Posts

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-3

Image
ထိန်းသိမ်းစောင့်ရှောက်ခြင်း နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။ အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။ ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိ...

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-2

Image
မြေဆီလွှာ ပြင်ဆင်ခြင်း နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(ဓာတ်မြေသြဇာ) တွေများစွာ ပါဝင်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်၀နေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။ နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓာတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓာတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့ ဓာတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓာတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။) သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကေ...

တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-1

Image
မြေခင်းအလှပညာမှာ ပန်းပင်သစ်ပင်တွေစိုက်ပျိုးခြင်းက အထူးပင်အရေးကြီးလှပါတယ်။ အလှပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ရနံ့၊ အဆင်းတို့ ရောနှောခံစားခွင့် ရရှိပါတယ်။ လတ်ဆက်သောလေ နှင့်အတူ သင်းပျံ့တဲ့ ပန်းရနံ့တွေက ထိုနေရာရောက်လာသူကို ကြည်လင်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေထဲမှာ ရိုစီ(Roses) လို့ခေါ်တဲ့ နှင်းဆီပန်းပင် စိုက်ပျိုးနည်းအကြောင်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော့ရဲ့ စာတွေ့အသိနှင့်သာပြောပြနိုင်မှာပါ။ လက်တွေ့ စိုက်ပျိုးဖူးတဲ့သူတွေ၊ ဥယျာဉ်မှူးတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ နောက်... ကျနော့ထက် လေ့လာဖတ်ရှုအားကောင်းတဲ့သူတွေ ဒီစာလေးဖတ်ပြီး လိုအပ်တာ၊ မှားယွင်းတာများရှိရင် ပြင်ဆင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ အသိအနည်းငယ်ကို မျှဝေခြင်းမို့ မပြည့်စုံဘူး ဆိုတာကိုလည်း ကြိုတင်ပြောကြားထားပါရစေခင်ဗျာ။ ပန်းအလှများစွာထဲမှာ အထင်ရှားဆုံးလူသိအများဆုံးဟာ နှင်းဆီပန်းဆိုရင် လက်ခံနိုင်မယ်ထင်ပါတယ်နော်။ နှင်းဆီပန်းကို မနှစ်သက်သူများလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လှပတဲ့ အဆင်းနှင့် သင်းပျံ့စူးရှစွဲဆောင်အားကောင်းလှတဲ့ မွှေးရနံ့ကတော့ လူအတော်များများကို အရူးအမူး အသဲခိုက်စေတာပါ။ အဲဒီ...

ခေါင်းဆောင်မှု

Image
၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညှွန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။ ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသောအချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားရှိကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသောပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူ...

စီမံခန့်ခွဲမှုပညာ

Image
Designer တစ်ယောက်ဟာ Design ပညာကိုတတ်မြောက်ရုံနဲ ့မလုံလောက်ပါဘူး။ စီမံခန့်ခွဲမှုဆိုတဲ့ Management အတတ်ပညာကိုလဲ တတ်မြောက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ Management ကိုမသိဘူ၊ နားမလည်ဘူး ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းခွင်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Management ဆိုတာဘာလဲ?? ဘာတွေကိုစီမံခန့်ခွဲမှာလဲ?? လေ့လာကြည့်ကျရအောင်နော်။ စီမံခန့်ခွဲမှုဆိုသည်မှာ လုပ်ငန်းတစ်ခုအတွက် လိုအပ်သော အင်အားစုပေါင်းစုံကို စုပေါင်းပြီ လျှင် လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းကို အသုံးပြုနိုင်အောင် ဦးဆောင်မှု ပေးခြင်းပင်ဖြစ်ပါသည်။ စီမံခန့်ခွဲရာ၌ အရေးကြီးသောအချက်မှာ ဦးဆောင်မှုပေးခြင်းပင်ဖြစ်သည်။ မိမိလက်အောက်ရှိ ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မှသာလျှင် စီမံခန့်ခွဲမှုပြုလုပ်သည်မည်ပါသည်။ မိမိကိုယ်တိုင်ပြုလုပ်ချက်များကို ဂရုစိုက်ခြင်းသည် စီမံခန့်ခွဲမှု မမည်ပေ။ စီမံခန့်ခွဲမှု ပါရဂူအချို့၏ အဓိပါယ်ဖော်ပြချက် အချို့ကိုကောက်နှုတ်တင်ပြရမည် ဆိုလျှင်- (၁) စီမံခန့်ခွဲမှုဆိုသည်မှာ တိကျစွာ သိရှိသဘောပေါက်သော ရည်မှန်းချက်ပန်းတိုင်သို့့ သက်ရှိသက်မဲ့ အင်အားစု...

