Posts

Design and Ideology _ 1st Newsletter

Image
ဒီဇိုင်း နှင့် အိုင်ဒီယော်လိုဂျီ (Design and Ideology) ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။ ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတ...

Design Ideology Forum

Image
"Design Ideology ဖိုရမ်မှ “24” နာရီ တံခါးဖွင့် ကြိုဆိုနေပါသည်" သိပ္ပံပညာရှင်ကြီးတွေက အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုးဖော်ထုတ်ကြပါတယ် ။ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေ၊ ဒီဇိုင်းပညာရှင်တွေကတော့ သူတို့ပြု ... လုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိတဲ့ သင့်တော်မယ့် သီအိုရီတွေကို စနစ်တကျ အသုံးပြုကြပါတယ်။ Design Ideology ဖိုရမ်ဟာ သီအိုရီ အမျိုးမျိုးအပေါ် ကွဲလွဲချက်တွေနဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ အသုံးပြုမယ့် အခြေအနေအလိုက် လိုအပ်ချက်တွေကို ဆွေးနွေးနိုင်စေရန်။ ဗိသုကာပညာရပ် နှင့် မြို့ပြအင်ဂျင်နီယာပညာရပ်မျ ားဟာ လူသားတစ်ဦးတစ်ယောက်အတွက် လုံခြုံစွာနေထိုင်ဖို့ အကာအရံ တစ်ခုအဖြစ်သာမဟုတ်၊ လူ့ယဉ်ကျေးမှု တစ်ခုလုံးအတွက် ချန်ထားရစ်ခဲ့မယ့် သမိုင်းတစ်ခုအဖြစ် ဘယ်လို အသုံးပြုကြမလဲဆိုတာ အဖြေရှာနိုင်စေရန်။ ဟင်းလင်းပြင်အတွက် ထွက်ပေါ်လာတဲ့ အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စတဲ့ မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိတဲ့ စိတ်ခံစားမှုတွေ အားလုံးအတွက် အဖြေရှာကြည့်နိုင်စေရန်။ ပတ်ဝန်းက...

ဝန်းကျင်ထဲက ဗိသုကာ

Image
ဝန်းကျင်ထဲက ဗိသုကာ (Architecture in Environment) ဒီပိုစ့်မှာ ပထမဆုံးပြောချင်တာက Environment ပတ်ဝန်းကျင်ဆိုတာဘာလဲက စလိုက်ပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ဘာလဲမေးရင် ကိုယ်နေတဲ့နေရာပေါ့ လို့အလွယ်ဖြေမိမယ်ထင်ပါတယ်။ Wiki မှာတော့ Environment အကြောင်းက ို “In general, environment refers to the surroundings of an object.” လို့ဆိုထားပါတယ်။ နောက်ထပ်ပြီး Environment may refer to: * The natural environment, all living and non-living things that occur naturally on Earth * Built environment, constructed surroundings that provide the setting for human activity, ranging from the large-scale civic surroundings to the personal places * Environment (biophysical), the physical and biological factors along with their chemical interactions that affect an organism * Environment (systems), the surroundings of a physical system that may interact with the system by exchanging mass, energy, or other properties * Environmental art * Environmental determinism * Environmental policy * Environmental psychology * Environ...

ကွဲပြားခြားနားမှု (Contrast )

