ထပ်တလဲလဲ ပြုလုပ်ခြင်း
ထပ်တလဲလဲ ပြုလုပ်ခြင်း (Repetition) Repetition လုပ်ခြင်းကို ကျနော်တို့တွေ အတော်များများ တွေ့ဖူးကြမှာပါ...။ အဆောက်အအုံ planning တွေလုပ်ရာမှာလည်း ရံဖန်ရံခါပြုလုပ်တတ်ကြပါတယ်...။ အထပ်ထပ်ကြိမ်ဖန်လုပ်ခြင်း Repetition ဆိုတာ ကျနော်တို့တွေ တစ်စုံတစ်ခုကို ထပ်တလဲလဲ အသုံးပြုနေတာကို Repetition လို့ခေါ်တာပါ...။ Repetition ဟာ ဗိသုကာပညာမှာ အများဆုံးအသုံးပြုဖြစ်တဲ့ စည်းမျဉ်းတစ်ခုပါ..။ Repetition ပြုလုပ်ရာမှာ အရာဝတ္ထုပစ္စည်း အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး Repeate လုပ်နိုင်ပါတယ်...။ size, shape, space, colour, texture နှင့် value စတဲ့ အရာတွေကို တူညီသော အရေအတွက်၊ အရောင်အဆင်း၊ အရွယ်အစား၊ ပုံသဏ္ဍာန် စသည်ဖြင့် အကြိမ်ကြိမ် ထပ်တလဲလဲ အသုံးပြုပေးခြင်းဖြင့် Repetition ပြုလုပ်ပေးနိုင်ပါတယ်...။ ဗိသုကာတွေဟာ သူတို့တည်ဆောက်တဲ့ အဆောက်အအုံတွေမှာ တံခါးများ၊ ပြူတင်းပေါက်များ၊ ထုတ်တန်းများ၊ တိုင်းလုံးများ၊ ဖောင်းကြွများ၊ ဂုံးကျော်များ၊ ပေါင်းမိုးများ၊ မုခ်ဝများ စတဲ့ အစိတ်အပိုင်းတွေကို အကွာအဝေးညီညီထားခြင်း၊ အရွယ်အစားညီညီထားခြင်းဖြင့် Repetition ကိုပုံဖော်ကြပါတယ်...။ Repetition ကို ဂီတတွေမှာ ထင်ထင်ရှားရှားနားဆင်နိုင်ပါတယ်....