆောင်ပေးပါသလဲ....."
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ကိုသန့်ဇင် ရဲ့ "စကားပြောသော မျဉ်းကြောင်းကလေးများ" ကိုပဲ ရည်ညွန်းချင်ပါတော့တယ်...ကျွန်တော်တို့အနေနဲ့ မျဉ်းကြောင်းကလေးများက ပြောတဲ့စကားကို နားလည်ဖို့ကြိုးစားသင့်သလို မျဉ်းကြောင်းကလေးများကပေးတဲ့ design concept ကိုလည်း လေ့လာကြည့်ရအောင်နော်....



Vertical Line
မျဉ်းမတ် လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်းကျင်တစ်ခုထဲ ရောက်ရှိသွားရင် ကျွန်တော်တို့ရဲ့ ရင်မှာ ဘယ်လို ခံစားမိမှာလဲဆိုတာကို တွေးကြည့်ပါလားနော်... သေချာတာကတော့ Space တစ်ခုအတွင်းမှာ တည်ရှိနေမယ့် မျဉ်းမတ်ပုံ element လေးတွေက ကြည့်သူရင်မှာ strong & stable ဆိုတဲ့ ခိုင်မြဲမှုနဲ့ ကြံ့ခိုင်မှုကို ခံစားစေမှာပါ..။



Horizontal Line
မျဉ်းဖြောင့်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်ဆိုရင်ကော??? အဝေးကို ကြည့်လိုက်တိုင်း မိမိနဲ့ ပြင်ညီပုံ လှိုင်းတွေနဲ့ ပြေးလွှားနေနိုင်တဲ့ မျဉ်းလေးတွေက ကျွန်တော်တို့ကို Peaceful ဆိုတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ Lifeless ဆိုတဲ့ အဆုံးမဲ့မှုကို ခံစားဖို့ ပေးနေပါလိမ့်မယ်...။



Inclined Line
မျဉ်းစောင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ space တစ်ခုထဲရောက်သွားရင်တော့ ကျွန်တော်တို့ အနေနဲ့ ထိုမျဉ်းလေးတွေရဲ့ ခိုင်မြဲနိုင်မှာလားဆိုတဲ့ မရေရာ မသေချာမှု၊ မတည်ငြိမ်သယောင် ထင်ရတဲ့ မျဉ်းစောင်းလေးတွေရဲ့ ရွှေ့လျားတော့မယ့်ဟန်ပန်ကို ခံစားနိုင်ပါသတဲ့..။ Movement, Action & Distrubing ဆိုတဲ့ effect တွေပေါ့နော်...။



Curve Line
မျဉ်းကွေးလေးတွေနဲ့ ဖြစ်တည်နေမယ့် space ထဲမှာ ဝင်ရောက်ခံစားကြည့်ရင်တော့ ကျွန်တော်တို့အနေနဲ့ မျဉ်းကွေးလေးတွေရဲ့ ကကြိုးမှာ မျှောပါရင်း တငြိမ့်ငြိမ့် စီးဆင်းနိုင်သလို တစ်ဖက်မှာ ဆန့်ကျင်ဖက်အနေနဲ့ အာရုံတွေ ထွေပြား မှောက်မှားနိုင်မှုတွေလည်း ခံစားနိုင်ပါတယ်..။ အဆုံးရှိသလား အဆုံးမဲ့လား... ဝေခွဲလို့လည်း ရမှာ မဟုတ်ပါဖူး။ ဘာပဲဖြစ်ဖြစ် ဒီ မျဉ်းကွေးလေးတွေက ခံစားသူရင်မှာ rythum တော့ မိနေဖို့ လိုပါလိမ့်မယ်နော်...။



Sence of Distance
မျဉ်းလေးတွေကပေးတဲ့ အဓိပ္ပါယ်မှာ သူတို့ရဲ့ အကွာအဝေး အနေအထားကလည်း တစ်မူထူးခြားအောင် ဆွဲဆောင်နေပါတယ်...။ မျဉ်းလေးတွေဟာ ဘယ်ပုံ ဘယ်လိုပဲဖြစ်တည်ပါစေ... distance လေး တစ်ခု ကွာခြားမှုမှာ သူတို့ရဲ့ အဓိပ္ပါယ် တွေ ပြောင်းလဲသွားနိုင်သလို view တစ်ခု ကွာခြားမှုမှာလည်း ခံစားမှုတွေကို ပြောင်းလဲစေနိုင်မှာပါ။


မျဉ်းလေးတွေက စကားပြောတတ်သလို တေးသွားတစ်ပုဒ် ကိုလည်း သီကျူးနေပါတယ်.. ဒီ မျဉ်းလေးတွေကို ဘယ်လို ဘယ်ပုံ အသုံးချပြီး ဖွဲ့တည်မှာလဲဆိုတာကတော့ designer တွေရဲ့စိတ်ကူးမှာပဲ မူတည်နေမှာ ဖြစ်ပါတယ်..။

JohnMoeEain

Creative Space

http://www.johnmoeeain.blogspot.com/

Comments

Popular posts from this blog

ပြင်ညီမျက်နှာပြင်များ(Planes)

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)