Image
အဖြူတွေကြားမှ အနက်တစ်စက်သည်လည်းကောင်း၊ အနက်တွေကြားမှ အဖြူတစ်စက်သည်လည်းကောင်း၊ သိုးဖြူအုပ်ကြားမှာ သိုးမည်းတစ်ကောင်ပါလာခြင်းသည်လည်းကောင်း၊ သိုးမည်းအုပ်ကြားမှသိုးဖြူ တစ်ကောင်သည်ပါလာခြင်းသည်လည်းကောင်း၊ အများနှင့်မတူ တမူထူးခြားနေခြင်း၏ ထင်ရှားသိသာစေသော၊ အမြင်အာရုံကိုဂရုပြုမိစေနိုင်သော Contrast ၏ ဥပမာ သဘောတရားများပင်ဖြစ်သည်။ ဗိသုကာပညာရပ်၌ Contrast (ကွဲပြားခြားနားမှု)ကို အထူးဂရုပြုစေလိုတဲ့ နေရာတွေမှာ တနည်းပြောရရင် အခြားအရာတွေထက် သိသာထင်ရှားစေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုတတ်ကြပါတယ်။ ဗိသုကာအများစုဟာ Contrast ရဲ့သဘောကို Entry (ဝင်ပေါက်)များ၊ Exit (ထွက်ပေါက်)များ ၊ သီးခြားအခန်းများ သို့မဟုတ် တစုံတရာ အရေးကြီးသော အရာတို့ကို သိသာထင်ရှားအောင် ပြသလိုသောအခါမှာ အသုံးပြုတတ်ကြပါတယ်။ ထင်ရှားတဲ့ ဗိသုကာပညာရှင်ကြီး Frank Lloyd Wright ကို California ပြည်နယ် San Francisco မြို့မှာရှိတဲ့ Morris Shop ငယ်လေးကို ဒီဇိုင်းပြုလုပ်ဖို့ အပ်နှံခြင်းခံရပါတယ်။ သူ့ကို Shop ငယ်လေးတည်ဆောက်မယ့် နေရာ Location ပြတယ်။ နောက် လမ်းအထက်ပိုင်းနှင့် အောက်ပိုင်းမှာရှိနေတဲ့ အခြားစတိုးဆိုင်ကြီးတွေနှင့် အခြားထူးခြားတဲ့ အရာတွေကို ထပ်ပြပေးပ...

ဟန်ချက်ညီခြင်း… (Balance)

Image
အခုတလော ကျနော်စာမရေးဖြစ်တာ အတော်ကြာပါပီ…။ သိုင်းလောကထဲဝင်ပြီး စိန်ခေါ်သံနွှဲလိုက်၊ နဂါးနိုင်ဓားလုလိုက် လုပ်နေခဲ့တာပါ..။ နောက် မထူးပါဘူးဆိုပြီး မိုက်လက်စနဲ့ ဖေ့စဘွတ်က မာဖီးယားဂိုဏ်းထဲဝင်ပြီး Job တွေလုပ်၊ Robbing တွေလုပ်ရင်း မာဖီးယားဂိုဏ်းမှာလည်း အတော်အတန်နေရာ ရလာခဲ့ပါပြီ…။ အဲဒီလိုအလုပ်တွေများနေတော့ ဖိုရမ်လေးကို ပြန်မကြည့်ဘဲ ပစ်ထားခဲ့တာ အတော်ကြာနေပါပြီ…။ ကိုယ်တစ်ယောက်ပဲ ပစ်ထားသလားမှတ်တယ်….။ ညီအကိုမောင်နှစ်မတွေကလည်း စိတ်ချရတယ်ဗျာ…။ တစ်ပို့စ်မှ တတ်မလာကြဘူး…။ အင်း ဒီပုံအတိုင်းဆို တို့ဖိုရမ်လေးတော့ ဟန်ချက်ပျက်တော့မယ်တိုတာ တွေးမိတယ်..။ ဘာလိုလိုနှင့် ဖိုရမ်လည်း တစ်နှစ်ပြည့်ခါနီးလာပါပြီ…။ ကျနော် စလုံးရောက်တာ အခုဆို တစ်နှစ်ပြည့်ပြီးသွားပြီပေါ့…။ ကိုယ်တွေ အကြောင်းကိုလည်း တွေးမိသွားတယ်။ လုပ်စမှာတော့ အားလုံးတက်တက်ကြွကြွပဲ။ ပို့စ်တွေ သူတင်လိုက်၊ ငါတင်လိုက်… အမယ် လန်ထွက်နေအောင် စိတ်ဓာတ်တွေမြူးနေလိုက်ကြတာ။ အတွေးတွေ ပလူပျံနေလိုက်ကြတာ…။ စိတ်ဆိုတာလည်း ခက်သားလား အစမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့လည်း ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံအတိုင်း ကောက်ရိုးမီးလိုဖြစ်သွားကြတာပါ…။ ကိုယ်အပါအဝင်ပါလေ..။ ကိုယ်တိုင်လည်း မြ...

