သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

ဗိသုကာ ဆိုင်ရာ ထုသွင် Forms များနှင့် ပုံသဏ္ဍာန် Shapes များဖြစ်တဲ့ အမျိုးမျိုးသော Cone, Cube, cylinder, sphere နှင့် pyramid အစရှိတဲ့ ပုံများအတွက် သဘာဝလောကကြီးဟာ စံပြုစရာ Model တစ်ခုလိုပါပဲ။ ထို့အပြင် ဂျီသြမေတြီ ပုံမဟုတ်တဲ့ ဗိသုကာ Forms များအတွက်လည်း သဘာဝတရားကြီးသာ အတုယူစရာ၊ နမူနာယူစရာ၊ Model ဖြစ်နေပါတယ်။ (ယူကလစ်ဒီရမ်)
သဘာဝတရားဆိုတာ ဘာများပါလိမ့် ဆိုတဲ့ အမေးများရှိလာခဲ့မယ်ဆိုရင်... ဒီနေရာမှာ ရုပ်ဝတ္တုပိုင်း အားဖြင့် လူသားတို့ ဖန်တီးထားတာ မဟုတ်တဲ့ ကမ္ဘာမြေပြင်နှင့် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်း အားလုံးကို ဆိုလိုပါတယ်။ ဥပမာ ဆိုရရင် နေ၊ လ၊ နက္ခတ် တာရာများ အပါအဝင် ကောင်းကင်ပြင်ကြီး နှင့် မိုးသား တိမ်လိပ်၊ တိမ်စိုင်များ။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်၊ ပန်းပင်၊ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ဖက် အစရှိတဲ့ အရာများ၊ ကျောက်တုံး၊ ကျောက်စိုင်၊ ကျောက်ခဲ အစရှိတဲ့ အရာများ၊ ပင်လယ်သမုဒ္ဒရာအတွင်း မှီတင်းနေထိုင်ကြတဲ့ ခရုခွံ၊ ကမာခွံ အစရှိတဲ့ သက်ရှိ နှင့် သက်မဲ့ရုပ်ကြွင်းများ။ လူသားနှင့် သက်ရှိတို့၏ ဖန်တီးမှုကြောင့် မဟုတ်ပဲ ဆန်းကြယ်သော သဘာဝ ဖြစ်စဉ်အရ အလိုအလျှောက် ဖြစ်ပေါ်တည်ရှိနေတဲ့ အထက်ပါ အရာအားလုံးပါပဲ။
အဲဒီလို သဘာဝ ပစ္စည်းတွေကနေ ကျနော်တို့အတွက် သစ်ဆန်းတဲ့ ဒီဇိုင်းတွေ ဖန်တီးနိုင်လာပါတယ်။ သေးငယ်တဲ့ အရာတွေကို အနီးကပ်လေ့လာကြည့်ခြင်း၊ ကြီးမားတဲ့ အရာတွေကို ဝေးကွာတဲ့ နေရာကနေ ကြည့်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကနေ Shape, color, texture နှင့် Form အစရှိတဲ့ အရာတွေအတွက် အတွေးအမြင်တွေ ပုံဖော်ရရှိနိုင်ပါတယ်။
ကျနော်တို့ရဲ့ အင်္ကျ ီအဝတ်အစားများပေါ်သို့ကျရောက်လာတဲ့ နှင်းပွင့် နှင်းစက်ကလေးများကို မှန်ဘီလူးဖြင့် အဆချဲ့ကြည့်မည်ဆိုလျှင် အဲဒီနှင်းပွင့်လေးတွေဟာ တစ်ခုနှင့် တစ်ခု မတူညီပေမယ့် တူညီတဲ့ သဏ္ဍာန်ရှိနေတာကို တွေ့နိုင်မှာပါ။ ဥပမာဆိုရရင် ခြောက်ထောင့် ကြယ်ပုံစံကဲ့သို့သော ပုံစံလေးများ ဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီပုံလေးတွေဟာ ဗဟိုကနေ အပြင်ကို ဗဟုဂံပုံ အချိုးညီ ဖြာထွက်နေတဲ့ ပုံများလည်း ဖြစ်နေပါမယ်။ အဲဒီလို နှင်းပွင့် သဏ္ဍာန်လေးလိုပဲ ၁၂ ရာစုအလယ်ပိုင်းက Gothic cathedrals ဂိုးသစ် ဘုရားကျောင်းများမှာ (နှင်းဆီ ပြူတင်း) Rose windows များကို တပ်ဆင်ခဲ့ကြပါတယ်။
အောက်ကပုံမှာ ပြထားတဲ့ အီရက်နိုင်ငံမှာရှိတဲ့ Great Mosque of Samarra ဗလီဘုရားရှိခိုး ကျောင်းကြီးရဲ့ ခွေလိမ်ရစ်တတ်သွားသော ခရုပတ်ပုံ နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒေးလတ်စ် မြို့ (Dalas)ရှိ ဗိသုကာ Phillip Johnson နှင့် John Burgee တို့တည်ဆောက်ထားတဲ့ Thankisgiving square chapel ရဲ့ အပြင်ဒီဇိုင်းနှင့် အတွင်း ဒီဇိုင်းတို့ဟာ သဘာဝတရားက ဖန်တီးထားတဲ့ ပင်လယ်ခရု တစ်ခုရဲ့ သဏ္ဍာကို ရယူတည်ဆောက်ထားခြင်းပါ။
