မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)
မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုဖြစ်နေသည်။ ကျနော့ ပင်ကိုယ် စိတ်ကပင် အလွမ်းကို အားသန်သည်လားမသိပါ...။ တခုခုအကြောင်းရှာပြီး လွမ်းနေချင်တတ်တာ ဝါသနာပါနေသည်။ မိုးလေး အုံ့ရင်လွမ်းသည်။ လေပြေလေး တိုက်ရင်လွမ်းသည် သစ်ရွက်ကလေးတွေ လေအဝှေ့လွင့် ဝဲသွားတာ မြင်ရရင်လည်းလွမ်းတတ်သည်။ ကိုယ့်မွေးရပ်မြေကလည်း ကန်ရေသောက်၊ မြက်ခြောက်စားလို့ အပြောခံရအောင် ခိုးခိုးခေါင်ခေါင်ရှားပါးဒေသမဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ မမေ့နိုင်တာကတော့ အမှန်ပင်။ စိတ်ထဲမှာ အားရပါးရ လွမ်းနေတုန်း ဖုန်းမြည်သံကြောင့် အတွေးတွေပျောက်သွားပြီး ဖုန်းကိုကိုင်လိုက်တော့ ဘော်ဒါကြီး MTZO ပင်။ “အော်.... တတ်လာခဲ့ဗျာ... ငါးထပ်လေ... ကျနော် အပြင်ကထွက်စောင့်နေမယ်... အိုကေနော်...” တံခါးသော့ယူလိုက်ပီး အခန်းထဲက ထွက်ကာ အိမ်တံခါးဖွင့်ပြီး MTZOကို စောင့်နေလိုက်သည်။ “ဘယ်ကလှည့်လာတာလဲဗျ...” “ခင်ဗျားဆီပဲ တမင်ဝင်လာခဲ့တာဗျ...” “အင်းထိုင်အုန်းဗျာ... ကျနော်... အခန်းလေးနည်းနည်းရှင်းလိုက်အုန်းမယ်...” “မိုးလေးနည်းနည်းအုံ့တော့ စိတ်ထဲ လွမ်းချင်သလိုလိုပဲဗျာ...” “အဟုတ်ပဲဗျာ.... ကျနော်လည်း အဲလိုဖြစ်နေတာ... ဘာကိုလွမ်းမ...
Comments
ရှိလဲမရှိပါ)
သုံးမည် မဟုတ်ပါကြောင်း အသိပေးသွားပါသည်။ ဝေမျှပေးတာကျေးဇူးတင်ပါတယ်