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

Image
မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုဖြစ်နေသည်။ ကျနော့ ပင်ကိုယ် စိတ်ကပင် အလွမ်းကို အားသန်သည်လားမသိပါ...။ တခုခုအကြောင်းရှာပြီး လွမ်းနေချင်တတ်တာ ဝါသနာပါနေသည်။ မိုးလေး အုံ့ရင်လွမ်းသည်။ လေပြေလေး တိုက်ရင်လွမ်းသည် သစ်ရွက်ကလေးတွေ လေအဝှေ့လွင့် ဝဲသွားတာ မြင်ရရင်လည်းလွမ်းတတ်သည်။ ကိုယ့်မွေးရပ်မြေကလည်း ကန်ရေသောက်၊ မြက်ခြောက်စားလို့ အပြောခံရအောင် ခိုးခိုးခေါင်ခေါင်ရှားပါးဒေသမဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ မမေ့နိုင်တာကတော့ အမှန်ပင်။ စိတ်ထဲမှာ အားရပါးရ လွမ်းနေတုန်း ဖုန်းမြည်သံကြောင့် အတွေးတွေပျောက်သွားပြီး ဖုန်းကိုကိုင်လိုက်တော့ ဘော်ဒါကြီး MTZO ပင်။ “အော်.... တတ်လာခဲ့ဗျာ... ငါးထပ်လေ... ကျနော် အပြင်ကထွက်စောင့်နေမယ်... အိုကေနော်...” တံခါးသော့ယူလိုက်ပီး အခန်းထဲက ထွက်ကာ အိမ်တံခါးဖွင့်ပြီး MTZOကို စောင့်နေလိုက်သည်။ “ဘယ်ကလှည့်လာတာလဲဗျ...” “ခင်ဗျားဆီပဲ တမင်ဝင်လာခဲ့တာဗျ...” “အင်းထိုင်အုန်းဗျာ... ကျနော်... အခန်းလေးနည်းနည်းရှင်းလိုက်အုန်းမယ်...” “မိုးလေးနည်းနည်းအုံ့တော့ စိတ်ထဲ လွမ်းချင်သလိုလိုပဲဗျာ...” “အဟုတ်ပဲဗျာ.... ကျနော်လည်း အဲလိုဖြစ်နေတာ... ဘာကိုလွမ်းမ...

ပြာသာဒ်များကို တီးခေါက်ခြင်း

Image
မိုးလေး တစ်စိမ့်စိမ့်ရွာနေသည်မှာ လူကိုချမ်းစိမ့်စိမ့်ဖြစ်နေစေသည်…။ နံနက်စောစောကတည်းက ကိုယ်လက်မအီမသာဖြစ်နေသည်။ မထချင်သဖြင့် အိပ်ယာမှာပေအိပ်နေမိသည်..။ ထိုစဉ်ဖုန်းမှ Ring တုန်းမြည်သံက ကျယ်လောင်စွာထွက်လာသည်..။ စနေအလုပ်ဆင်းရသော မဟေသီဆီမှဖြစ်သည်။ လျှော်ထားသော အဝတ်တွေ မီးပူတိုက်ဖို့ အော်ဒါအောက်နေခြင်းဖြစ်သည်…။ ဟူးးး မထချင်ထချင်ဖြင့်ထရအုန်းမည်…။ ရေချိုးကာ နံနက်စာ မိုင်လိုဖျော်၍ ပေါင်မုန့်ချပ်လေးဖြင့် လွေးလိုက်တော့သည်..။ အဝတ်တွေကို မီးပူတိုက်ရင်း ဘော်ဒါကြီး MMO ကိုမျှော်နေမိသည်။ အိမ်ရှေ့မှ တံခါးခေါက်သကြားလိုက်သဖြင့် စိတ်ထဲ အတော်ရွှင်သွားသည်…။ မီးပူကိုထောင်ထားကာ အိမ်ရှေ့မှတံခါးသွားဖွင့်ပေးလိုက်သည်..။ မိုးရေစိုစွတ်လာသော MMO မှာ အပြေးအလွှား အိမ်ထဲဝင်လာသည်…။ အိမ်ထဲ ရောက်လျှင် အဝတ်ခြောက်များပေးပြီး အဝတ်လဲခိုင်းလိုက်သည်..။ “ဟားဟား ကိုယ့်လူက… မီးပူတွေ ကိုယ်တိုင် တိုက်လို့ပါလား…”ဟုပြုံစစဖြင့်မေးသဖြင့် မျက်နှာရှုံမဲ့ပြလိုက်မိသည်..။ “ဘယ်တတ်နိုင်မလဲ…ဗျာ.. သပ်သပ်ရပ်ရပ်လေး ဝတ်ချင်တော့ တိုက်ရတော့တာပေါ့… ကဲနားအုန်းဗျာ… ကျနော် လက်ကျန်အဝတ်လေးတွေ တိုက်လိုက်အုန်းမယ်…။” ………… ………… “ဘယ်လိုလဲဗျ… မျက်မှောင်ကြီးကုတ်နေပ...