Posts

ရွက်လွှင့်သူများ

Image
ကျနော် ငယ်ငယ်က ဇော်ဝင်းထွဋ်ဆိုထားတဲ့ “ရွက်လွှင့်ခြင်း” ဆိုတဲ့ သီချင်းကို အရမ်းသဘောကျခဲ့ပါတယ်။ ဘာကြောင့်မှန်းတော့ သေချာမသိပါ။ ရွက်လွှင့်ခြင်းဆိုတဲ့ စကားကို စွဲစွဲမြဲမြဲနှစ်သက်နေခဲတာတော့ အမှန်ပါ။ ဘာအကြောင်းကြောင့် ဖြစ်ဖြစ်ကျနော်ခုအချိန်မှာ ရွက်လွှင့်နေခဲ့ပါတယ်။ ဘယ်အချိန်ဘယ်သောင်ကပ်မည် မသိပေမဲ့ အမိမြေကမ်းခြေကို အမြဲလွမ်းတတ်တဲ့ စိတ်ကတော့ အစဉ်လို ကိန်းအောင်းနေခဲ့ပါတယ်။ အခုဆို ကျနော့်လိုရွက်လွှင့်နေကြတဲ့ ညီအကိုမောင်နှမတွေပေါင်းဆုံထားတဲ့ ဒီဖန်းတီးမှုရပ်ဝန်းလေးမှာ ပူးပေါင်းတွေ့ဆုံခွင့်ရ နေပါတယ်။ အားလုံးရဲ့ စိတ်တွေမှာ အသိဖလှယ်ချင်တာတွေနဲ့ တတ်ကြွနေတာတွေ့တော့ ကျနော့ရဲ့ လျော့ရိလျော့ရဲ စိတ်ကလေးတွေ ပြန်တင်းလာမိသလိုပါ။ အကုန်လုံးမှာ အသိတွေများစွာနဲ့ ဝင်းလက်နေတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားကြတယ်လေ။ ကျနော့ရဲ့ မှုန်းဝါးဝါး မျက်ဝန်းတွေတောင် သူတို့တွေရဲ့ ရောင်ပြန်ကြောင့် ကြည်လင်လာသလို ခံစားရပါတယ်။ ကျနော့ အသိတွေ ပွင့်လန်းလာမယ်ဆိုတာကိုလည်း တဖြည်းဖြည်း ပိုမိုယုံကြည်လာမိတယ်။ “မိမိကိုယ်ကိုသာ ကိုးကွယ်အားထားရာ” ဆိုပေမဲ့ “ မိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်းဆိုတာ မရှိမဖြစ်လိုအပ်တယ်” ဆိုတာကို လက်တွေ့သိခွင့်ရသလိုပါ။ ဆရာ ...

အခြေခံကောင်းမှ သည် အနာဂါတ်လမ်းဆီသို့

'သမုဒ္ဒရာ ၊ ဝမ်းတထွာ' တဲ့ ဆိုရိုးစကား ကြားဖူးကြမှာပါ။ ပညာအရည်အချင်း နိမ့်မြင့် မဟူ လူတန်းစားအလွှာ အသီးသီးက မိမိတို့ စား၊ ဝတ်၊ နေ ရေး အတွက် မိမိတို့ နဲ့ အပ်စပ်သည့် အလုပ်အကိုင်၊ တတ်ကျွမ်း သည့် ပညာရပ်များပေါ် အခြေခံကာ ကျရာအပိုင်းလိုက် ဘဝဇတ်ခုံပေါ် လှုပ်ရှားပါဝင် ကပြနေကြရပါတယ်။ အဲဒီထဲမှာ nml လဲ တယောက် အပါအဝင်ပေါ့။ အထူးသဖြင့် အင်ဂျင်နီယာ အပိုင်း လေးကို တဆိတ်လောက် ဆွေးနွေးချင်ပါတယ်။ ဆရာဝန် တယောက် ဟာသူ့ရဲ့ လူနာကို ရောဂါနဲ့ မအပ်စပ်တဲ့ဆေး မှားပေးမိရင် ထိုလူနာရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ သို့ကလို ပဲ အင်ဂျင်နှီယာ တစ်ယောက် ဟာ မိမိနဲ့ ပါတ်သက် တဲ့ အလုပ်ပေါ်စိတ်ဝင်တစားနဲ့ စေ့စပ်သေချာစွာ စဉ်းစား လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် မြို့ပြ အင်ဂျင်နီယာတယောက် ကသူ လက်ခံ ထားတဲ့ အဆောက် အဦး ကို soil testing လုပ်ပြီးမှ အောက်ခြေ foundation ကို စတည်ရမှာ ဖြစ်ပါတယ်။ သို့မဟုတ်လျှင် အထပ်မြင့်အဆောက်အဦ တွေ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လူတဦးတယောက် ထက် မက နစ်နာ ဆုံးရှုံး မှု တွေကြုံ ကြ ရမှာ ဖြစ်ပါတယ်။ အရည်အချင်း ပြည့်၀တဲ့ အင်ဂျင်နီယာ ကောင်းတယောက် ဖြစ်ပေါ်လာဖို့ အတွက် မူရင်း အခြေခံ မှ စ...

