Posts

EDGES ( အစွန်းအနားသတ်များ )

Image
ပုံသဏ္ဍာန် (shapes) တွေနှင့် ပြင်ညီ (planes) တွေရဲ့ အပြင်အနားသတ်တွေကို အစွန်းအနားသတ် (edges) လို့ခေါ်ကြပါတယ်..။ Edges လို့ ပြောတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ အရာဝတ္ထုများစွာရဲ့ ဆက်နွယ်မှုတွေ နားလည်နိုင်ခြင်းကို edges များက အဆုံးအဖြတ် ပေးပါတယ်...။ ကျွမ်းကျင်တဲ့ ဒီဇိုင်နာကောင်းတွေမှသာ အမြင်ဆိုင်ရာ အကျိုးသက်ရောက်မှုမှာ edges များရဲ့ အရေးပါမှုကို နားလည်နိုင်ပါတယ်.။ Edges ... အမျိုးအစားများစွာရှိပါတယ်... lines, contours, value contrast, texture, colour and harmory.... စတာတွေရဲ့ ဆက်သွယ်ချက်တွေကို ဆုံးဖြတ်ရာမှာ edges ကိုနားလည်နိုင်ခြင်းက များစွာ အရေးပါပါတယ်...။ အစွန်းသတ် (edges) နှစ်ခု(သို့မဟုတ်) နှစ်ခုထက်ပိုပြီးတွေ့ဆုံမယ်ဆိုရင် အဲဒီတွေ့ဆုံတဲ့နေရာကို ဖော်ပြဖို့ မျဉ်းတစ်ကြောင်းအနေနဲ့ ပြရပါတယ်..။ အမှန်တကယ် အဲဒီ ဆုံတဲ့နေရာမှာ မျဉ်းအဖြစ် ရှိမနေရင်တောင်မှ အဲဒီလို ဖော်ပြတတ်ပါတယ်။ ပြင်ညီတစ်ခုဟာ ထောင့် (corner) အဖြစ် ချိုးသွားရင်ဖြစ်စေ၊ colour , value သို့မဟုတ် texture ပြောင်းသွားရင်ဖြစ်စေ၊ အခြား ပြင်ညီတစ်ခုနဲ့ တွေ့ဆုံရင်ပဲ ဖြစ်စေ အဲဒီလို edges တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဖောင်းအခုံး များရဲ့ edges ...

အရောင်နှိုင်းယှဉ်ခြင်းဆိုတာ ဘာလဲ?

Image
နှိုင်းယှဉ်ခြင်းဆိုသည့် စကားလုံးကို ရှုထောင့်အမြင်မျိုးစုံ မှ အဓိပါ္ပယ်ဖွင့်ဆိုထားကြပါတယ်။ အဘိဓာန်တွေထဲမှာ အရောင်နှိုင်းယှဉ်ခြင်း ကို မတူညီသော အရာ၀ထ္ထုများ၊ အရောင်များကို ကပ်ညှိထားခြင်း ( အရောင်၊ အသံ၊ ခံစားမှုအနုပညာ၊ ပန်းချီကားတစ်ချပ် ဓာတ်ပုံ ရုပ်မြင်သံကြား တို့ဧ။် အလင်းဆုံးနှင့် အမှောင်ဆုံး အပိုင်းများအကြား ကွာခြားမှု Degree) လို့ ဖွင့်ဆိုထားပါတယ်။ အရာ၀ထ္ထု နှစ်ခု ကိုကွဲပြားစွာ နှိုင်းယှဉ်ရန်အတွက် လူ သို့မဟုတ် အရာ၀ထ္ထု တို့ဧ။် မတူညီသော အရည်အသွေးများကို နေရာချင်းနှိုင်းယှဉ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီပုံမှာ လူအုပ်ရဲ့ အရောင်ဟာ မီးခိုးရောင် အခဲ အပြင်လို ဖြစ်နေတာကြောင့် ဒီအဖြူ ၊ အမဲ ဓာတ်ပုံဟာ အသေးစိတ်ဖတ်နိုင်ဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေ မြင်တွေ့ရတဲ့ နောက်ဆုံးရလဒ်ကတော့ အဖြူ၊ မီးခိုးရင့်ရောင် နဲ့ ရုပ်လုံးမကြွ တဲ့ စိတ်ဝင်စားစရာ မကောင်းသော ပုံတစ်ပုံ ပါပဲ။ နောက်တစ်ပုံ ကိုကြည့်မယ်ဆိုရင်တော့ ဖန်တီးရှင်က ဒီမီးဖိုချောင်ထဲက ရှုပ်ထွေးတဲ့ ဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့ ဘီဒိုတွေကို ပေါ်လွင်စေဖို့ နံရံ နဲ့ ကြမ်းခင်းအတွက် မီးသွေးရင့်ရောင် ကိုသုံးထားပြီး ဘီဒိုတွေကိုတော့ နို့နှစ်ရောင် ခြယ်ပြီး မီးဖို...