စေ့စပ်ညှိနှိုင်းခြင်းပညာ

Image
ဒီဇိုင်နာ တစ်ယောက်ဟာ စေ့စပ်ညှိနှိုင်းခြင်းပညာ ကိုလည်းတတ်မြောက် ရပါမယ်။ ဒါမှလည်း အလုပ်အပ်သူနှင့် ကန်ထရိုက်တာ ကြားတွင် စေစပ်ညှိုနှိုင်းရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် အကောင်းဆုံး လုပ်ဆောင်နို်င်မှာ ဖြစ်ပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဟာ အလုပ်အပ်သူနှင့် ကန်ထရိုက်တာတို့အကြား စေ့စပ်ပေးရသော ညှိုနှိုင်းသူတစ်ယောက်လို့ ပြောမည်ဆို်လျှင်လည်း မှားမည် မဟုတ်ပါ။ ဤပို့စ် ဖြစ်မြောက်အောင် အစစအရာရာ အကူအညီပေးသော ညီမငယ် TDA အား အထူုးကျေးဇူးတင်ပါသည်။ Negotiation ခေါ်ဆိုသည့် စေစပ်ညှိနှိုင်း ပညာရပ်သည် လူ့ူဘောင် အဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှကျင့်သုံးနေရသော ပညာရပ်ဖြစ်ပါသည်။ လွယ်ကူမှုများရှိသကဲ့သို့ ခက်ခဲခြင်း၊ နက်နဲခြင်းများစွာလည်း ရှိပါသည်။ ဤစကားရပ်နှင့်စပ်လျဉ်း၍ ရေးသားထုတ်ဝေထားသော စာအုပ်အများအပြားရှိသည်။ အသုံးတည့်သည့် စာအုပ်၊ အသုံးဝင်သည့် အချက်များစွာတိို့ကို တွေ့ရှိရသကဲ့သို့ မြန်မာတို့အသုံးမလိုတော့သည် အချက်များစွာတို့ကိုလည်း တွေ့ရသည်။ စေ့စပ်ညှိနှိုင်းခြင်း မည့်သည်ဆက်သွယ်မှုကို အမှီသဟဲပြုရပါသည်။ ပုဂ္ဂိုလ်များ အကြားဖြစ်ပေါ်သော ကိစ္စမျိုးဖြစ်သည်။ ပုဂ္ဂိုလ်များသည် သူတို့နှင့်ဆက်ဆိုင်သော ကိစ္စ (သို့မဟုတ်) စုပေ...

ဖန်တီးမှု ရပ်ဝန်းဒေသ

Image
နည်းပညာခေတ်ကြီးတွင် ကျတော်တို့အားလုံးဟာ နည်းပညာတွေကို ဆာလောင် ငတ်မွတ်ခဲ့ကြပါတယ်။ နည်းပညာ ဆာလောင်မှုဖြင့် ကျတော်တို့အမျိုးမျိုး ကြိုးစား ရုန်းကန်ခဲ့နေကြတာ၊ လေ့လာရှာဖွေ ဆည်းပူးမှုတွေဟာ ရပ်တန့်လို့ မရနိုင်သေးပါဘူး။ တတ်ကျွမ်းသော အသိပညာရှင်၊ အတတ်ပညာရှင်များ ထံမှလည်း ဆက်လက် ဆွေးနွေး လေ့လာဆည်းပူးဆဲ ဖြစ်ပါသည်။ အတတ်ပညာ ဆိုတာ သမုဒ္ဒရာရေကဲ့သို့ မကုန်နိုင် မခန်းနိုင်သလို၊ လေ့လာဆည်းပူး မဆုံးပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျတော်တို့ရဲ့ ကြိုးစားမှု အသီးအပွင့်များကို ကျတော်တို့လို လေ့လာသင်ယူလိုသော၊ သိရှိသော အသိပညာကို မျှဝေဖြန့်ဖြူးလိုသော လူငယ်များ အတွက် ဖန်တီးမှု ရပ်ဝန်းဒေသလေးတစ်ခုကို ကျတော်တို့ သူငယ်ချင်း အပေါင်းအသင်း မောင်နှမတွေ ကြိုးစား တည်ထောင် အသက်သွင်းခဲ့ ကြပါတယ်။ နေ့စဉ်နှင့်အမျှ အသစ်သစ် ထပ်မံထွက်ပေါ်လာသော ဆော့စ်ဝဲများ၊ အဆောက်အဦးဆိုင်ရာ နည်းပညာများကို သိမြင်တတ်စွမ်းသမျှ ကျတော်တို့ လေ့လာမိသလောက် မျှဝေခြင်းဖြစ်ပါသည်။ ထိုရပ်ဝန်းလေးတွင် စိတ်ပါဝင်စားသူ လူငယ်လူရွယ်အားလုံး မိမိတို့ သိရှိထားသမျှ နည်းပညာများကို ဖလှယ်ရန် www.creativespace.info မှ ခင်မင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။