အခြေခံကောင်းမှ သည် အနာဂါတ်လမ်းဆီသို့

'သမုဒ္ဒရာ ၊ ဝမ်းတထွာ' တဲ့ ဆိုရိုးစကား ကြားဖူးကြမှာပါ။ ပညာအရည်အချင်း နိမ့်မြင့် မဟူ လူတန်းစားအလွှာ အသီးသီးက မိမိတို့ စား၊ ဝတ်၊ နေ ရေး အတွက် မိမိတို့ နဲ့ အပ်စပ်သည့် အလုပ်အကိုင်၊ တတ်ကျွမ်း သည့် ပညာရပ်များပေါ် အခြေခံကာ ကျရာအပိုင်းလိုက် ဘဝဇတ်ခုံပေါ် လှုပ်ရှားပါဝင် ကပြနေကြရပါတယ်။ အဲဒီထဲမှာ nml လဲ တယောက် အပါအဝင်ပေါ့။
အထူးသဖြင့် အင်ဂျင်နီယာ အပိုင်း လေးကို တဆိတ်လောက် ဆွေးနွေးချင်ပါတယ်။ ဆရာဝန် တယောက် ဟာသူ့ရဲ့ လူနာကို ရောဂါနဲ့ မအပ်စပ်တဲ့ဆေး မှားပေးမိရင် ထိုလူနာရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ သို့ကလို ပဲ အင်ဂျင်နှီယာ တစ်ယောက် ဟာ မိမိနဲ့ ပါတ်သက် တဲ့ အလုပ်ပေါ်စိတ်ဝင်တစားနဲ့ စေ့စပ်သေချာစွာ စဉ်းစား လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် မြို့ပြ အင်ဂျင်နီယာတယောက် ကသူ လက်ခံ ထားတဲ့ အဆောက် အဦး ကို soil testing လုပ်ပြီးမှ အောက်ခြေ foundation ကို စတည်ရမှာ ဖြစ်ပါတယ်။ သို့မဟုတ်လျှင် အထပ်မြင့်အဆောက်အဦ တွေ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လူတဦးတယောက် ထက် မက နစ်နာ ဆုံးရှုံး မှု တွေကြုံ ကြ ရမှာ ဖြစ်ပါတယ်။ အရည်အချင်း ပြည့်၀တဲ့ အင်ဂျင်နီယာ ကောင်းတယောက် ဖြစ်ပေါ်လာဖို့ အတွက် မူရင်း အခြေခံ မှ စပြီး မြင်သာအောင် အသိပညာတွေ ၊ အတတ်ပညာတွေ ကို မညည်းမညူနဲ့ သူတို့မှာ ရှိသလောက် ဖြန့် ဝေ သင်ကြားပေးတာ ဘယ်သူတွေ ပါလဲ လို့ မေးချင်ပါတယ်။ 'အစ ကောင်းမှ အနှောင်းသေချာ' တဲ့ ။ ဘယ်နေရာပဲ ဖြစ်ဖြစ် တဆင့်ပြီးတဆင့် လှမ်းတတ်နိုင်ဖို့ ရာ အခြေခံ baseလိုအပ်ပါတယ်။မိမိတို့ ရဲ့ ရည်ရွယ်ထားတဲ့ လမ်းကြောင်းမှန်ကို စနစ်တကျရောက်ရှိရေးအတွက်ဟာ အထောက်အပ့ံ့ ကောင်း လိုအပ်ပါတယ်။ အထောက်အပ့ံ့ကောင်း ဆိုရာမှာလည်း ဥပမာ အားဖြင့် မိမိကို သင်ကြားပြ သ ပေး သူ ကဖြင့် Ph.D,ME,... AGTI ဆိုပြီး Level အနိမ့်အမြင့်လိုက် ခွဲခြား အားငယ်နေစရာမလိုပဲ သင်ယူဆည်းပူးရင်းသာဝါသနာပါရာပညာရပ်ကို ဆင့်ပွားတိုးတက်အောင် ဆက်ပြီးလေ့့လာရမှာ ဖြစ်ပါတယ်။
nml တို့ နိုင်ငံ ကြီးတိုးတက်ဖို့ အတွက် အရည်အချင်း ပြည့်၀တဲ့ အင်ဂျင်နီယာ ပညာရှင်တွေ များစွာ ပေါ်ထွန်းစေ ချင်ပါတယ်။ သူများနိုင်ငံမှာ နည်းပညာ အမျိုးမျိုးနဲ့ စမ်းသပ်တီထွင်နေ ကြ သလို ကိုယ့်နိုင်ငံကို လဲ သူတို့ လိုပဲတိုးတက်စေချင်ပါတယ်။'စည်းလုံးခြင်း သည် အင်အား 'ဆိုတဲ ့စကားလေးအတိုင်း မည်သည့် အင်ဂျင်နီယာ အသိပညာရှင်၊ အတတ် ပညာရှင်မဆို တယောက်နှင့်တယောက် လို အပ်သည်များ ကို ဖြည့်စွက်ဖေးမ ကူညီရင်းစည်းလုံးညီညွတ်စွာဖြင့် အနာဂါတ် မျိုးဆက်သစ် အင်ဂျင်နီယာ လူငယ်မောင်မယ်များကို လက်တွဲခေါ်ဆောင် သွားကြပါစို့ လို့ တိုက်တွန်းဆန္ဒ ပြုရင်း nml ရဲ့ ပထမဦးဆုံး ပို့(စ်) နဲ့သူငယ်ချင်းများကို စတင် မိတ်ဆက်လိုက်ပါတယ် ။

သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များကို ဦးထိပ်ထားလျက်

nml

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