CHOICE, ARRANGEMENT, HEART SHOW

Image
Space တစ်ခုအတွင်း ထည့်သွင်းထားတဲ့ element တွေရဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစား၊ အရောင်အသွေး၊ အနုအရွ၊ အကြမ်းအထည်၊ အပျော့အမာ ကွာခြားမှုတွေဟာ design တစ်ခု၏ function အပေါ်မှာ မည်ရွေ့မည်မျှ အကျိုးသက်ရောက်မှု ရှိနေသည်၊ တစ်ချိန်ထဲမှာပင် ထို element များသည် အမြင်အာရုံတွင် aesthetic desires ဟု ဆိုနိုင်သော အနုသုခုမ ပြေပြစ်ညီညွတ်မှုအပေါ်တွင်လည်း မည်ရွေ့မည်မျှ အကျိုးသက်ရောက်မှု ရှိနေသည်ကို ဆက်လက် လေ့လာမိသောအခါ- Element တစ်ခုချင်းစီမှာ shape, form, size, color and texture လို့ ဆိုနိုင်တဲ့ သီးခြား ဝိသေသ လက္ခဏာတွေ ရှိမှာပါ။ သို့ပေမယ့် ထို element များကို ဖွဲ့တည် design လုပ်ယူတဲ့အခါမှာ သူတို့ရဲ့ location and orientation အပေါ်မှာနဲ့ visual weight အပေါ်မှာ မူတည်ပြီး အဆိုပါ element များဟာ space တစ်ခုရဲ့ pattern များကို ပြောင်းလဲစေနိုင်သလို design တစ်ခုရဲ့ ဆွဲဆောင်မှု ရှိခြင်း မရှိခြင်း၊ လက်ခံနိုင်ခြင်း၊ မလက်ခံနိုင်ခြင်းကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်...။ Figure & Ground Relationship အထက်ပါ ပုံကို ကြည့်ရင် ကျွန်တော်တို့မြင်ရတာကို နောက်ခံ အဖြူရောင် background ပေါ်ကနေ အနက်ရောက် မျက်နှာ နှစ်ခုလေလား....။ နောက်ခံ...

“Melody, Feeling & Thinking of LINE"

Image
Space တစ်ခုကို design လုပ်ဖို့ စဉ်းစားသောအခါ- 1) Dot ဆိုတဲ့ အစက်ကလေးများနှင့် လည်းကောင်း 2) Line ဆိုတော့ မျဉ်းအမျိုးမျိုးများနှင့် လည်းကောင်း 3) Shape & Form ဆိုတဲ့ ဖွဲ့စည်းပုံ အမျိုးမျိုးနဲ့လည်းကောင်း Space တစ်ခုကို Design လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်... ကဲ.. ကျွန်တော်တို့အနေနဲ့ Space တစ်ခုကို design မလုပ်ခင်မျာ ဒီ Dot, Line, Shape & Form တွေရဲ့ သဘောသဘာဝကို လေ့လာကြည့်ရအောင်နော်...။ "DOT ဆိုတဲ့ အစက်ကလေးတွေ ဘယ်လိုများ လုပ်ဆောင်ပေးပါသလဲ....." Size of Dot &Thick and Thin Line ဒီပုံလေးကို ကြည့်ရင် Dot လေးတွေရဲ့ ဖွဲ့စည်းပုံအလိုက်၊ သူ့ရဲ့ အထူ အပါး အလိုက်၊ ထားရှိမယ့်နေရာ နေရာ ချမှုအလိုက် design တစ်ခုကို ပြောင်းလဲ ဖြစ်တည်စေနိုင်တာကို တွေ့နိုင်ပါတယ်.. ထို့အတူပဲ ကျွန်တော်တို့ design လုပ်မယ့် space အတွင်းမှာ ကျွန်တော်တို့ ထည့်သွင်းမယ့် element လေးတွေရဲ့ size အလိုက် ပြောင်းလဲ ဖြစ်တည်လာမယ့်အခြေအနေကို ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်...။ Sence of Direction ဒီ ပုံလေးမှာ အစက်ကလေးတွေက ဘာကို ပြဆိုပါသလဲ.... သူရဲ့ size ဆိုတဲ့ အရွယ်အစားအထက် သူတို့တွေရဲ့ စုဖွဲ့မှုဟာ direction ဆိုတဲ့ ...

