ကကြီး ခခွေး(သို့)ဗိသုကာ အခြေခံနည်းစနစ်

ကျနော်ငယ်ငယ်က ဗိသုကာဆိုတဲ့ စကားလုံးကို အတော်လေး နှစ်သက်သဘောကျခဲ့ပါတယ်။ ဘာမှန်းသေချာမသိပဲ သဘောကျခဲ့တာပါ။ သို့သော်လည်း အကြောင်းမလှတော့ ဗိသုကာဘွဲ့ ကိုတတ်ခွင့်မရခဲ့ပါ။ ကျနော် စိတ်ဝင်စားမှုတွေ ပျောက်သွားတယ် ထင်ခဲ့ပေမဲ့ လုပ်ငန်းခွင်ထဲမှာ အသိတွေရဲ့ ဗိသုကာအမြင်အတွေးတွေက ကျနော့ကိုအားကျ လာစေပါတယ်။ အဲဒီတော့ သူငယ်ချင်းတွေနဲ့ စာအုပ်ဆိုင်တွေ သွားဖြစ်ရင် ဗိသုကာစာအုပ်တွေကို ဝယ်ဖြစ်တတ်တယ်။ နောက်ပိုင်း မဖတ်ဖြစ်တာတောင် အဲဒီစာအုပ်လေးတွေ ကြည့်ပြီး တစ်နေ့နေ့တော့ ဖတ်မှတ်လေ့လာဖြစ်မယ် ဆိုတဲ့ စိတ်ကူးလေးတော့ ရင်ထဲမှာ ကိန်းအောင်းထားပါတယ်။ ကျနော်ခုနောက်ပိုင်း ဖတ်ဖြစ်တော့ ပိုစိတ်ဝင်စားဖို့ကောင်းလာလို့ ပိုလေ့လာဖြစ်ပါတော့တယ်။ ကျနော့အနေဖြင့် စနစ်တကျ သင်ကြားခွင့်ရတာ မဟုတ်တော့ ခုလိုရေးသားရင်း ကိုယ်တိုင်လည်း ပြန်လည်လေ့လာနေခြင်းပါ။ အကယ်၍အမှား အယွင်းပါရှိခဲ့ရင် ပြုပြင်ဆွေးနွေး အကြံပေးကြပါခင်ဗျာ။
အခု ဒီခေါင်းစဉ်လေးအောက်မှာ Architectural is Elementary ဆိုတဲ့စာအုပ်ထဲက ဗိသုကာဆိုင်ရာ အခြေခံ အယူအဆလေးတွေ စိတ်ဝင်စားသူတွေ လေ့လာနိုင်အောင် ဖော်ပြချင်ပါတယ်ခင်ဗျာ။ စာအုပ်ကို Nathan B.Winters ရေးထားပါတယ်။ ဒီစာအုပ်မှာ ဗိသုကာ အတွေး အမြင်ဆိုင်ရာ အခြေခံအချက်တွေကို Level (7) အထိထားပြီး လေ့ကျင့်ခန်း ၅၁ ခုနှင့် ရှင်းလင်းထားပါတယ်။
ကျနော်တတ်နိုင်သမျှ တစ်ခန်းခြင်း ဖော်ပြပေးပါမယ်ခင်ဗျာ။
Level 1/ Activity 1

တူညီခြင်းနှင့် ကွဲပြားခြင်း(သို့) ခြားနားခြင်း (alike or different)
ကျနော်တို့တွေ အရာဝတ္ထုတွေကို တွေ့မြင်ရတဲ့ အခါတူညီတဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ ခံစားရတဲ့ အခါ အတော်တူတာပဲ၊ ချွတ်စွတ်ပဲ ၊ တစ်ပုံစံထဲပဲ ဆိုတဲ့ စကားပြောတတ်ကြပါတယ်။ တချို့ အရာဝတ္ထုတွေမှာတော့ လုံး၀မတူညီတာတွေ မြင်ရတဲ့အခါ ကွဲပြားတယ်၊ ခြားနားတယ် မတူဘူးဆိုတာ ပြောဆိုတတ်ကြပါတယ်။

ပုံမှာပြထားတဲ့ စက်ဝိုင်း၃ခုမှာပုံသဏ္ဍာန်တူညီပြီး အရွယ်အစား ကွဲပြားနေတာကို တွေ့နိုင်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲဒီစက်ဝိုင်းလို့ ပုံစံတူ အရွယ်အစားမတူတဲ့ အရာဝတ္ထုတွေ အများကြီးတွေ့နိုင်ပါတယ်။ ကတ်ကြေးတွေ၊ စာအုပ်တွေ၊ ဘောလုံးတွေ စတဲ့ အရာဝတ္ထုတွေ နှင့် သူတို့ သဏ္ဍာန်တူတာတွေ ကွဲပြားတာတွေ ကိုလေ့လာကြည့်ရင် ကွဲပြားစွာတွေ့နိုင်ပါတယ်။ ကျနော်တို့ပတ်ဝန်းကျင် အဆောက် အဦးတွေမှာရော ဘယ်အရာတွေ တူညီသလဲ ဘယ်အရာတွေကွဲပြားသလဲ လေ့လာကြည့်ရှု့ ပြီး သိမြင်နိုင်ပါတယ်။ ကျနော်တို့ လူတွေရဲ့ ပုံသဏ္ဍာန်တွေမှာ တစ်ယောက်နှင့်တစ်ယောက် တူညီချက်တွေ၊ ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။ ဥပမာဆိုရရင် ပန်းသီးတစ်လုံးနှင့် သစ်တော်သီးတစ်လုံးမှာ အသွင်သဏ္ဍာန်တူသလား....။ ဘယ်နေရာတွေ ကွာခြားသလဲ....။ ဘာတွေ ကွာခြားသလဲ...။ စတဲ့ အချက်တွေနှင့် လေ့လာသင့်ပါတယ်။
England_London_St_Pauls_Cathedral



ှSt-peters-basilica

ပုံနှစ်ပုံဟာ လန်ဒန်နှင့် ရောမမှာရှိတဲ့ ဘုရားကျောင်းနှစ်ခုရဲ့ပုံတွေပါ။ ၎င်းတို့နှစ်ခုတူညီကြပါသလား။ ဘယ်နေရာတွေ ကွာခြားပါသလဲ။ ယူနိုက်တတ်စတေ့မှာ ရှိတဲ့ များလှတဲ့ အဆောက်အုံ တွေဟာ ဒီထင်ရှားတဲ့ အဆောက်အုံ(၂)ခုနောက်ပို်င်းမှ တည်ဆောက်ခဲ့ပါတယ်။
ဒီအခန်းမှာ တူညီခြင်းနှင့်ကွဲပြားတဲ့ အချက်တွေကို ဂရုတစို်က်လေ့လာ တတ်စေဖို့ပါခင်ဗျား။

MMO

Creative Space

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