အရောင်နှိုင်းယှဉ်ခြင်းဆိုတာ ဘာလဲ?



နှိုင်းယှဉ်ခြင်းဆိုသည့် စကားလုံးကို ရှုထောင့်အမြင်မျိုးစုံ မှ အဓိပါ္ပယ်ဖွင့်ဆိုထားကြပါတယ်။ အဘိဓာန်တွေထဲမှာ အရောင်နှိုင်းယှဉ်ခြင်း ကို မတူညီသော အရာ၀ထ္ထုများ၊ အရောင်များကို ကပ်ညှိထားခြင်း ( အရောင်၊ အသံ၊ ခံစားမှုအနုပညာ၊ ပန်းချီကားတစ်ချပ် ဓာတ်ပုံ ရုပ်မြင်သံကြား တို့ဧ။် အလင်းဆုံးနှင့် အမှောင်ဆုံး အပိုင်းများအကြား ကွာခြားမှု Degree) လို့ ဖွင့်ဆိုထားပါတယ်။ အရာ၀ထ္ထု နှစ်ခု ကိုကွဲပြားစွာ နှိုင်းယှဉ်ရန်အတွက် လူ သို့မဟုတ် အရာ၀ထ္ထု တို့ဧ။် မတူညီသော အရည်အသွေးများကို နေရာချင်းနှိုင်းယှဉ်ခြင်းပဲ ဖြစ်ပါတယ်။



ဒီပုံမှာ လူအုပ်ရဲ့ အရောင်ဟာ မီးခိုးရောင် အခဲ အပြင်လို ဖြစ်နေတာကြောင့် ဒီအဖြူ ၊ အမဲ ဓာတ်ပုံဟာ အသေးစိတ်ဖတ်နိုင်ဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေ မြင်တွေ့ရတဲ့ နောက်ဆုံးရလဒ်ကတော့ အဖြူ၊ မီးခိုးရင့်ရောင် နဲ့ ရုပ်လုံးမကြွ တဲ့ စိတ်ဝင်စားစရာ မကောင်းသော ပုံတစ်ပုံ ပါပဲ။

နောက်တစ်ပုံ ကိုကြည့်မယ်ဆိုရင်တော့ ဖန်တီးရှင်က ဒီမီးဖိုချောင်ထဲက ရှုပ်ထွေးတဲ့ ဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့ ဘီဒိုတွေကို ပေါ်လွင်စေဖို့ နံရံ နဲ့ ကြမ်းခင်းအတွက် မီးသွေးရင့်ရောင် ကိုသုံးထားပြီး ဘီဒိုတွေကိုတော့ နို့နှစ်ရောင် ခြယ်ပြီး မီးဖိုချောင်ရဲ့ ဖွဲ့စည်းမှုကို ထင်ရှားပေါ်လွင်စေတာ တွေ့ရပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ကောင်းမွန်မှန်ကန်တဲ့ အဖြူ၊ အနက် ပုံဟာ အရောင်နှိုင်းယှဉ်ထားတာကို အသိမှတ်ပြုစေတဲ့ ပြည့်စုံတဲ့ နည်းလမ်းပါ။ မှန်ကန်တဲ့ မှင်အရောင်တွေက ပုံရဲ့ အသေးစိတ်ကိုနှိုင်းယှဉ်ညှိနှိုင်း ရေးဆွဲပေးသွားခြင်း ဖြစ်ပါတယ်။



အရောင်နှိုင်းယှဉ်ခြင်း

စားကျက်စိမ်းကို နောက်ခံထားတဲ့ သိုးဖြူတစ်ကောင်၊ စိမ်းပြာရောင် ပင်လယ်ပြင်ပေါ် မှာ မြှုပ်ချည်ပေါ်ချည် ကစားနေသော တောက်ပတဲ့ လိမော်ရောင် အချက်ပြ ဘော်လုံးများ၊ ဆီးနှင်းတွေ ဖုံးအုပ်နေတဲ့ တောင်ကုန်းအောက်က ပေါ်ထွက်နေတဲ့ အနက်ရောင် ကျောက်ဆောင် အငူအစွန်းတွေ စသဖြင့် သဘာဝက နှိုင်းယှဉ်ပေးထားတဲ့ အရောင်တွေ ကို ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့ နေရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့တွေ သင်ယူခဲ့ဖူးတဲ့ အရောင် နှင့် အရိပ် (အသံ) နှစ်ခု နှိုင်းယှဉ်ခြင်း ဖြစ်သလို အရာ၀ထ္ထု တစ်ခုရဲ့ ပုံစံ နဲ့ အသွင်အပြင်ကို နှိုင်းယှဉ်ခြင်း ဖြစ်ပါတယ်။



အနက်ရောင် ကျောက်တုံးများ နှင့် အဖြူရောင် ဆီးနှင်းများ အကြား မညီညာသော နှိုင်းယှဉ်မှု။

အကယ်လို့ အရာ၀ထ္ထု နှစ်ခုဟာ ပုံစံတူတဲ့ သွင်ပြင်သဏ္ဍန် ရှိပြီး တစ်ခုနဲ့တစ်ခု သိပ်နီးကပ် နေမယ်ဆိုရင် ပုံထွက် အရောင်ဟာ ပတ်ဝန်းကျင် က အရောင်တွေနဲ့ ရောစပ်သွားပြီး တခုကို တခု ခွဲခြား သိမြင်နိုင်ဖို့ အလွန်ကို ခက်ခဲပါတယ်။ ဒါဟာ နှိုင်းယှဥြ်ခင်း မဟုတ်ပါဘူး။ ဒါဟာ အိမ်တွင်းအလှဆင်မှု အပိုင်းမှာ ကျွန်တော်တို့ သဘောမတွေ့တဲ့ နေရာတွေကို ပုံဖျက်ဖို့အတွက်တော့ အလွန် အသုံးဝင်တာ တွေ့ရပါတယ်။



ကွန်ကရစ်ဖုံးလမ်း နှင့် အစိမ်းရောင်မြက်ခင်းပြင် နှစ်ခုကို နှိုင်းယှဉ်A သီးခြား ထိုင်ခုံနေရာ ဖန်တီးခြင်း။

ဥပမာ ။ ။ ခုန်တန်းလျားပေါ်မှ အညိုရောင် သစ်သားကြောင်အိမ် တံခါးရွက်ပုံ ပေါ်အောင် ဆေးသုပ်ထားခြင်း နဲ့ အရောင်ဖျော့ နံရံတွေ ဟာ အမြင်မှာ ကြီးမားတဲ့ ထားသိုစရာနေရာများ မှ နံရံ အတွင်း သို့ ဝင်ရောက်သွား သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေပြီး နှိုင်းယှဉ်ခြင်း လမ်းကြောင်းများကို ဖယ်ရှားထားပါတယ်။ ဒါကြောင့် အရောင်နှိုင်းယှဉ်ခြင်း ဟာ ဒီဇိုင်း နဲ့ တစ်စုံတစ်ရာ ကို ဖမ်းဆုပ် ပုံဖော်ညွှန်းဖို့ အတွက် အလွန် အသုံးဝင်သော ကိရိယာတန်ဆာပလာ တစ်ခု ဖြစ်ပါတယ်။

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