မေမေပြောပြတဲ့ Management အကြောင်း

Image
အခုခေတ်နောက်ပိုင်းမှာ Management ဆိုတာ တော်တော်ကိုရေးပန်းစား လူသုံးများတဲ့ စကားလုံးဖြစ်လာတာ ကိုတွေ့ရပါတယ်။ တကယ်တော့လည်း စီမံခန့်ခွဲမှုဆိုတာ နေရာတိုင်းမှာ လိုအပ်သလို နေရာတိုင်းမှာ ရှိနေပါတယ်ပါတယ်။ ကျမတို့တွေဟာ မွေးဖွားလာချိန်ကတည်းကစပြီး အမေ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကြီးပြင်းလာကျရတယ်လို့ ‌ပြောရင် မှားမယ်လို့ မထင်ပါဘူးနော်.... Management ကို ပညာရှင်ကြီးများက အဓိပွာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျသလို ဆောင်းပါတွေ စာတမ်းတွေ စာအုပ်တွေ အမျိုးမျိုးထုတ်‌ဝေ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ Management အကြောင်းရေးသားထားကို ဘယ်လိုပုံစံနဲ့ပဲရေးရေး ဖတ်လို့ကောင်းသလို ပညာဗဟုသုတလည်း အများကြီးရပါတယ်။ ကျမကို ကိုသန့်ဇင်ဦးက Management အကြောင်းရေးပေးပါတဲ့ …ကျမတော်တော်လေးစိတ်ညစ်သွားတယ်၊ တကယ့်ပညာရှင်ကြီးတွေ ပုံစံအမျိုးမျိုးနဲ့ရေးသားနေကျတဲ့ Management ကို ကျမလို မိုးလင်းက နေမိုးချုပ် အလုပ်ထဲမှာပဲနစ်မြှပ်ပြီး ဘာစာပေဗဟုသုတမှလဲမရှိ စာဖတ်ချိန်လည်းမရှိ ကိုးကားစရာ စာအုပ်တွေကလည်း အဆင်သင့်မရှိ ၊ ရှာဖွေချိန်လည်းမရှိ၊ ရှိခဲ့ရင်တောင်မှလည်း ကျမလိုမဖြစ်ညစ်ကျယ် ညဏ်ကလေးနဲ့ဒီလို Management အကြောင်းကို ဘယ်လိုရေးလို့ ရမလဲနော်...ကိုသန...

