ရွက်လွှင့်သူများ
ကျနော် ငယ်ငယ်က ဇော်ဝင်းထွဋ်ဆိုထားတဲ့ “ရွက်လွှင့်ခြင်း” ဆိုတဲ့ သီချင်းကို အရမ်းသဘောကျခဲ့ပါတယ်။ ဘာကြောင့်မှန်းတော့ သေချာမသိပါ။ ရွက်လွှင့်ခြင်းဆိုတဲ့ စကားကို စွဲစွဲမြဲမြဲနှစ်သက်နေခဲတာတော့ အမှန်ပါ။ ဘာအကြောင်းကြောင့် ဖြစ်ဖြစ်ကျနော်ခုအချိန်မှာ ရွက်လွှင့်နေခဲ့ပါတယ်။ ဘယ်အချိန်ဘယ်သောင်ကပ်မည် မသိပေမဲ့ အမိမြေကမ်းခြေကို အမြဲလွမ်းတတ်တဲ့ စိတ်ကတော့ အစဉ်လို ကိန်းအောင်းနေခဲ့ပါတယ်။ အခုဆို ကျနော့်လိုရွက်လွှင့်နေကြတဲ့ ညီအကိုမောင်နှမတွေပေါင်းဆုံထားတဲ့ ဒီဖန်းတီးမှုရပ်ဝန်းလေးမှာ ပူးပေါင်းတွေ့ဆုံခွင့်ရ နေပါတယ်။ အားလုံးရဲ့ စိတ်တွေမှာ အသိဖလှယ်ချင်တာတွေနဲ့ တတ်ကြွနေတာတွေ့တော့ ကျနော့ရဲ့ လျော့ရိလျော့ရဲ စိတ်ကလေးတွေ ပြန်တင်းလာမိသလိုပါ။ အကုန်လုံးမှာ အသိတွေများစွာနဲ့ ဝင်းလက်နေတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားကြတယ်လေ။ ကျနော့ရဲ့ မှုန်းဝါးဝါး မျက်ဝန်းတွေတောင် သူတို့တွေရဲ့ ရောင်ပြန်ကြောင့် ကြည်လင်လာသလို ခံစားရပါတယ်။ ကျနော့ အသိတွေ ပွင့်လန်းလာမယ်ဆိုတာကိုလည်း တဖြည်းဖြည်း ပိုမိုယုံကြည်လာမိတယ်။ “မိမိကိုယ်ကိုသာ ကိုးကွယ်အားထားရာ” ဆိုပေမဲ့ “ မိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်းဆိုတာ မရှိမဖြစ်လိုအပ်တယ်” ဆိုတာကို လက်တွေ့သိခွင့်ရသလိုပါ။ ဆရာ ...