Great Mosque of Samarra
Thankisgiving square chapel
seashells(ပင်လယ်ခရုများ)
အမေရိကန်လူမျိုး အင်ဂျင်နီယာ engineer, စာရေးဆရာ author, ဒီဇိုင်နာ designer, တီထွင်သူ inventor နှင့် စက်မှုစွမ်းအားနှင့် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုကို အသားပေးသရုပ်ဖေါ်သော (၂ဝရာစု နှစ်ဦးပိုင်းမှ ) ပန်းချီပန်းပုအနုပညာရှင်(futurist) အစရှိတဲ့ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံတဲ့ Richard Buckminster “Bucky” Fuller (July 12, 1895 – July 1, 1983) ဟာ အဲဒီလို သဘာဝတရားရဲ့ပုံစံမှာ အိုင်ဒီယာ ရယူပြီး Godesic dome လို့ခေါ်တဲ့ Structure တစ်ခုကို ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ သူရဲ့ ဒီဇိုင်းဟာ Alveoli cell တွေနှင့် ပုံသဏ္ဍာန် ဆင်တူတယ်လို့ ဆိုပါတယ်။ (ကျနော့အမြင်တော့ ပျားအုံပုံသဏ္ဍာန့် နဲ့ တူတယ်ထင်မိပါတယ်...။) သူ့အနေနဲ့ သူ့ရဲ့ ထုလုံးခုံးသံဗရာခြမ်းကြီးရဲ့ အခြေခံ အလုံးပုံစံရဖို့ ဖြောင့်တန်းတဲ့ ဆောက်လုပ်ရေး Material တွေ အသုံးပြုပြီး အလွယ်တကူ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ ကြံဆတီထွင် စီစဉ်ပြုလုပ်ခဲ့ပါတယ်။
နောက်တစ်ခုက သြစတြီးယား နိုင်ငံရှိ ဆစ်ဒနီပြဇတ်ရုံ (The Opera House in Sydney, Austrila) ရဲ့ အမိုးတွေဟာ ခရုခွံနှင့် သဏ္ဍာန်တူ တည်ဆောက်ထားပါတယ်။
Andre' Morisseau တည်ဆောက်ထားတဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဈေးတစ်ခုမှာတော့ သမုဒ္ဒရာထဲမှာ တွေ့နိုင်တဲ့ ပင်လယ်ခရုဖြူတစ်မျိုးနှင့် သဏ္ဍာန်တူ ပါတယ်။ အောက်က ပုံတွေကို နှိုင်းယှဉ်ကြည့်ပါ။
White Shell
Market Place ,Royan, France; Andre' Morisseau
ကျောက်တုံးကျောက်ဆောင်တွေဟာ သဘာဝ၀န်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်သားတွေကို အဆောက်အအုံ ဆောက်လုပ်တဲ့ ပစ္စည်းအဖြစ် အသုံးပြုထားတဲ့ အဆောက်အအုံတွေဟာ ပိုပြီး သဘာဝဆန်ပါတယ်။
အပေါ်က ပုံလေးက တော့ ရှေးဦးသဘာဝကျောက်တုံးအိမ် ရိုးရိုးလေး တစ်လုံးပါ။ အဲဒီပုံဟာ အခြေခံ သေတ္တာ တစ်လုံးပုံသဏ္ဍာန်ပဲ ရှိနေပါသေးတယ်။ ကျောက်တုံး မျက်နှာပြင်တွေက တော့ ဘေးက သစ်ပင်တွေ၊ သစ်ကိုင်းတွေ အစရှိတဲ့ သဘာဝ အရာတွေနှင့် ဟာမိုနီကျလိုက်ဖက် တင့်တယ်နေပါတယ်။
အောက်က ပုံမှာ မြင်ရတဲ့ ဆက်ပြာဘူဘောင်းလေးတွေ ဆပ်ပြာမြှုပ်လေးတွေကို တွေ့ဖူးကြမှာပါ။
အဲဒီလိုပဲ ဆပ်ပြာပူပေါင်းလေးတွေ ကို သေချာ ဂရုစိုက်ကြည့်မယ်ဆိုရင် တစ်ခုနှင့် တစ်ခု တူမယောင်နှင့် ကွဲနေတာကို သတိထားမိနိုင်ပါတယ်။