ပါကြီးပြောမိတဲ့ light အကြောင်း-1

Image
ဒီနေ့ခေတ်မှာ...exterior ပဲဖြစ်ဖြစ်..interior ပဲဖြစ်ဖြစ်..မပါမဖြစ်..မျိုးစုံအောင်ပါတာက Light ပါ..အဲဒီ light တွေထဲက Natural light source နေ နဲ့ Skylight , နောက်..artificial light တွေ..များလွန်းလို့..သိတောင်မသိသလိုဖြစ်နေပြီ... ဒါနဲ့ပဲLight နဲ့ပတ်သတ်ပြီး..အတွေ့အကြုံလေးတွေနဲ့ပေါင်းစပ်ပြီး...သိချင်လို့ ဖတ်လိုက်တာ.. စာအုပ် ၂ အုပ် ၃ အုပ်လောက်ပေါင်းမှ..ရေးရေးလေးသိလာလို့..ရေးမလားလို့ပြောကြည့်တာ.. ရေးရေလေးပဲ သိတာဆိုတော့ ဖတ်တဲ့သူတွေအတွက်..အသိမှားတွေ..ဖြစ်သွားနိုင်ပါတယ်.. အမြည်းအနေနဲ့က ..lighting units တွေပေါ့ဗျာ...candela, Lumen , Footcandle , footlambert တွေရဲ ့ ..defination တွေကို ရှင်းလင်းခြင်းပေါ့... ကျွနိတော် light အကြောင်းမပြောခင်မှာ..အသိမှားခဲ့တာလေးတွေက စပြောပါ့မယ်။ ..ဒီလိုပါ..အရင်က ကျွန်တော်တို့..မီးထွန်းဖို့ဆို..ဝပ်၄၀ မီးချောင်းတစ်ချောင်းတို့.. ၆၀ ဝပ်မီးသီးတစ်လုံးတို့ဆိုပြီးပြောခဲ့ ဝယ်ခဲ့ကြတယ်...ရေးရေးလေးတော့စဉ်းစားကြည့်ဘူးတယ်. .ဥပမာ..ဝပ်၆၀ ရှိတဲ့မီးသီးက ဝပ်၄၀ ၄ပေမီးချောင်းလောက်ဘာလို့ မလင်းတာမျိုးပေါ့နော်...ကျွန်တော်လဲ design တွေ project တွေလုပ်ခဲ့တာမနည်းပါဘူး... ဒီလိုပဲ အဲဒီအသိနဲ့လုပ်လာခ...

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-3

Image
ထိန်းသိမ်းစောင့်ရှောက်ခြင်း နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။ အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။ ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိ...

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-2

Image
မြေဆီလွှာ ပြင်ဆင်ခြင်း နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(ဓာတ်မြေသြဇာ) တွေများစွာ ပါဝင်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်၀နေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။ နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓာတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓာတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့ ဓာတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓာတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။) သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကေ...

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-1

Image
မြေခင်းအလှပညာမှာ ပန်းပင်သစ်ပင်တွေစိုက်ပျိုးခြင်းက အထူးပင်အရေးကြီးလှပါတယ်။ အလှပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ရနံ့၊ အဆင်းတို့ ရောနှောခံစားခွင့် ရရှိပါတယ်။ လတ်ဆက်သောလေ နှင့်အတူ သင်းပျံ့တဲ့ ပန်းရနံ့တွေက ထိုနေရာရောက်လာသူကို ကြည်လင်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေထဲမှာ ရိုစီ(Roses) လို့ခေါ်တဲ့ နှင်းဆီပန်းပင် စိုက်ပျိုးနည်းအကြောင်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော့ရဲ့ စာတွေ့အသိနှင့်သာပြောပြနိုင်မှာပါ။ လက်တွေ့ စိုက်ပျိုးဖူးတဲ့သူတွေ၊ ဥယျာဉ်မှူးတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ နောက်... ကျနော့ထက် လေ့လာဖတ်ရှုအားကောင်းတဲ့သူတွေ ဒီစာလေးဖတ်ပြီး လိုအပ်တာ၊ မှားယွင်းတာများရှိရင် ပြင်ဆင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ အသိအနည်းငယ်ကို မျှဝေခြင်းမို့ မပြည့်စုံဘူး ဆိုတာကိုလည်း ကြိုတင်ပြောကြားထားပါရစေခင်ဗျာ။ ပန်းအလှများစွာထဲမှာ အထင်ရှားဆုံးလူသိအများဆုံးဟာ နှင်းဆီပန်းဆိုရင် လက်ခံနိုင်မယ်ထင်ပါတယ်နော်။ နှင်းဆီပန်းကို မနှစ်သက်သူများလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လှပတဲ့ အဆင်းနှင့် သင်းပျံ့စူးရှစွဲဆောင်အားကောင်းလှတဲ့ မွှေးရနံ့ကတော့ လူအတော်များများကို အရူးအမူး အသဲခိုက်စေတာပါ။ အဲဒီ...