CHOICE, ARRANGEMENT, HEART SHOW

Space တစ်ခုအတွင်း ထည့်သွင်းထားတဲ့ element တွေရဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစား၊ အရောင်အသွေး၊ အနုအရွ၊ အကြမ်းအထည်၊ အပျော့အမာ ကွာခြားမှုတွေဟာ design တစ်ခု၏ function အပေါ်မှာ မည်ရွေ့မည်မျှ အကျိုးသက်ရောက်မှု ရှိနေသည်၊ တစ်ချိန်ထဲမှာပင် ထို element များသည် အမြင်အာရုံတွင် aesthetic desires ဟု ဆိုနိုင်သော အနုသုခုမ ပြေပြစ်ညီညွတ်မှုအပေါ်တွင်လည်း မည်ရွေ့မည်မျှ အကျိုးသက်ရောက်မှု ရှိနေသည်ကို ဆက်လက် လေ့လာမိသောအခါ-

Element တစ်ခုချင်းစီမှာ shape, form, size, color and texture လို့ ဆိုနိုင်တဲ့ သီးခြား ဝိသေသ လက္ခဏာတွေ ရှိမှာပါ။ သို့ပေမယ့် ထို element များကို ဖွဲ့တည် design လုပ်ယူတဲ့အခါမှာ သူတို့ရဲ့ location and orientation အပေါ်မှာနဲ့ visual weight အပေါ်မှာ မူတည်ပြီး အဆိုပါ element များဟာ space တစ်ခုရဲ့ pattern များကို ပြောင်းလဲစေနိုင်သလို design တစ်ခုရဲ့ ဆွဲဆောင်မှု ရှိခြင်း မရှိခြင်း၊ လက်ခံနိုင်ခြင်း၊ မလက်ခံနိုင်ခြင်းကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်...။




Figure & Ground Relationship
အထက်ပါ ပုံကို ကြည့်ရင် ကျွန်တော်တို့မြင်ရတာကို နောက်ခံ အဖြူရောင် background ပေါ်ကနေ အနက်ရောက် မျက်နှာ နှစ်ခုလေလား....။ နောက်ခံ အနက်ပေါ်မှာ ရုပ်လုံးပေါ်လာမယ့် အဖြူရောင် boundary တစ်ခုလေလား...။ သေချာတာကတော့ figure တစ်ခုဟာ background တစ်ခုရဲ့ ရှေ့ဖက်မှာ ဖြစ်တည်ပြီးမှ တည်ရှိနေမှာဖြစ်ပြီး ground တစ်ခုဟာလည်း figure တစ်ခုရဲ့ နောက်ကွယ်မှာ တည်ရှိနေမှာ ဖြစ်ပါတယ်..။ သို့ပေမယ့် figure တစ်ခုအတွက် boundary တစ်ခုရဲ့ function ဟာ နောက်ခံ background အပေါ်မူတည်ပြီး ဘယ်လို ပြောင်းလဲသွားနိုင်လဲဆိုတာကိုတော့ ဆန်းစစ်ဖို့လိုပါလိမ့်မယ်...။



Black & White Relationship
အထက်ပါ ပုံမှာဆိုရင်လည်း white circle တစ်ခုက black square တစ်ခုရဲ့ ရှေ့မှာရှိတာလား..။ black square တစ်ခုမှာ white circle ပုံ အပေါက်တစ်ခုဖြစ်နေတာလား... ဆန်းစစ်ကြည့်ရမှာပါ...။ အထူးသဖြင့် element တွေကို ရှေ့တိုး နောက်ဆုတ် ပြုလုပ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ effect တွေကို စောကြောဆင်ခြင်နိုင်ပါတယ်...



Reversable Effect
အထက်ပါပုံမှာတော့ အနက်ရောင်ဖက်နဲ့ အဖြူရောင်ဖက်ဟာ ဟိုဖက် ဒီဖက် mirror ပြုလုပ်ထားသလို ဖြစ်နေတာကို တွေ့ရမှာပါ...။ တစ်ခုနဲ့ တစ်ခု ကွဲပြားခြားနားတယ်ဆိုပေမယ့် မတူညီတာနှစ်ခုကို ပေါင်းစပ် ဖွဲ့တည်မှုမှာ အကွာအဝေး အနီး အဝေးကို ဖြစ်စေနိုင်တာလို့ နားလည်မိပါတယ်...။



Unity
Space တစ်ခုအတွင်းမှာ ထည့်သွင်းမယ့် element လေးတွေရဲ့ location တည်ရှိမှုဟာလည်း ကြည့်သူရင်မှာ ပဒသ ဖြစ်ဖို့လိုသလို နေရာချမှုဟာ စနစ်ကျ မှန်ကန်ဖို့ လိုနေမှာပါ...။ အထက်ပါ ပုံမှာကြည့်မယ်ဆိုရင် element ၃ မျိုးချင်း အတူတူ ဆိုပေမယ့် နေရာ ထားရှိမှု ကွာခြားချက်ကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်တည်နေတာကို တွေ့မြင်ရမှာပါ..။ ထို့အတူပဲ သီးခြားစီ တစ်ကွဲတစ်ပြား တည်ရှိမှုနဲ့ သက်ဆိုင်ရာ တူညီမှုတွေကို စုစည်းမှုဟာ ဒီဇိုင်း တစ်ခုကို အများကြီး ပြောင်းလဲသွားစေပါတယ်...။

“Harmony”

ကျွန်တော်တို့ ပြောပြောနေကြတဲ့ စကား တစ်ခွန်းရှိပါတယ်...။ တစ်စုံ တစ်ခုကိုမြင်လို့ အဲ့ဒါဟာ မျက်စိထဲမှာ မလိုက်ဖက်ဖူးဆိုရင် ဟာမိုနီမဖြစ်ဖူး.. design out တယ်လို့ ဆိုကြတယ်ပေါ့..။ Harmony ဆိုသည်ကလည်း ပေါင်းစပ် ဖွဲ့စည်းထားတဲ့ element လေးတွေဟာ တစ်ခုနဲ့ တစ်ခု လိုက်ဖက် ညီညွတ်ပြေပြစ်ပြီး ကြည့်သူရင်မှာ ပဒသ ဖြစ်စေသည် အချက်ပင် ဖြစ်သည် မဟုတ်ပါလား။






JohnMoeEain

Creative Space

http://www.johnmoeeain.blogspot.com/

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