သလင်းကျောက်လို့ ကျနော်တို့တွေ သိနေတဲ့ Crystal ကျောက်ကလေးတွေမှာ သဘာဝမှာရှိတဲ့ ပုံသဏ္ဍာန်တွေ အတော်များများ ရဲ့ ပုံသဏ္ဍာန်ပုံသွင်တွေကို တွေ့နိုင်ပါတယ်။ ဂျီသြမေတြီပုံတွေဖြစ်တဲ့ regular shape, straight line အစရှိတဲ့ ပုံသဏ္ဍာန်လေးတွေ အဲဒီသလင်းကျောက်မှာ တစ်ခုနှင့် တစ်ခု တူညီသယောင်နှင့် မတူညီပဲ ကွဲပြားစွာတွေ့နိုင်ပါတယ်။
ဗိသုကာတွေဟာ သူတို့ရဲ့ ဒီဇိုင်းတွေ ပြုလုပ်ရာမှာ Boxes ပုံသဏ္ဍာန်နှင့်သာ အများအားဖြင့် ပြုလုပ်ကြခြင်းဟာ အဆင်ပြေလွယ်ကူစွာ လုပ်နိုင်ကြလို့ပါ။ T-square၊ Compasses အစရှိတဲ့ ပုံဆွဲ ကိရိယာများနှင့် အလွယ်တကူ အဖြောင့်မျဉ်းများ အမတ်မျဉ်းများ ဆွဲသားနိုင်သောကြောင့် ပြုလုပ်ကြခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် များသော အားဖြင့် သဘာဝရဲ့ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဍာန်တွေ မှီးယူခြင်းကို တတ်နိုင်သမျှ လစ်လျှူရှုတတ်ကြပါတယ်။ လွယ်ကူတဲ့ အဖြောင့် ဒီဇိုင်းများဖြင့်သာ အဆောက်အအုံများကို တည်ဆောက်တတ်ကြပါတယ်။
သို့သော်လည်း အထက်က ပုံမှာ ပြထားတဲ့ အီတလီနိုင်ငံ(Italy), Cisternino အနီးနား မှာရှိတဲ့ Rural community, Trulli ဆိုတဲ့ အဆောက်အအုံများ တည်ဆောက်ထားမှုကတော့ တစ်ခုလုံးအတွက် ကျွမ်းကျင်မှုတွေ၊ ကိရိယာတန်ဆာပလာတွေ နှင့် အသိအမြင် နည်းပညာ အသစ်တွေ လို့အပ်နေပါလိမ့်မယ်။ ဒီလိုအိမ်မျိုးတွေကတော့ ပျော့ပြောင်းတဲ့ဟန်၊ မာကြောကြမ်းတမ်းမှုမရှိတဲ့ သဏ္ဍာန်တွေကြောင့်
သဘာဝတရားနှင့် ပိုမို နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ အဆောက်အအုံ တစ်ခုနှင့် တစ်ခု ဆင်တူသဏ္ဍာန်ရှိသော်လည်း အကုန့်အသတ် မရှိတဲ့ အလွှဲအပြောင်းတွေကြောင့် နှစ်သက်စဖွယ်ဖြစ်နေပါတယ်။
တခါတလေမှာ ကျနော်တို့တွေရဲ့ အဆောက်အအုံမှာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေလိုသောစိတ်ခံစားမှုအတွက် တစ်ခုတည်းသော ဖန်းတီးနိုင်တဲ့ ပညာကတော့ Landscape Architecture မြေခင်းဗိသုကာ ပညာပဲ ဖြစ်ပါတယ်။ ပန်းပင်တွေ၊ မြက်ခင်းတွေ၊ ချုံပင်တွေ၊ သစ်ပင်တွေ၊ သစ်ကပ်နွယ်ပင်တွေ အစရှိတဲ့ အပင်များ စိုက်ပျိူးပြုပြင်ခြင်းဖြင့် နေထိုင်တဲ့သူတွေကို နွေးထွေးမှု၊ စိတ်ချမ်းသာမှု၊ ဆွဲဆောင်နိုင်မှု၊ သာယာကြည်နူးမှုစတဲ့ စိတ်ကျေနပ်စေမှုများကို သာမန် အကြမ်းထည် အဆောက်အအုံထက် ပိုမိုပေးစွမး်နိုင်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် ကျနော်တို့ အနီးပတ်ဝန်းကျင် အိမ်အနီးတဝိုက်၊ ရပ်ကွက်၊ မြို့ရွာ အနီးတဝိုက်၊ တောတောင်ရေမြေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်ကမ်းခြေ အစရှိတဲ့ နေရာများကို သွားရောက်လေ့လာ စူးစမ်း၍လည်းကောင်း၊ ဇီဝဗေဒနှင့် ခန္ဓာဗေဒ အစရှိသော စာအုပ်စာတမ်းများမှ ပုံစံများ ကိုလေ့လာခြင်းဖြင့်လည်းကောင်း သဘာဝတရားမှ ဖန်တီးထားသော သက်ရှိသက်မဲ့အရာဝတ္ထုများမှ ထူးခြားဆန်းသစ်သော ဒီဇိုင်းများပြုလုပ်နိုင်စေကြောင်း။
လေးစားစွာဖြင့်
MMO

Comments