ကကြီး ခခွေး(သို့)ဗိသုကာ အခြေခံနည်းစနစ်-2

Image
Level 1/ Activity 2 အစီအစဉ်ပြုလုပ်ခြင်း( Order ) အရာဝတ္ထုတွေကို ပုံဏ္ဍာန်အားဖြင့်ဖြစ်စေ၊ အရွယ်အစားအားဖြင့်ဖြစ်စေ၊ အရောင်အားဖြင့် ဖြစ်စေ အစုအဖွဲ ့ တစ်စုတစ်စည်းတည်းအဖြစ် မျဉ်းတစ်ဖြောင့်တည်းအဖြစ်လည်းကောင်း (သို့) စက်ဝိုင်းကဲ့သို့လည်းကောင်း အစီအစဉ်တကျ ထားရှိခြင်းကို (Order) အစီအစဉ်ကျခြင်းလို့ခေါ်ပါတယ်။ 1,2,3,4,5,.... အစရှိတဲ့ နံပါတ်တွေကို အစဉ်လိုက် ရေတွက်ခြင်းကို ကျနော်တို့ အစီအစဉ်ကျတယ်၊ Order ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ 1,2,5,3 စသဖြင့် ပြောင်းလဲ ရေတွက်ပါက အစီအစဉ်မကျတော့ပါဘူး။ ပုံကိုလေ့လာကြည့်လိုက်ပါ။ ဘယ်ပုံဟာ နောက်ဖြစ်လိုနိုင်မယ့် အစီအစဉ်ဖြစ်ပါသလဲ...။ ဒီပုံလေးနှင့် အထက်ပါ ရှင်းလင်းချက်ကနေ (Order) အစီအစဉ်ဆိုတာကို သိနိုင်မယ်လို့ ထင်ပါတယ်။ ဗိသုကာအမြင်မှာ Order အစီ အစဉ် လှပခြင်းဟာ မရှိမဖြစ်အရေးပါ လိုအပ်လှပါတယ်။ ကျနော်တို့ တစ်ယောက်တည်း Order စနစ်ကျအောင်လေ့ကျင့်ချင်တယ်ဆိုရင် ကိုယ်ထိုင်နေတဲ့ စားပွဲပေါ်မှာ ရှိတဲ့ ပစ္စည်းလေးတွေကို စိတ်ကူးအမျိုးမျိုးနှင့် အစီအစဉ်တကျ Order ဖြစ်အောင် ပြုလုပ်လေ့ကျင့်ပေးခြင်းပါပဲ။ အဖန်ဖန်ပြုလုပ်ခြင်းဖြင့် ဆန်းသစ်လှပတဲ့ Order အစီအစဉ်တွေကို အတွေးအမြင် အိုင်ဒီယာတွေ ဖန်တီးတ...

ကကြီး ခခွေး(သို့)ဗိသုကာ အခြေခံနည်းစနစ်

Image
ကျနော်ငယ်ငယ်က ဗိသုကာဆိုတဲ့ စကားလုံးကို အတော်လေး နှစ်သက်သဘောကျခဲ့ပါတယ်။ ဘာမှန်းသေချာမသိပဲ သဘောကျခဲ့တာပါ။ သို့သော်လည်း အကြောင်းမလှတော့ ဗိသုကာဘွဲ့ ကိုတတ်ခွင့်မရခဲ့ပါ။ ကျနော် စိတ်ဝင်စားမှုတွေ ပျောက်သွားတယ် ထင်ခဲ့ပေမဲ့ လုပ်ငန်းခွင်ထဲမှာ အသိတွေရဲ့ ဗိသုကာအမြင်အတွေးတွေက ကျနော့ကိုအားကျ လာစေပါတယ်။ အဲဒီတော့ သူငယ်ချင်းတွေနဲ့ စာအုပ်ဆိုင်တွေ သွားဖြစ်ရင် ဗိသုကာစာအုပ်တွေကို ဝယ်ဖြစ်တတ်တယ်။ နောက်ပိုင်း မဖတ်ဖြစ်တာတောင် အဲဒီစာအုပ်လေးတွေ ကြည့်ပြီး တစ်နေ့နေ့တော့ ဖတ်မှတ်လေ့လာဖြစ်မယ် ဆိုတဲ့ စိတ်ကူးလေးတော့ ရင်ထဲမှာ ကိန်းအောင်းထားပါတယ်။ ကျနော်ခုနောက်ပိုင်း ဖတ်ဖြစ်တော့ ပိုစိတ်ဝင်စားဖို့ကောင်းလာလို့ ပိုလေ့လာဖြစ်ပါတော့တယ်။ ကျနော့အနေဖြင့် စနစ်တကျ သင်ကြားခွင့်ရတာ မဟုတ်တော့ ခုလိုရေးသားရင်း ကိုယ်တိုင်လည်း ပြန်လည်လေ့လာနေခြင်းပါ။ အကယ်၍အမှား အယွင်းပါရှိခဲ့ရင် ပြုပြင်ဆွေးနွေး အကြံပေးကြပါခင်ဗျာ။ အခု ဒီခေါင်းစဉ်လေးအောက်မှာ Architectural is Elementary ဆိုတဲ့စာအုပ်ထဲက ဗိသုကာဆိုင်ရာ အခြေခံ အယူအဆလေးတွေ စိတ်ဝင်စားသူတွေ လေ့လာနိုင်အောင် ဖော်ပြချင်ပါတယ်ခင်ဗျာ။ စာအုပ်ကို Nathan B.Winters ရေးထားပါတယ်။ ဒီစာအုပ်မှာ ဗိသုကာ အတွေး အမြင...

စကားပြောသော မျဉ်းကြောင်းလေးများ

Image
စကားပြောသော မျဉ်းကြောင်းလေးများ ကျွန်တော့ဆရာတယောက်ကစကားတခွန်းပြောဖူးပါတယ် "သန့်ဇင် ကိုယ်ဆွဲလိုက်တဲ့ မျဉ်းတကြောင်းဟာ တည်ဆောက်တဲ့နေရာမှာ ခက်ခဲနိုင်သလို အဲဒီမျဉ်းတကြောင်းခြင်းစီမှာ အဓိပ္ပါယ်တမျိုးစီရှိတယ်။ အဲဒီမျဉ်းတကြောင်း စီမှာရှိတဲ့ နေရာအသီးသီးဟာ လူ့ရဲ့ ခံစားမှုအာရုံကြောင့် သရုပ်လက္ခဏာ တနည်းအားဖြင့် ခံစားမှု ဖြစ်ပေါ်လာတယ်" တဲ့။ ကျွန်တော်တို့ မျဉ်းတကြောင်းစီရဲ့ အဓိပ္ပါယ််တခုချင်းကို မစဉ်းစားခင် မျဉ်းဆိုတာကို အရင်စဉ်းစားကြည့်ရအောင်လားဗျာ။ မျဉ်းဆိုတာက ဟင်းလင်းပြင်မှာရှိတဲ့ အမှတ်နှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတခုပါပဲ။ အဲဒီမျဉ်းတွေဟာ အကြမ်းအားဖြင့် တည်နေပုံ လေးမျိုးရှိကြတယ်။ ၁/ အလျားလိုက်တည်နေခြင်း (Horizontal Direction) ၂/ ဒေါင်လိုက်တည်နေခြင်း (Vertical Direction) ၃/ ဝဲဖက်သို့ ယိုင်၍ တည်နေခြင်း (Left Oblique) နဲ့ ၄/ယာဖက်သို့ ယိုင်၍ တည်နေခြင်း (Right Oblique) တို့ပဲ ဖြစ်ပါတယ်။ အဲဒီလေးမျိုးမှာမှ အခြေခံအားဖြင့် မျဉ်းနှစ်မျိုး ထပ်ပြီးခွဲနိုင်တယ်။ ၁/ မျဉ်းဖြောင့် (Straight Line) နဲ့ ၂/ မျဉ်းကောက် (Curve Line) တို့ပဲ ဖြစ်ပါတယ်။ မျဉ်းကြောင်းတွေဟာ အလွန်ရှင်းလင်းတိကျတဲ့ အကျိုးသက်ရေ...